By Myanmar Builders Guide, Shweproperty.com
Updated at 12 July 2018
ဒီမေးခွန်းကငွေတွေ ကြိုပေးပြီး ဝယ်ထားရတဲ့ ရင်းနှီးမြှုပ်နှံသူတွေ သေချာပေါက် မေးသင့်တဲ့ အချက်ပါ။
ကြိုပွိုင့်ရဲ့ အားသာချက်တွေက -
(၁) ဈေးပိုသက်သာတယ်။
(၂) ကိုယ်နေချင်တဲ့ အခန်းပုံစံလေးကို စိတ်ကြိုက်ကိုယ်တိုင် ဖန်တီးလို့ရတယ်။
(၃) ကိုယ်လိုချင်တဲ့နေရာကို စိတ်ကြိုက်ရှာဖွေနိုင်တယ်။
(၄) ကိုယ့်ရဲ့တိုက်ကိုဘယ်လိုပစ္စည်းမျိုးတွေ သုံးပြီးဘယ်လိုဆောက်နေလဲဆိုတာကိုယ်တိုင် သွားကြည့်လို့ရတယ်။
(၅) သုံးပေးမယ့် ပစ္စည်းတွေကိုကိုယ့်စိတ်ကြိုက်ရွေးချယ်ခွင့်ရှိတယ်။
(၆) တိုက်အသစ်စက်စက်လေးနဲ့ နေရတဲ့ ခံစားမှု က လူနေပြီးသားတိုက်မှာနေရတဲ့ ခံစားမှု နဲ့ မတူပါဘူး။
ဒီလိုအချက်လေးတွေကြောင့် ကြိုပွိုင့်ကို ဝယ်သင့်တာ ဖြစ်ပါတယ်။
ကြိုပွိုင့်တွေကစိတ်ချရပါ့မလား?
ကြိုပွိုင့်ဝယ်တော့မယ်ဆိုရင် ပထမဆုံး စဉ်းစားရမှာက ဘယ်လိုရောင်းချသူတွေဆီကဝယ်မှာလဲ ဆိုတာ အရေးကြီးပါတယ်။ဆောက်လုပ်ရောင်းချသူဟာ ဈေးကွက်မှာ နာမည်ကောင်းဖို့ လိုသလို အမှန်တကယ် ဆောက်လုပ်ရေးကို မှန်မှန်ကန်ကန်ဆောင်ရွက်နေသူဖြစ်ဖို့ လိုအပ်ပါတယ်။
တည်ဆောက်ရေးလုပ်ငန်းတွေမှာ အတွေ့အကြုံရှိပြီး ခိုင်မာတဲ့ အဖွဲ့အစည်းနဲ့ စနစ်တကျဆောင်ရွက်နိုင်တဲ့ အခြေအနေရှိဖို့လိုပါတယ်။လက်ရှိ ဆောက်လုပ်ဆဲ တိုက်တွေရှိဖို့ လိုသလို ဆောက်လုပ်ပြီးတိုက်တွေ ထပ်မံဆောက်လုပ်မဲ့တိုက်တွေနဲ့ project pipe line ပြည့်နေဖို့လဲ လိုပါတယ်။
ဒီလို ရေရှည်လည်ပတ်နိုင်မဲ့ အစီအစဉ်များရှိဖို့ လိုအပ်သလို ခိုင်မာစိတ်ချရတဲ့ အသိုင်းအဝိုင်း အပြင် ဘဏ်များရဲ့ အားပေးထောက်ခံ မှုများကို ရရှိထားဖို့ လဲလိုအပ်ပါတယ်။ဒီလိုအခြေအနေမျိုးရှိမှသာ မိမိဝယ်ယူရမဲ့ ကြိုပွိုင့် တိုက်ခန်းများကို စိတ်ချ ယုံကြည်စွာ ဝယ်ယူနိုင်မှာဖြစ်ပါတယ်။
Ref & Photo Credit : Myanmar Builders Guide
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ