By Thingyanmoe, Shweproperty.com
Updated at 27 December 2018
မည်သည့် ပစ္စည်းမဆို အောက်ပါအတိုင်း ဓါတ်ရိုက် ဓါတ်ဆင်ပြုလုပ်၍ လျှင်မြန်စွာ ရောင်းချနိုင် ပါကြောင်း စေတနာကောင်းဖြင့် ဖော်ပြပေးလိုက် ရပါသည်။
အိမ်၊ အိုးစသော တနင်္ဂနွေနံပစ္စည်းများ အမြန်ရောင်းထွက် စေလိုလျှင်
ပြုလုပ်ရမည့်နေ့ - တနင်္ဂနွေနေ့
ပြုလုပ်ရမည့်နာရီ - ညနေ ၃း၀၀ မှ ၄း၃၀ အတွင်း
ရောင်းမည့် ပစ္စည်းပေါ်တွင်
ရေးရမည့်စာလုံး - (ဠ)အက္ခရာ
ရောင်းမည့် ပစ္စည်းကို ရိုက်ရမည့်
အသား- သရက်ကိုင်း
ရိုက်ရမည့် အချက်ပေါင်း - ၆-ချက်
မျက်နှာလှည့်ရမည့် အရပ် - အရှေ့တောင်အရပ်
ဥပမာ သင်သည် အိမ်တစ်လုံးကို အမြန်ရောင်းထွက်ချင်သည် ဆိုပါစို့။
တနင်္ဂနွေနေ့ ညနေ ၃း၀၀ မှ ၄း၃၀ အတွင်း အိမ်တံခါးပေါ်တွင် (ဠ)အက္ခရာကို ရေးပါ။ ပြီးလျှင် သင်၏ မျက်နှာကို အရှေ့တောင်ဘက်သို့ လှည့်ပါ။.
ထို့နောက် ၎င်း (ဠ) အက္ခရာအား သရက်ကိုင်းဖြင့် ၆-ချက်ရိုက်ပါ။ သင်ရောင်းလိုသော အိမ်သည် မြန်ဆန်စွာ တန်ရာတန်ဖိုးငွေဖြင့် ရောင်းထွက် သွားပါလိမ့်မည်။
ကား၊ခြံစသော တနင်္လာနံ ပစ္စည်းများအမြန် ရောင်းထွက်စေလိုလျှင်
ပြုလုပ်ရမည့်နေ့ - တနင်္လာနေ့
ပြုလုပ်ရမည့်နာရီ - နံက် ၉း၀၀ မှ ၁၀း၃၀ အတွင်း
ရောင်းမည့်ပစ္စည်းပေါ်တွင် ရေးရမည့်စာလုံး - (န)အက္ခရာ
ရောင်းမည့်ပစ္စည်းကို ရိုက်ရမည့်အသား - တမာကိုင်း
ရိုက်ရမည့်အချက်ပေါင်း - ၇-ချက်
မျက်နှာလှည့်ရမည့်အရပ် - အနောက်အရပ်
ဆိုင်၊စက်စသော အင်္ဂါနံ ပစ္စည်းများ အမြန်ရောင်းထွက် စေလိုလျှင်
ပြုလုပ်ရမည့်နေ့ - အင်္ဂါနေ့
ပြုလုပ်ရမည့်နာရီ - နံက် ရး၃၀ မှ ၉း၀၀ အတွင်း
ရောင်းမည့်ပစ္စည်းပေါ်တွင် ရေးရမည့်စာလုံး - (အ)အက္ခရာ
ရောင်းမည့်ပစ္စည်းကို ရိုက်ရမည့်အသား - အုန်းညွန့်
ရိုက်ရမည့်အချက်ပေါင်း - ၁-ချက်
မျက်နှာလှည့်ရမည့်အရပ် - အရှေ့မြောက်အရပ်
ရွှေ၊လှေ၊လှည်းစသော ဗုဒ္ဓဟူးနံ ပစ္စည်းများ အမြန်ရောင်းထွက် စေလိုလျှင်
ပြုလုပ်ရမည့်နေ့ - ဗုဒ္ဓဟူးနေ့
ပြုလုပ်ရမည့်နာရီ - နံက် ၆း၀၀ မှ ရး၃၀ အတွင်း
ရောင်းမည့်ပစ္စည်းပေါ်တွင် ရေးရမည့်စာလုံး - (င)အက္ခရာ
ရောင်းမည့်ပစ္စည်းကို ရိုက်ရမည့်အသား- ကတက်
ရိုက်ရမည့်အချက်ပေါင်း - ၂-ချက်
မျက်နှာလှည့်ရမည့်အရပ် –တောင်အရပ်
မြေ ၊ မြင်းစသော ကြာသပတေးနံ ပစ္စည်းများ အမြန်ရောင်းထွက် စေလိုလျှင်
ပြုလုပ်ရမည့်နေ့ - ကြာသပတေးနေ့
ပြုလုပ်ရမည့်နာရီ —နေ့လည် ၁း၃၀ မှ ၃း၀၀-အတွင်း
ရောင်းမည့်ပစ္စည်းပေါ်တွင် ရေးရမည့်စာလုံး - (ည)အက္ခရာ
ရောင်းမည့်ပစ္စည်းကို ရိုက်ရမည့်အသား - ဇီးနှင့် အုန်းတွဲ၍
ရိုက်ရမည့်အချက်ပေါင်း - ၃-ချက်
မျက်နှာလှည့်ရမည့်အရပ် - အရှေ့အရပ်
သွတ်၊ သံ ၊သစ်စသော သောကြာနံ ပစ္စည်းများ အမြန်ရောင်းထွက် စေလိုလျှင်
ပြုလုပ်ရမည့်နေ့ —သောကြာနေ့
ပြုလုပ်ရမည့်နာရီ - နံနက် ၁၀း၃၀ မှ ၁၂း၀၀အတွင်း
ရောင်းမည့်ပစ္စည်းပေါ်တွင် ရေးရမည့်စာလုံး - (ဝ)အက္ခရာ
ရောင်းမည့်ပစ္စည်းကို ရိုက်ရမည့်အသား - ရင်ခတ်ကိုင်း
ရိုက်ရမည့်အချက်ပေါင်း - ၄-ချက်
မျက်နှာလှည့်ရမည့်အရပ် – အနောက်တောင်အရပ်
အထည် ၊ ထီး စသော စနေနံ ပစ္စည်းများ အမြန်ရောင်းထွက် လိုလျှင်
ပြုလုပ်ရမည့်နေ့ - စနေနေ့
ပြုလုပ်ရမည့်နာရီ - မွန်းတည့် ၁၂း၀၀ မှ ၁း၃၀ အတွင်း
ရောင်းမည့်ပစ္စည်းပေါ်တွင် ရေးရမည့်စာလုံး - (မ)အက္ခရာ
ရောင်းမည့်ပစ္စည်းကို ရိုက်ရမည့်အသား - ပင်စိမ်းကိုင်း
ရိုက်ရမည့်အချက်ပေါင်း - ၅-ချက်
မျက်နှာလှည့်ရမည့်အရပ် –မြောက်အရပ်
Ref : Thingyanmoe
Photo Credit : SEO
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ