By The Kumudra, Shweproperty.com
Updated at 22 January 2019
လယ်မလုပ်တဲ့လယ်မြေကွက်တွေကို ဈေးကွက်ထဲမှာ ရောင်းသူတွေက ပိုင်ဆိုင်မူ့အာမခံပြီး ရောင်းချတာတွေကို ဝယ်ချင်ပေမယ့် မဝယ်ရဲတဲ့သူတွေဝယ်ယူတဲ့အခါ ခိုင်မာမူ့ရှိအောင် ဆောင်ရွက်ရမယ့် အချက်တွေကို အကျိုးဆောင်ရှေ့နေတချို့ကို မေးမြန်းထားပါတယ်။
လယ်မလုပ်တဲ့လယ်မြေတွေကို ဝယ်ပြီးချက်ချင်း အိမ်ဆောက်လို့ရတယ်။ အရှုပ်အရှင်းအာမခံတယ် စသည်ဖြင့် အာမခံနဲ့ရောင်းချကြတာပါ ။ ပိုင်ဆိုင်မူ့စာရွက်စာတမ်းအနေနဲ့ ပုံစံ ၇ ၊ ပုံစံ ၁၀၅ ကျပြီး လ/န ၃၀ လျှောက်ထားပြီး ၊ ကျေးရွာတိုးချဲ့မြေကွန်ကရစ်လမ်းမီးတိုင်တွေ့ပါရှိတယ် စသည်ဖြင့်ပရိုမိုးရှင်းကောင်းကောင်းနဲ့ ဈေးကွက်ထဲမှာရောင်းချနေကြတာပါ ။ မြေတစ်ကွက်ကို ကျပ်၁၉သိန်း ၊ သိန်း ၂၀ ၊ ၂၁ သိန်း စသည်ဖြင့် တန်ဖိုးနည်းနည်းနဲ့ ရောင်းချတာဖြစ်ပါတယ်။
လယ်မြေက လယ်ယာစိုပ်ပျိုးရေးအတွက် ချထားပေးတဲ့ မြေဖြစ်ပေမဲ့ သည့်နောက်ပိုင်းမှာ ပါမစ်ချပေးတာတွေ ၊ ကျေးရွာတိုးချဲ့မြေအဖြစ် လျှောက်ထားပြီးနေထိုင်ကြတာတွေ ရှိပါတယ်။ ရောင်းသူက အာမခံပြီးရောင်းချပေမယ့် ဝယ်သူဘက်က ခိုင်မာအောင်တော့ စိစစ်သင့်တဲ့အချက်တွေရှိတယ်လို့ပြောပါတယ် ။
အကျိုးဆောင်ရှေ့နေဦးကျော်စွာက ‘လယ်မြေဝယ်တာကတော့ သတိထားပြီးဝယ်သင့်တယ် ၊ အရှုပ်အရှင်းများလို့ပါ ၊ ဈေးအရမ်းသက်သာလို့ ၊ နေရာကနောက်ပိုင်းစည်ကားလာမှာမို့ ဝယ်တယ်ဆိုရင် ပိုင်ရှင်ဆီက မဖြစ်မနေတောင်းယူရမယ့်အချက်တွေတော့ရှိတယ်’ လို့ပြောပါတယ်။
ကိုယ်ဝယ်မယ့်မြေကွက်ရဲ့ ပုံစံ ၇ ကို မြေစာရင်းဦးစီးဌာနမှာ စစ်ဆေးရမှာပါ ။ မူရင်းစာရွက်တွေရမှသာ ဝယ်ယူဖို့စရန်ငွေပေးသင့်တယ် ။ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူး ၊ ဥက္ကဌတို့လို တာဝန်ရှိသူတွေနဲ့ သေချာခိုင်မာအောင် မေမြန်းပြီး သူတို့ရှေ့မှာပဲ စာချုပ်ချုပ်ဆိုသင့်ပါတယ် ။ငွေအကျေမချေခင်မှာ ပုံစံ ၁၀၅ ထုတ်ယူရမှာပါ။ ပုံစံ ၁၀၅ ကို ပိုင်ရှင်ဆီကနေ ကိုယ်စားလှယ်လွဲစာ (sp) လွဲပြောင်းပေးခိုင်းရမှာဖြစ်ပါတယ်။ ပုံစံ ၇ မူရင်းကိုလည်း တောင်းရမှာပါ။ ဒါတွေအားလုံးစုံလင်အောင်ရရင်တော့ စိတ်ချလက်ချဝယ်ယူလို့ရတယ်လို့ သိရပါတယ်။
ဒါပေမယ့် ဈေးကွက်ထဲမှာတော့ စာရွက်စာတမ်းလိမ်လည်ပြီး ရောင်းတာတွေ ၊ အစိုးရဌာနဆိုင်ရာမြေတွေကို ကွက်ရိုက်ပြီး ရောင်းတာတွေကြောင့် မြေစာရင်းဌာနတွေမှာ သေချာစိစစ်သင့်တယ်လို့ ပြောပါတယ်။ ဈေးကွက်ထဲမှာ လယ်မြေတွေပေါ် ကျူးကျော်နေထိုင်တာတွေတင်မကဘဲ ပါမစ်မြေတွေပေါ်မှာပါ ပုံစံအမျိုးမျိုးနဲ့ ကျူးနေကြတာကြောင့် ပိုင်ဆိုင်မူခိုင်မာနေဖို့ လိုအပ်တယ်လို့ သိရပါတယ်။
အများဆုံးရောင်းချတာက ထန်းတပင် ၊ မှော်ဘီ ၊ လှည်းကူး တို့ဖြစ်ပါတယ် ။ ထန်းတပင်ဘက်ကို လိူင်သာယာ ၊ ရွှေပြည်သာတို့နဲ့ နီးတာ။
လှည်းကူးက ပဲခူး ဟံသာဝတီလေဆိပ် ပရောဂျက်ကြောင့်လည်း စိတ်ဝင်စားခံရတာဖြစ်သလို ထောက်ကြံ့ ၊ ပဲခူးတစ်ဆက်တည်းတွဲလျက်ရှိနေပြီး ကားလမ်းမဘေးရှိ လယ်မြေဈေးတွေကလည်း ဈေးကောင်းလာနိုင်တယ်လို့ အကျိုးဆောင်တချို့ထံမှ သိရတယ်။
Ref : The Kumudra
Photo Credit : Social
Posted By : Htet Mhuu
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ