By ShweProperty Buy & Rent Journal, Shweproperty.com
Updated at 31 January 2018
အိမ်တစ်လုံးပိုင်ဆိုင်ထားခြင်းက ချမ်းသာကြွယ်ဝခြင်းရဲ့ အဓိကသော့ချက် တစ်ခုဘဲဖြစ်တယ်ဆိုတဲ့ စီးပွားရေးကျွမ်းကျင်ပညာရှင်တစ်ဦးရဲ့ အဆိုရှိခဲ့ပါတယ်။ စားဝတ်နေရေးဟူသော အလုပ်ကြီးသုံုးခုတွင် နေထိုင်ရေးသည် လူတိုင်းအတွက် အဓိကကျသောအရာတစ်ခုပင် ဖြစ်ပေသည်။ သို့သော်လည်း ငွေကြေးအမြောက်အများမရှိသူများသည် မိမိရဲ့လစဉ်ဝင်ငွေကို စုဆောင်းထား၍သော်လည်းကောင်း တစ်လချင်းစီပေးချေ၍သော်လည်းကောင်း အိမ်ခန်းများ၊ တိုက်ခန်းများ၊ အဆောင်များတွင် ငှားရမ်းနေထိုင်လျက်ရှိပါသည်။
ရန်ကုန်မြို့သည် မြန်မာနိုင်ငံရဲ့ စီးပွားရေးဖြစ်ထွန်းရာမြို့ဖြစ်သည်နှင့်အညီ လူတိုင်းကလည်း သာမန်နယ်မြို့လေးများတွင် လုပ်ကိုင်စားသောက်ရင်းနေထိုင်ဖို့ထက် မိမိအခွင့်အလမ်းများ၊ တက်လမ်းများစွာရရှိနိုင်မယ့် စီးပွားရေးမြို့တော်ကြီးတွင်သာ နေထိုင်လိုကြသည်။ မြန်မာနိုင်ငံရှိ အခြားမြို့များနှင် နှိုင်းစာလျှင်လည်း ရန်ကုန်မြို့တွင် အိမ်ဝယ်ယူရန်မှာ အိပ်မက်တစ်ခုလိုသာ ဖြစ်ပါတယ်။
ကိုယ်ပိုင်အိမ်ပိုင်ဆိုင်နိုင်ရန် ကြိုးစားနေသော်လည်း လက်ရှိအချိန်အထိ အိမ်ငှားခများဖြင့်သာ လုံးလည်ချာလည်လိုက်နေရပြီး များများစားစား မစုဆောင်းမိသေး၊ ဘဏ်နှင့် ချိတ်ဆက်ဝယ်ယူဖို့ကလည်း ဘဏ်အတိုးနှုန်းများ၊ မိမိဝင်ငွေနှင့် မကိုက်ညီမှာစိုးသဖြင့် မဝယ်ယူနိုင်သေးကြောင်းကို တောင်ဥက္ကလာမြို့နယ်တွင် ငှားရမ်းနေထိုင်သူတစ်ဦးကဆိုသည်။
ယခုအခါတွင် ဘဏ်လုပ်ငန်းများ ပေါများလာသောကြောင့် ဆောက်လုပ်ရေးလုပ်ငန်းရှင်များနှင့် ညှိနှိုင်းကာ အတိုးမဲ့စနစ်ဖြင့်သော်လည်းကောင်း အရစ်ကျပေးဝယ်နိုင်မည့် ရွေးချယ်စရာအစီအစဉ်များစွာလဲ ရှိလာပြီဖြစ်ပါတယ်။ လစဉ်ပုံမှန်ဝင်ငွေရှိသူများအတွက် အိမ်ဝယ်ယူရန် အခွင့်အလမ်းပင် ဖြစ်ပေသည်။ အိမ်ခန်းငှားခများအတွက် အကုန်ကျခံမည့်အစား မိမိဝင်ငွေနှင့်ချင့်ချိန်ကာ အရစ်ကျဝယ်ယူဖို့ကို စဉ်းစားသင့်ပေသည်။ အခြေခံလူတန်းစားများအတွက်မူကား အိမ်ရရှိနိုင်ရန် အဘက်ဘက်မှ ကြိုးစားရပေဦးမည်။
စုဆောင်းငွေအနည်းအပါးရှိသော်လည်း ၇န်ကုန်မြို့တွင်း အိမ်ဝယ်ယူရန် မတက်နိုင်သူများ၊ မြို့ပြရဲ့ အငွေအသက်၊ ကားလမ်းပိတ်ဆို့မှုများ၊ လူဦးရေကျပ်တည်းမှုဒဏ်ကို မခံစားနိုင်သူများအတွက်မူ ရန်ကုန်မြို့နှင့် အနီးစပ်ဆုံးဖြစ်တဲ့ ဆင်ခြေဖုံးရပ်ကွက်များတွင် နေထိုင်ရန် ဝယ်ယူထားသင့်ပေသည်။ ယခုအခါတွင် ရန်ကုန် မြို့စွန်မြို့နယ်များဖွံ့ဖြိုးတိုးတက်ရေးအတွက် အစီအစဉ်များစတင်ချမှတ်ရေးဆွဲနေပြီဖြစ်တာကြောင့် ဝယ်ယူထားလျှင် အမှားမရှိတဲ့ ရွေးချယ်မှုတစ်ခု ဖြစ်လာစေမှာပါ။
ကိုယ်ပိုင်အိမ်ပိုင်ဆိုင်ထားခြင်းဖြင့် ငွေကြေးပိုင်းတွင်လည်း အိမ်ခန်းငှားခများ၊ပွဲစားခနှင့် အိမ်အပြောင်းအရွေ့ခများ ကုန်ကျမှုမရှိတော့တဲ့အတွက် သင့်ရဲ့ဝင်ငွေကို ချွေတာစုဆောင်းနိုင်မှာပဲ ဖြစ်ပါတယ်။ သင့်ကိုယ်ပိုင်အိမ်ဖြစ်တာကြောင့် သင့်စိတ်ကြိုက်ဖန်တီးခွင့်လည်း ရရှိမှာပါ။
တစ်စထက်တစ်စ ခေတ်မီပြောင်းလဲတိုးတက်နေတဲ့ ရန်ကုန်မြို့ပြကြီးမှာ ယနေ့တိုင် အခြေခံလူတန်းစားများအတွက် ကိုယ်ပိုင်အိမ်တစ်လုံးပိုင်ဆိုင်ဖို့ဆိုတာ အိပ်မက်တစ်ခုသာသာ ဖြစ်ပါတယ်။ နိုင်ငံတော်အစိုး၇အနေနဲ့လည်း လူတိုင်း ကိုယ်ပိုင်အိမ်ပိုင်ဆိုင်နိုင်ပြီး အဆင်ပြေတိုးတက်စေဖို့ တန်ဖိုးသင့်အိမ်ရာစီမံကိန်းများစွာကို ချမှတ်ပေးသင့်ပါတယ်။
ယခု(၂၀၁၈)ခုနစ်တွင် နိုင်ငံတော်အစိုးရမှ တန်ဖိုးသင့်အိမ်ရာစီမံကိန်းများစွာကိုလည်း ပုဂ္ဂလိကလုပ်ငန်းများနှင့် ပူးပေါင်းပြီး အကောင်အထည်ဖော်လျက်ရှိပြီး အစိုးရ၏ စီမံချက်မူဝါဒအသစ်များကြောင့် အိမ်ခြံမြေဈေးကွက် တည်ငြိမ်လာပြီး တိုက်ခန်းအိမ်ယာများကို ပြည်သူများ သင့်တင့်သောဈေးနှုန်းဖြင့် ပိုင်ဆိုင်လာနိုင်တော့မယ်ဟု အိမ်ခြံမြေကျွမ်းကျင်ပညာရှင်များက သုံးသပ်ထားကြပါသည်။
Ref : ShweProperty Buy & Rent Journal
Posted By : Ra Wai (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ