By The Kumudra, Shweproperty.com
Updated at 22 March 2019
ဂရန်မြေအမျိုးအစားက တော့ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီကိုအပ်ထားတဲ့ မြေကွက်ကိုစည်းမျဉ်းစည်းကမ်းတွေနဲ့ သတ်မှတ်ထားတဲ့ နှစ်အပိုင်းအခြားအလိုက် အငှားချထားတဲ့ နှစ်အပိုင်းအခြားအလိုက် အငှားချထားတဲ့ မြေမျိုးဖြစ်ပါတယ်။
ရန်ကုန်မြို့ကို အကွက်ရိုက်ပြီး မြေအမျိုးအစားအနေနဲ့ ရောင်းချတဲ့ အချိန်က မြေငှားစာချုပ်နဲ့ဂရန်မြေငှားက ပေးဆောင်ပြီး နေထိုင်ရင်းနဲ့ နောက်ပိုင်း ဂရန်ထုတ်ပေးလာတဲ့ မြေဖြစ်ပါတယ်။
ဂရန်မြေဆိုတာကတော့ မြေကိုအပြီးပိုင်ဝယ်ယူခြင်းမပြုခင်နဲ့ ဝယ်ယူခွင့်မရတဲ့ နောက်ပိုင်းမှာ မြေငှားစာချုပ်နဲ့ ငှားရမ်းနေထိုင်တဲ ့ မြေအမျိုးအစားဖြစ်ပါတယ်။မြေငှား စာချုပ်ပြုလုပ်ထားပြီး အသိအမှတ်ပြုတဲ့ မြေအမျိုးအစားဖြစ်ပါတယ်။
နောက်ပိုင်းမှာတော့ မြို့သစ်မြေကွက်တွေကို လိုင်စင်မြေနဲ့ ပါမစ်မြေတွေအဖြစ်ထပ်မံ သတ်မှတ်ခဲ့တာဖြစ်ပါတယ်။အိမ်ရာဆောက်လုပ်ခွင့် ရရှိတဲ့ သူတွေကအမြဲတမ်းနေထိုင်ခွင့်ရလိုလျှင် မြေငှားစာချုပ် လျှောက်ထားနိုင်ခဲ့ပါတယ်။မြေငှားစာချုပ်မြေမှာ အထူးကန့်သက်ချက် မပါရင်တစ်ဆင့်လွှဲပြောင်းတာ ပေးကမ်းတာ ပေါင်နှံတာ ရောင်းချပိုင်ခွင့်နဲ့အမွေဆက်ခံခွင့်တွေလည်း ပြုလုပ်နိုင်ပါ တယ်။
ဂရန်မြေမှာ လူနေထိုင်ရန်နဲ့ စက်မှုလက်မှု လုပ်ငန်းလုပ်ကိုင်ဖို့ သတ်တမ်းကို တစ်ကြိမ်နှစ် ၃၀ နှုန်းနဲ့ နှစ် ၉၀ အထိ တိုးနိုင်ပါတယ်။နှစ် ရှည်ဂရံမှာတော့ နှစ် ၉၀ အထိ သက်တမ်းရှိတဲ့ ဂရန်ကို ဆိုလိုပါတယ်။
တချို့ဂရန်တွေကိုတော့ သက်တမ်းကိုတစ်ကြိမ်တည်းမပေးဘဲ နှစ်အလိုက်သက်တမ်းတိုးပြီး သုံးကြိမ်အထိ လဲလှယ်ပိုင်ခွင့် ရှိပါတယ်။နှစ် တိုဂရန်ကတော့ အသင့်တင့်ခိုင်မာမှုရှိတဲ့ အဆောက်အအုံတွေအတွက် ၁၀ နှစ်အထိ ခွင့်ပြုတဲ့ ဂရန်မြေဖြစ်ပါတယ်။စာချုပ်မှာ ၁၀ နှစ် သက်တမ်းရှိပြီး နှစ်ကုန်ဆုံးသွားရင် ဂရန်အသစ်လဲလှယ်ခွင့်မရှိဘဲ အသစ်ထပ်မံလျှောက်ထားရတဲ့ ဂရန်မြေဖြစ်ပါတယ်။
Ref : The Kumudra
Photo Credit : Social
Posted By : Htet Mhuu
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ