By Kumudra, Shweproperty.com
Updated at 24 June 2018
လိုင်စင်မြေနဲ့ ပါမစ်မြေကွဲပြားခြားနားတဲ့ အချက် အလက်တွေရှိကြောင်း သိရပါ တယ်။
လိုင်စင်မြေ
အစိုးရက စီမံချထားနိုင်တဲ့ မြေတွေကို အောက်မြန်မာပြည်မြို့နဲ့ ကျေးရွာမြေများ အက်ဥပဒေပုဒ်မ ၁၆ (ခ) အရ အခွန်တော်အ ရာရှိက ခေတ္တယာယီသဘော လိုင် စင်ထုတ်ပေးနိုင်ခွင့်ရှိကြောင်း သိရ ပါတယ်။
မြေငှားဂရန်မှာ ပစ္စည်းလွှဲ ပြောင်းပေးပိုင်ခွင့်သဘောပါရှိပြီး လိုင်စင်မှာမူ ပစ္စည်းလွှဲပြောင်းပေး ပိုင်ခွင့်မရှိဘဲ ခေတ္တအသုံးပြုခွင့် သက်သက် မျှပေးထားကြောင်း သိ ရပါတယ်။ လိုင်စင်ထုတ်ပေးထား တဲ့ မြေကို နှစ်တိုနှစ်ရှည်ဂရန်ရရှိ ဖို့ လျှောက်ထားတဲ့အခါ လိုင်စင်ရ ပြီး ဖြစ်ပြီး မြေငှားစာချုပ်ထုတ်ပေး မယ်လို့ ပြဋ္ဌာန်းချက်မရှိကြောင်း သိရပါတယ်။ ဥပဒေကပေးထားတဲ့ အခွင့်အရေးကိုသာ လိုင်စင်သမား က ရရှိနိုင်ပြီး လိုင်စင်ပါ အခွင့်အရေး ထက်ပိုပြီး တောင်းပိုင်ခွင့် မရှိကြောင်း သိရပါတယ်။
ပါမစ်မြေ
ပါမစ်မြေက ဂရန် ဒါမှမဟုတ် လိုင်စင်မလျှောက်ထားမချင်း ကျူးကျော်သာဖြစ်ပြီး မြေကွက်မှာသတ်မှတ်ကာလအတွင်း အိမ်မဆောက်ရင် အလိုအလျောက်ပြန်အသိမ်းခံရတဲ့ မြေအမျိုးအစားဖြစ်ကြောင်း သိရပါတယ်။
ပါမစ်မြေက မြေနေရာ ချထား ပေးတဲ့ အမိန့်သာဖြစ်ပြီး တရားဝင် မြေအသုံးပြုခွင့်အမိန့်၊ မြေပိုင်ဆိုင် ခွင့်အမိန့်မဟုတ်ကြောင်း သိရ ပါတယ်။ မြို့မြေအတွင်း မြေပိုင်ဆိုင်ခွင့်၊ နေထိုင်ခွင့်နဲ့ပတ်သက် ပြီး ၁၈၉၈ ခုနှစ်အောက်မြန်မာ ပြည်မြို့နဲ့ ကျေးရွာမြေများအက် ဥပဒေအခန်း -၂၊ ပုဒ်မ -၇ ၊ ပုဒ်မ - ၈ နဲ့ ပုဒ်မ - ၁၆ တို့အရ သတ်မှတ် ထားရာမှာ ပါမစ်မြေဖော်ပြထား ခြင်း မတွေ့ကြောင်း သိရပါတယ်။
အစိုးရမြေကို အသုံးပြုနိုင်ဖို့ သတ်မှတ်ကာလတစ်ခုအတွက် မြေငှားရမ်းသုံးစွဲခွင့်ရရေးအတွက် ဂရန်စာချုပ်ငှားရမ်းရပြီး အစိုးရ ကိုယ်စားမြေနဲ့ ကျေးရွာမြေတွေကို အက်ဥပဒေပါ အမိန့်ကြော်ငြာစာတွေအရ ခန့်အပ်တာဝန်ပေးထား တဲ့ အခွန်တော်အရာရှိနဲ့ မြေအသုံး ပြုမယ့်ကာယကံရှင်အကြား လက်မှတ်ရေးထိုးချုပ်ဆိုထားတဲ့ မြေငှား ရမ်းသုံးစ∑ဲခ∑င့်ဂရန်စာချုပ်၊ အငှားစာချုပ် လိုအပ်ကြောင်း သိရပါတယ်။
ပါမစ်မြေက ဂရန်အဆင့် မ ဟုတ်ဘဲ ပါမစ်ရသူသာ မြေကွက် မှာနေထိုင်တယ်လို့ ချထား ခံရသူ ဖြစ်ပြီး အစိုးရမြေကို တရားဝင် သုံးစွဲခွင့်မရှိသေးဘူးလို့ သိရပါ တယ်။
လိုင်စင်က မြေကို ခေတ္တအသုံးပြုခွင့် သုံးနှစ်ပါရှိသေးတဲ့ အတွက် ပါမစ်မြေက လိုင်စင်လောက် အာနိ သင်မရှိကြောင်း၊ပါမစ်မြေနဲ့ချထားရာမှာ သတ်မှတ်ကာလအတွင်း ချထားမြေကွက်ကို အဆောက်အအုံ မဆောက်ရင် မြေ ချထားမှုကို ပြန် ဖျက်သိမ်းနိုင်ကြောင်း သိရပါတယ်။
ပါမစ်နဲ့ချထားမြေကွက်တွေကို အမွေဆက်ခံခွင့်လွှဲပြောင်းပိုင် ခွင့်မရှိနိုင်ဘဲပါမစ်မြေကို ရောင်းဝယ် လွှဲပြောင်းရာတွင်သာ တရား ဝင်စာချုပ်စာတမ်းတောင် လုပ်ခွင့်မပေးကြောင်း သိရပါတယ်။
Ref & Photo Credit : Kumudra
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ