By The Kumudra, Shweproperty.com
Updated at 8 February 2018
အရောင်းအဝယ်ပြုလုပ်ချိန်မှာ ခိုင်မာမှု၊ ဈေးကွက်အခြေအနေ ပေါ်မူတည်ပြီးတော့ ပိုင်ရှင်ဘက်က ငွေပြန်မအမ်းနိုင်တဲ့ အခြေအနေမျိုးအထိ ဝယ်ယူသူအနေနဲ့ စရန်ငွေချထားသင့်တယ်လို့ သိရပါတယ်။
စရန်ငွေကို အရောင်းအဝယ်ပြုလုပ်တဲ့ တန်ဖိုးငွေစုစုပေါင်းရဲ့ မည်ရွေ့မည်မျှပေးရမယ်လို့ ပုံသေသတ်မှတ်ထားတာ မရှိသလို မည်မျှပေးရမယ်လို့ အစဉ်အလာ အတိအကျမရှိပါဘူး။
စရန်ငွေပေးခြေရာမှာ ဝယ်သူအနေနဲ့ သတိပြုရမယ့် အချက်မှာ အရောင်းအဝယ် ပြုလုပ်တဲ့ မြေကွက်၊ အဆောက်အုံကို မိမိစရန်ငွေပေးထားစဉ်ကာလအတွင်းမိမိထက်ဈေးပိုပြီး ဈေးကောင်းပေးသူ၊ ဈေးပိုပေးသူ ပေါ်ပေါက်လာရင် ဖော်ပြပါစရန်ငွေရဲ့ နှစ်ဆကို
လျော်နိုင်အောင် လုံလောက်စိတ်ချရတဲ့စရန်ငွေကို ပေးချေဖို့ ဖြစ်ပါတယ်။
ရောင်းသူအနေနဲ့လည်း လုံလောက်ခိုင်မာတဲ့၊ စိတ်ချရမယ့် စရန်ငွေကိုသာ လက်ခံသင့်ပါတယ်။ မဖြစ်စလောက် မပြောပလောက်တဲ့ စရန်ငွေကို လက်ထဲပိုက်ပြီး အကြောင်းကြောင်းကြောင့် မဝယ်ဖြစ်တော့တဲ့ဝယ်သူကို လူမှုရေးငဲ့တဲ့ အနေနဲ့ စရန်ငွေကိုလည်း အဆုံးခံစေပြီး မသိမ်းပဲ ကာလရှည်စွာ စောင့်မျှော်နေရင် အဲ့သည့် အရောင်းအဝယ်လည်းမဖြစ်၊ တခြားဝယ်လက်ကောင်းကိုလည်း ဆုံးရှုံးပြီး အချိန်ကုန်လူပန်း ဖြစ်မှာကို သတိပြုဖို့ လိုအပ်ပါတယ်။
အလားတူ တခ့ျိုရောင်းသူအနေနဲ့ ရောင်းချမယ့် အဆောက်အအုံရှိ အိမ်ငှားတွေရဲ့ အိမ်လခတွေ၊ စပေါ်ငွေတွေ ပြန်အမ်းဖို့ မြေကိစ္စတွေ ရှင်းလင်းဖို့စတဲ့ ငွေကြေးလိုအပ်ချက်တွေ ရှိနိုင်တာကြောင့် ရောင်းသူအနေနဲ့ စရန်ငွေကို လက်ခံရာမှာ မိမိ အခြေအနေအလျှောက် အဲသည် စရိတ်စကတွေကိုလည်း ထည့်သွင်းစဉ်းစားပြီးမှ စရန်ငွေကို လက်ခံဖို့ လိုအပ်ပါသည်။
ဝယ်သူအနေနဲ့ စရန်ငွေမပေးချေမီ အစစအရာရာ အသေးစိတ်လေ့လာ ဆုံးဖြတ်ပြီးမှ ပေးချေသင့်ပါတယ်။ စရန်ငွေပေးချေပြီးမှ အရောင်းအဝယ် သဘောတူစာချုပ်ပါ စည်းကမ်းတချို့ကိုမကြိုက်လို့ ဖြစ်စေ၊ ထပ်မံ ဖြည့်စွက်စရာရှိလို့ ဖြစ်စေ ထပ်မံဆွေးနွေးဖို့ ရှိလာရင် စရန်ငွေပေးထားပြီး ဖြစ်တာကြောင့် ဝယ်သူအနေနဲ့ အားနည်းချက် ရှိနေမှာဖြစ်ပါတယ်။
အိမ်ခြံမြေ ဝယ်ယူရာမှာ အရေးကြီးတဲ့ အချက်အခြာတစ်ခုမှာ မြေအကျယ်အဝန်း စာချုပ်ပါအတိုင်း အမှန်အကန် အတိအကျရှိမရှိကို စစ်ဆေးပြီးမှ စရန်ငွေပေးခြေဖို့ လိုအပ်ပါတယ်။
Ref : The Kumudra
Photo Credit : bcashflowpositive
Posted By : Wai Phyoe Aung
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ