By Sint Sint, Shweproperty.com
Updated at 14 December 2020
Unicode
ဂရန်ဆိုတာ သိပ်ကိုရင်းနှီးကျွမ်းဝင်တဲ့စကားလေးပါ။ မြန်မာနိုင်ံငံမှာနေထိုင်ကြတဲ့သူတွေဟာ အိမ်ရာပိုင်ဆိုင်မှုကို သက်သေခံတဲ့ မြေငှားစာချုပ်လေးတစ်ခုဖြစ်နေလို့ပါ။ ဥစ္စာပိုင်ဆိုင်မှုကို အရင်းတည်တာဖြစ်တာကြောင့် သူသည် အရေးပါလွန်းနေသည်။ ဒါပေမယ့် သူရဲ့အားနည်းချက် အားသာချက်ကိုတော့ သိရှိသူနည်းဥိးမယ်ထင်ပါတယ်။ ဒါကြောင့်မို့ သိပြီးသားသူရော မသိသေးတဲ့သူရော ထပ်သိချင်တဲ့သူတွေအတွက် ရိုးစင်းစွာနဲ့ ဖော်ပြပေးလိုက်ပါရစေ။ဂရန်ဆိုသည်မှာမည်သို့နည်း။
၁။ မြို့မြေများမှာ လူနေထိုင်ရန်(Residential Purposes)အတွက်ဖြစ်စေ၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ကျန်းမာရေး၊ မြို့ပြဖွံ့ဖြိုးရေး၊ စည်ပင်သာယာရေး စတဲ့ ကိစ္စရပ်များအတွက် ဖြစ်စေ၊ မြို့မြေကိုတနည်းနည်း အသုံးပြုလိုရင် အစိုးရထံက မြေငှားစာချုပ်နဲ့ မြေငှားရမ်းသုံးစွဲခွင့် လျှောက်ထားရပါတယ်။မြေငှားစာချုပ်ကို ဂရန်(Lease)လို့ ခေါ်ပါတယ်။ အပိုင်သဘောမျိုး ချထားတာကတော့ Grant လို့ ခေါ်ပါတယ်။ အခုတော့ Grant ရော၊ Lease ရောကို ဂရန်လို့ပဲ ခေါ်ကြပါတယ်။
ဂရန် ကိုဘယ်လိုလျှောက်ရလဲ။
၂။ အစိုးရမြေကို (ငှားရမ်း)အသုံးပြုလိုတဲ့ ပုဂ္ဂလိကများ၊ ဋ္ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ အသင်းများအနေနဲ့ သက်ဆိုင်ရာ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဋ္ဌာန၊ ကော်လိပ်တော်အရာရှိထံ လိပ်မူပြီး ဂရန်လျှောက်ထားကြရပါတယ်။ အဲဒီအခါမှာ သက်ဆိုင်ရာ ခရိုင်/မြို့နယ်များရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဋ္ဌာနများက လျှောက်လွှာကို လက်ခံပြီး အမှုတွဲ ဖွင့်လှစ်ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ထို့နောက် အမှုတွဲကို ကြေးတိုင်နှင့်မြေစာရင်းဦးစီးဋ္ဌာနရဲ့ မြို့နယ်မြေစာရင်းဦးစီးဋ္ဌာနရုံးများထံသို့ အစိုးရမှ ချထားပေးနိုင်သော မြေ ဟုတ်-မဟုတ်နှင့် မြေရာဇဝင်ကို စိစစ် မှတ်ချက်ပြု ပြန်ကြားပေးရန်လွှဲပြောင်းပေးပို့လေ့ရှိပါတယ်။
ပေးပို့တဲ့ မြို့/ မြေ ဂရန်အမှုတွဲတွေကို မြို့နယ်မြေစာရင်းဦးစီးဋ္ဌာနက မိမိဋ္ဌာနမှာရှိတဲ့ မြို့ကွက်မြေပုံ(Block Maps)၊ မြေရာဇဝင်မှတ်တမ်း(1-A Register)တွေနဲ့ တိုက်ဆိုင်စိစစ်ပြီး လျှောက်ထားတဲ့ မြေနေရာအတွက် မြေရာဇဝင် မှတ်တမ်း ဖော်ပြပေးခြင်း၊ ယင်းမြေနေရာသည် အစိုးရ မြေလွတ်မြေလပ် ဟုတ်-မဟုတ်နှင့် အစိုးရမှ ချထားပေးနိုင်သောမြေ Disposal Land ဟုတ်-မဟုတ် မှတ်ချက်ပြုခြင်း၊ မြို့မြေ ဧရိယာအတွင်း ကျရောက်ခြင်း ရှိ-မရှိနဲ့ အစိုးရအဆောက်အဦးနှင့် အခြားကိစ္စများ အသုံးပြုရန် လျာထားမြေများအတွင်း ကျရောက်ခြင်း ရှိ-မရှိတို့ကို စိစစ်ပေးခြင်း၊ မြေတန်ဖိုးနဲ့ မြေငှားခများ တွက်ချက်ပေးခြင်း စတဲ့ကိစ္စရပ်တွေကို ဆောင်ရွက်ပေးရပါတယ်။
ဂရန်ထုတ်ပေးတာက ထွေ/အုပ် ဖြစ်ပြီး၊ မြေကို စိစစ်ပေးတာက မြေစာရင်းဋ္ဌာန ဖြစ်ပါတယ်။ဂရန်ချထားပေးမှုအတွက် ထွေ/အုပ်(G.A)ကသာ အဓိကတာဝန်ခံ ဆောင်ရွက်ပိုင်ခွင့်ရှိပြီး မြေစာရင်းဋ္ဌာနက မြေပုံ(မြေစာရင်း-၁၀၅)၊ မြေယာဇဝင်(မြေစာရင်း-၁၀၆)နဲ့ မြေပေါ်လက်ရှိဖြစ်မှု အခြေအနေကိုသာ စိစစ်ပြန်ကြားရန် တာဝန်ခံရတာဖြစ်ပေမယ့် မြေဆိုရင် မြေစာရင်းက လုပ်တာပဲဆိုတဲ့ အစွဲရှိလေတော့ ဂရန်ကိစ္စနဲ့ တိုင်ကြပြီဆိုရင် မြေစာရင်းဋ္ဌာနကိုချည်း ဦးတည်ပြီး မြေစာရင်းက မတရားဂရန်ထုတ်ပေးထားပါတယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ တိုင်တန်းစာပို့ကြပါတယ်။မြေနှင့်အခွန်တော် လက်စွဲဥပဒေ၊ အထက်မြန်မာပြည် မြေနှင့်အခွန်တော် စည်းမျဉ်းဥပဒေ၊ အောက်မြန်မာပြည် မြို့နှင့်ကျေးရွာများဥပဒေတို့က ပြဋ္ဌာန်းထားရှိတဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့ ဋ္ဌာန ၂ ခုရဲ့ သမားစဉ် လုပ်ငန်းတွေကို သတ်မှတ်ထားပြီးသား ဖြစ်တာကို တိုင်တန်းတဲ့သူတွေ သေသေချာချာ သဘောမပေါက်ကြပါဘူး။ ဂရန်ဆို မြေစာရင်းက ထုတ်ပေးနေတယ် ထင်ကြတာလည်း ဖြစ်ပါတယ်။
စာရွက်စာတမ်းသဘောအရ နိုင်ငံတော်အစိုးရက ချလန်ပေးထားပြီးတော့မှ မြေချ ပါမစ်ထုတ်ပေးတာ ဖြစ်ပါတယ်။ ဂရန်လျှောက် တော့မယ်ဆိုရင်တော့ ပိုင်ရှင်ဆီမှာရှိတဲ့ ပါမစ်စာရွက်စာတမ်း အပြည့်အစုံကို ဌာနကို ပြန်အပ်ပြီးမှ ဂရန်လျှောက်ထားလို့ရမှာ ဖြစ်ပါတယ်။တချို့က ပါမစ်ကို ပြန်အပ်ရမှာ မအပ်ဘဲနဲ့။တစ်ယောက်ယောက်ကို ရောင်းခြင်း ဆိုရင် တရားဝင်စစ်ဆေး လို့ရကြောင်း ၊ ပါမစ်လား ဂရန် ေ လှောက် ထားခြင်းရှိလား မရှိဘူးလားဆိုတာကို တရားဝင်စစ်ဆေးထားရင်တော့ ပြသနာမရှိကြောင်း အိမ်ခြံမြေအကျိုးဆောင်မှတာဝန်ရှိက၎င်းရဲ့ သုံးသပ်ချက်ကိုဆိုသည်။
တချို့မြေကွက်ပိုင်ရှင်တွေက သူတို့ အရင်ရောင်းထားပြီးသား ပါမစ်မြေကွက်တွေကို နောက်လူကို ထပ်ရောင်းချင်တာကြောင့် သူတို့ဆီမှာရှိနေသေးတဲ့ အထောက်အထားတချို့နဲ့ နိုင်ငံပိုင်သတင်း စာမှာ ကြော်ငြာတွေထည့်ကြရပါတယ်။မြေကွက်ကို ပိုင်ဆိုင်ထားတဲ့ လက်ရှိပိုင်ရှင်က ၎င်းကြော်ငြာစာကို မတွေ့ခဲ့ရင် ဂရန်ရသွားနိုင်ပြီး ဝယ်ယူထားတဲ့မြေကွက်နဲ့ ပတ်သက်ပြီး အရှုပ်အရှင်းတွေ ဖြစ်လာနိုင်တာတွေလည်း ရှိပါတယ်။
တချို့ကတော့ မြေကိစ္စကို နားမလည်ကြပါဘူး။ အရပ် ပွဲစားတွေကလဲ နားမလည်တော့ ပါမစ်အစစ်မှန်း အတုမှန်း မသိရာက ဖြစ်လာတာကနေ ပြသနာဖြစ်ပေါ်လာတက်ကြတာပါ။ပါမစ်မြေလား၊ ဂရန်မြေလားဆိုတာကို သေချာသိဖို့လိုအပ်သလို စရန်မရိုက်ခင် ရုံးမှာ သွားစစ်သင့်ပါတယ်။ မှန်တယ်ဆိုမှ စရံပေးချင်ရမှာ ဖြစ်ပြီးတော့ နာမည်ပေါက် သေချာပြီဆိုရင်တော့ ငွေအကျေ ချေလို့ရပါပြီ။
ဂရန်မြေကို ခွဲစိတ်မယ်ရင် သိသင့်တဲ့အချက်တွေကို ဖော်ပြပါတယ်။ဘိုးဘွားပိုင်မြေ၊ မြေပိုင်မြေနဲ့ ဂရန်မြေတွေကို ခွဲစိတ်နိုင်ပါတယ်။ ဂရန်ခွဲစိတ်ဖို့ ဆိုရင် (က) ခွဲစိတ်ပြီးမြေဟာ မျက်နှာစာ အနည်းဆုံးပေ (၂၀) ရှိရပါမယ်။ (ခ) ခွဲစိတ်ပြီး မြေဧရိယာ အနည်းဆုံး စတုရန်းပေ ၁၂၀၀ ရှိရပါမယ်။ (ဂ) ခွဲစိတ်ပြီး မြေကွက်အားလုံး ဝင်လမ်းထွက်လမ်း ရှိရပါမယ်။ စည်ပင်လမ်းမရှိရင် ပုဂ္ဂလိကလမ်း လျာထားရပါမယ်။
လျှောက်ထားရမှာလိုအပ်တဲ့ အထောက်အထား
၁။ နိုင်ငံသားစိစစ်ရေးကတ်မိတ္ထူ
၂။ မှတ်ပုံတင်စာချုပ်စာတမ်းများ၊ တရားရုံးအမိန့် ဒီဂရီ၊ သေတမ်းစာအတည်ပြု လက်မှတ်၊
အမွေဆက်ခံခွင့်လက်မှတ်၊ ကျမ်းကျိန်လွှာ၊ မှတ်ပုံတင်ထားတဲ့ အထူးကိုယ်စားလှယ်လွှဲစာ (သို့)
အထွေထွေ ကိုယ်စားလှယ်လွှဲစာ မိတ္ထူများ။
၃။ မြေကွက်ရဲ့အစိတ်ပိုင်းဖြစ်ရင် ခွဲစိတ်မှုကို မြေကွက်ပူးတွဲပိုင်ရှင်ရဲ့ သဘောတူညီချက်နဲ့ သူ့ရဲ့မှတ်ပုံတင်မိတ္ထူတို့ လိုအပ်ပါတယ်။
မြေကွက်ခွဲစိတ်ရာမှာ အောက်ပါလုပ်ငန်းတွေ ဆောင်ရွတ်ဖို့ လိုအပ်ပါတယ်။
၁။ မြေကွက်ခွဲစိတ်ဖို့ မြေပုံ မြေရာဇဝင်လျှောက်ထားခြင်း။
၂။ မြေတိုင်းလျှောက်ထားခြင်း။
၃။ ပြင်ပလိုင်စင် အင်ဂျင်နီယာနဲ့ မိမိနှစ်သက်သည့်အတိုင်း အဆိုပါမြေပုံရေးဆွဲခြင်း။
၄။ အဆိုပါခွဲစိတ်မြေပုံသည်(က) ဂရန်မြေဖြစ်ပါက ဌာနကို အတည်ပြုချက် ရယူခြင်း၊
(ခ) မြေပိုင် မြေဖြစ်ပါက စည်ပင် အင်ဂျင်နီယာ(အဆောက်အအုံ) တင်ပြအတည်ပြုချက်လျှောက်ထားခြင်း။
၅။ မြေတိုင်းလျှောက်ထားခြင်း။
၆။ အမှားပြင်၊ မြေပုံရာဇဝင်လျှောက်ထားခြင်း။
၇။ စာချုပ်စာတမ်းမှတ်ပုံတင်ရုံးတွင် အမှားပြင်ဆင် စာချုပ်ချုပ်ဆိုခြင်း။
၈။ ဂရန်မြေဖြစ်ပါက မြေစာရင်းတွင် ဂရန်စာချုပ် ခွဲစိတ်ပေးရန်နှင့် မြေပိုင်မြေဖြစ်ပါက
မြေကွက်ခွဲစိတ်ခြင်းအား မှတ်တမ်းတင်ပေးရန် လျှောက်ထားခြင်းတို့ လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။စိစစ်ပြီး ပြည့်စုံမှန်ကန်ပါက လုပ်ထုံးလုပ်နည်းများနှင့် အညီတိုင်းတာပြီး မြေစာရင်းတွင် တရားဝင်ခွဲစိတ်ခွင့်ပြုပါသည်။
အိမ်ခြံမြေဆိုင်ရာ စာချုပ်ချုပ်ဆိုတဲ့ အခါမှာ သတိထားရမယ့် အချက်တွေနဲ့ အရေးကြီးအချက်တွေကိုရောင်းဝယ်သူ တချို့အမှတ်တမဲ့ ထားရှိတတ်ပါတယ်။ မြေ အမျိုးအစားအလိုက် ပိုင်ဆိုင်မှုအထောက်အထားတွေကို နားလည်တတ်ကျွမ်းသူ တွေနဲ့ စစ်ဆေးသင့်ပါတယ်။ ဝယ်ရောင်း တချို့က စာရွက်စာတမ်းတွေကို အပေါ်ယံလောက်ပဲ ကြည့်ရှုစစ်ဆေးတတ်ကြတာ ကြောင့် သေချာစစ်ဆေးဖို့ လိုအပ်ပါတယ်။ ယခုနောက်ပိုင်းမှာ ဂရန်၊ စလစ်မြေ၊ ပါမစ်မြေတွေရဲ့ စာရွက်စာတမ်း အတုတွေ ထွက်နေတဲ့အတွက် သေချာစစ် ဆေးသင့်တာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါတွေကို ကိုယ်တိုင်မစစ်ဆေးဘူး။ မလေ့လာထားဘူးဆိုရင် နစ်နာသူက မိမိကိုယ်တိုင်ဖြစ်တယ်ဆိုတာ သိထားရမှာပါ။
စာချုပ်စာတမ်းပါ အချက်အလက် တွေကိုလည်း သေချာစွာဖတ်ရှုသင့်ပါ တယ်။ ငွေကြေးဆိုင်ရာ ကိန်းဂဏန်းတွေ၊ ရက်စွဲတွေ၊ စာချုပ်ပါစကားလုံးတွေကို တစ်လုံး ချင်းစီ သေသေချာချာစစ်ဆေးမှသာ စာချုပ်ပါအချက်အလက်နဲ့ ကွဲပြားမှု တွေကို သိရှိနိုင်မှာပါ။ မှတ်ပုံတင် ပါ အချက်အလက်တွေ၊တိုက်ခန်းမြေကွက် တည်နေရာတွေကိုလည်း စာချုပ်စာတမ်းနဲ့ ကိုက်ညီမှု ရှိ မရှိ တိုက်ဆိုင်စစ်ဆေးသင့်တယ်လို့ သိရပါတယ်။
နောက်တစ်ခု သတိထားရမှာကတော့ စာချုပ်ပါအချက်တချို့ကို အမှားပြင်ဆင် ချက်နဲ့ အမှားပြင်ဆင်တာတွေ ဖြစ်ပါ တယ်။ စာချုပ်ထဲမှာ အမှားတစ်စုံတစ်ရာ ရှိပါက ပြင်ဆင်ချက်ကို သေချာစွာ စစ်ဆေးရပါမယ်။ စာချုပ်တွေကို စစ်ဆေးတဲ့အခါ အမှားတွေ့ရင် correction pen ကို မသုံးဖို့ ကလည်း သတိပြုစရာတစ်ခု ဖြစ်တယ်လို့ သိရပါတယ်။ဘာကြောင့်လဲဆိုတော့ correction pen အသုံးပြုမိပြီး အမှား ပြင်ဆင်ချက်ကို initial sign (လက်မှတ်အတိုကောက်) ထိုးထားပေမဲ့ မသမာသူတွေက correction pen ကို အသုံးပြုပြီး ထပ်ပြီး အမှားပြင်ဆင်နိုင်တာကြောင့် ဖြစ်ပါ တယ်။
လက်မှတ်အတိုကောက်ထိုး စာချုပ်မှာ အမှားတွေ့ရှိမယ်ဆိုရင် လုပ်ဆောင်ရမယ့် အကောင်းဆုံးအချက် ကတော့ အမှားစကားလုံးပေါ်မှာ cross မျဉ်းတစ်ကြောင်းသာခြစ်ပြီး အပေါ်မှာ အမှားပြင်ဆင်ချက်ရေးကာ initial sign (လက်မှတ်အတိုကောက်) ထိုးပေးခြင်းပဲ ဖြစ်ပါတယ်။အခုလို အမှားမျိုးတွေကို စာချုပ်မှာ တွေ့ရှိလာတယ်ဆိုရင် အရောင်းအဝယ်ပိုင်းမှာ အခက်အခဲတချို့ရှိလာပြီး ပြဿနာတက်နိုင်တာကြောင့် ရောင်းသူနဲ့ ဝယ်သူကြားမှာ နှစ်ဦးသဘောတူ စာချုပ်အသစ် တစ်ခု ထပ်မံချုပ်ဆိုလို့ရတယ်လို့ သိရပါတယ်။ ဝယ်ယူသူအနေနဲ့ သံသယရှိတယ် ဆိုရင် ရောင်းသူကို မူရင်း ပထမပိုင်ရှင်နဲ့ တိုက်ရိုက် စာချုပ်ချုပ်ဆိုခွင့် တောင်းဆိုလို့ ရသလို ချုပ်ဆိုခွင့်လည်းရှိပါတယ်။ သက်သေထည့်သွင်းတဲ့ နေရာမှာလည်း နားလည်သူတွေကိုသာ သက်သေအဖြစ် ထည့်သွင်းသင့်တယ်ရပါတယ်။ဂရန်အကြောင်း ပြောကြတဲ့အခါ မြို့မြေဆိုတာ ဘာလဲ၊ အစိုးရမှ စီမံချထားနိုင်သော မြေဆိုတာ ဘာလဲဆိုတာကို အစပြုပြောရပါတယ်။ မြို့မြေ အဝန်းအဝိုင်းအတွင်း ကျရောက်ပြီး အစိုးရမှချထားနိုင်သောမြေ ဖြစ်မှ သာလျှင် ဂရန်ပေးလို့ ရပါတယ်။
(က) အစိုးရစီမံချထားပိုင်ခွင့် ရှိသောမြေ ( LAND AT THE DISPOSAL OF GOVERNMENT)၊
အစိုးရမှစီမံချထားပိုင်ခွင့်ရှိသောမြေ (Land atthe disposal of Government) ဆိုတာကတော့ မြို့မြေမှာ အသုံးများတဲ့ ဝေါဟာရတစ်ခုပါ။ Disposal Land လို့ ဖေါ်ကြပါတယ်။ အောက်မြန်မာပြည် မြို့နှင့် ကျေးရွာမြေများအက်ဥပဒေ ပုဒ်မ (၂)၊ ပုဒ်မ (၃)၊ ပုဒ်မ (၄)တို့မှာ ဖေါ်ပြထားချက်အရ မြို့မြေ ရွာမြေအဖြစ် သတ်မှတ်ထားတဲ့ ဧရိယာအတွင်း ကျရောက်ပြီး မည်သူ တစ်ဦးတစ်ယောက်ကိုမျှ အစိုးရ အနေဖြင့် အပိုင်ဖြစ်စေ၊ အငှားဖြစ်စေ ပေးအပ်ချထားခြင်း၊ မြေပိုင်ဆိုင်ခွင့် (သို့) မြေရှင် ဆိုင်ရာဆိုင်ခွင့် အတွက် မည်သူ့ကိုမျှ ပေးအပ်ထားခြင်း မရှိသေးတဲ့ မြေများ၊ လက်ရှိ ဦးပိုင်ပေါက် ပိုင်ဆိုင်ထားခြင်း မရှိတဲ့ မြေများ၊ မည်သူမျှ လက်ဝယ်ထားရှိပိုင်ခွင့် မရရှိသေးတဲ့ မြေများကို ခေါ်တာဖြစ်ပါတယ်။
အစိုးရမှ ချထားပိုင်ခွင့်ရှိတယ်ဆိုတဲ့ မြေထဲမှာ လူနေထိုင်ရန်အတွက်လည်းကောင်း၊ စိုက်ပျိုးရေးအတွက် လည်းကောင်း၊ အသုံးပြုခွင့် ရရှိထားတဲ့၊ သုံးနေတဲ့ မြေတွေ မပါရပါဘူး။ထို့အတူ ရုံး၊ စက်ရုံ အလုပ်ရုံ၊ တပ်ရင်းတပ်ဖွဲ့၊ မီးရထား၊ သစ်တော၊ ဆည်မြောင်း၊ လမ်း တံတားစတဲ့ အစိုးရဌာနများမှ အသုံး ပြုရန် သတ်မှတ်ထားပြီးတဲ့ မြေများလည်း မပါဝင်ပါဘူး။ ထို့အတူ သာသနာ၊ သုဿန်၊ အင်းအိုင် စတဲ့ သီးခြား သတ်မှတ် ချထားပေးပြီး မြေများလည်း မပါဝင်ပါဘူး။ ယခင်က Disposal Land ဖြစ်ခဲ့လို့ မြေငှား ဂရန် ထုတ်ပေးထားတဲ့ မြေသည်ပင် နိုင်ငံတော်ပိုင် မြေဖြစ်သော်လည်း အဆိုပါ ထုတ်ပေးထားတဲ့ မြေငှား ဂရန် သက်တမ်းကုန်ဆုံးခြင်း မရှိသေးသမျှ အစိုးရမှ ချထားပေးနိုင်မြေအဖြစ် ချထားပေးလို့ မရနိုင်သေးပါဘူး။
ဂရန်သက်တမ်းအရ သုံးစွဲခွင့် ကျန်ရှိနေသေးတဲ့မြေကို (Land at the disposal of Government) အစိုးရမှ ချထားနိုင်သောမြေလို့ မသတ်မှတ်နိုင်ပါဘူး။ တစ်ဦးတစ်ယောက်ကို ချပေးပြီးဖြစ်နေတဲ့ သက် တမ်းအတွင်း သက်တမ်းမကုန်မချင်း ယင်းမြေကွက်ကို အခြားတစ်ယောက်သို့ ပြောင်းလဲချထား၍မရပါဘူး။ချထားလိုရင်တော့ မူလအမှှုတွဲကို ပြန်လည် ဖျက်သိမ်းပေးရပါမယ်။ မူလချထားပေးမှုကို ပြန်ဖျက်မှ အစိုးရမြေလွတ် ပြန်ဖြစ်၊ ဒါမှသာ နောက် တစ်ယောက်ကို ချနိုင်ပါတယ်)။
သက်တမ်း မကုန်သေးတဲ့မြေကို ချထားမိရင် Law of Contract ပဋိဉာဉ်ဥပဒေကို ဖေါက်ဖျက်ရာ ကျပါတယ်။ မြေတစ်ကွက်ကို ဂရန် ချထားပေးနိုင်ရန်မှာ အစိုးရမှ ချထားပေးပိုင်ခွင့် ရှိသောမြေ ဖြစ်မှသာလျှင် ချထားပေးနှိုင်တာ ဖြစ်တဲ့အတွက် အစိုးရမှ ချထားပေးပိုင်ခွင့် ရှိသောမြေဟုတ်/မဟုတ်အတွက် မြေယာ မှတ်တမ်းထိန်းသိမ်းကိုင်တွယ်တဲ့ မြေစာရင်းဌာနရဲ့ မှတ်ချက်ဟာ အလွန် အရေးပါတယ်ဆိုတာ သတိပြု ရပါမယ်။ အစိုးရမှ ချထားပေးပိုင်ခွင့်ရှိသောမြေ မဟုတ်ရင် မဟုတ်ကြောင်းကို မြေစာရင်းရဲ့ ပြန်ကြားချက် မှာ တိတိကျကျ ဖေါ်ပြရန် လိုပါတယ်။
ဖော်ပြပါအချက်တွေက ဗဟုဟုတမှဝေပြီး စာဖြင့်ရေးသားဖော်ပြချင်းတို့ကြောင့် အလုံးစုံအပြည့်အဝတော့ မဟုတ်သေးပါဘူး။ နိုင်ငံတော်ကချမှတ်ထားတဲ့ဥပဒေများနှင့် သက်ဆိုင်ရာ ဥပဒေကိုလည်း ထပ်မံလေ့လာသိရှိဖို့လည်း လိုပါသေးတယ်။ ဘယ်လိုအလုပ်မျိုးပဲဖြစ်ပါစေ ကြိုတင်ပြင်ဆင်မှုများများရှိလေးအောင်မြင်လေပါပဲ။ ဒါကြောင့် ကိုယ့်ပိုင်ဆိုင်မှုမှုများ ဆုံးရှုံးများမရှိစေရန် အတွက် အသေအချာစုံစမ်းလေ့လာဖို့ လိုပါတယ်။
လေ့လာမှတ်သားစရာ အိမ်ခြံမြေဗဟုသုတများ
ဒီမြေမှာအိမ်ဆောက်ရင် အိမ်ရှင်ဟာစီးပွားတက်မယ်
တိုက်နဲ့ပဲနေနေ တဲနဲ့ပဲနေနေ ဒါတွေ လုံးဝ မလုပ်ပါနဲ့
လယ်ယာမြေ အများကြီးဝယ်ထားသူတွေအတွက် ဘယ်လိုအခွင့်အရေးတွေရှိမလဲ
Zawgyi
ဂရန္ဆိုတာ သိပ္ကိုရင္းႏွီးကြၽမ္းဝင္တဲ့စကားေလးပါ။ ျမန္မာႏိုင္ံငံမွာေနထိုင္ၾကတဲ့သူေတြဟာ အိမ္ရာပိုင္ဆိုင္မႈကို သက္ေသခံတဲ့ ေျမငွားစာခ်ဳပ္ေလးတစ္ခုျဖစ္ေနလို႔ပါ။ ဥစၥာပိုင္ဆိုင္မႈကို အရင္းတည္တာျဖစ္တာေၾကာင့္ သူသည္ အေရးပါလြန္းေနသည္။ ဒါေပမယ့္ သူရဲ႕အားနည္းခ်က္ အားသာခ်က္ကိုေတာ့ သိရွိသူနည္းဥိးမယ္ထင္ပါတယ္။ ဒါေၾကာင့္မို႔ သိၿပီးသားသူေရာ မသိေသးတဲ့သူေရာ ထပ္သိခ်င္တဲ့သူေတြအတြက္ ႐ိုးစင္းစြာနဲ႔ ေဖာ္ျပေပးလိုက္ပါရေစ။ဂရန္ဆိုသည္မွာမည္သို႔နည္း။
၁။ ၿမိဳ႕ေျမမ်ားမွာ လူေနထိုင္ရန္(Residential Purposes)အတြက္ျဖစ္ေစ၊ စီးပြားေရး၊ လူမႈေရး၊ ပညာေရး၊က်န္းမာေရး၊ ၿမိဳ႕ျပဖြံ႕ၿဖိဳးေရး၊ စည္ပင္သာယာေရး စတဲ့ ကိစၥရပ္မ်ားအတြက္ ျဖစ္ေစ၊ ၿမိဳ႕ေျမကိုတနည္းနည္း အသုံးျပဳလိုရင္ အစိုးရထံက ေျမငွားစာခ်ဳပ္နဲ႔ ေျမငွားရမ္းသုံးစြဲခြင့္ ေလွ်ာက္ထားရပါတယ္။ေျမငွားစာခ်ဳပ္ကို ဂရန္(Lease)လို႔ ေခၚပါတယ္။ အပိုင္သေဘာမ်ိဳး ခ်ထားတာကေတာ့ Grant လို႔ ေခၚပါတယ္။ အခုေတာ့ Grant ေရာ၊ Lease ေရာကို ဂရန္လို႔ပဲ ေခၚၾကပါတယ္။
ဂရန္ ကိုဘယ္လိုေလွ်ာက္ရလဲ။
၂။ အစိုးရေျမကို (ငွားရမ္း)အသုံးျပဳလိုတဲ့ ပုဂၢလိကမ်ား၊ ႒ာနဆိုင္ရာအဖြဲ႕အစည္းမ်ား၊ အသင္းမ်ားအေနနဲ႔ သက္ဆိုင္ရာ ခ႐ိုင္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီး႒ာန၊ ေကာ္လိပ္ေတာ္အရာရွိထံ လိပ္မူၿပီး ဂရန္ေလွ်ာက္ထားၾကရပါတယ္။ အဲဒီအခါမွာ သက္ဆိုင္ရာ ခ႐ိုင္/ၿမိဳ႕နယ္မ်ားရွိ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီး႒ာနမ်ားက ေလွ်ာက္လႊာကို လက္ခံၿပီး အမႈတြဲ ဖြင့္လွစ္ေဆာင္႐ြက္ရမွာ ျဖစ္ပါတယ္။ ထို႔ေနာက္ အမႈတြဲကို ေၾကးတိုင္ႏွင့္ေျမစာရင္းဦးစီး႒ာနရဲ႕ ၿမိဳ႕နယ္ေျမစာရင္းဦးစီး႒ာန႐ုံးမ်ားထံသို႔ အစိုးရမွ ခ်ထားေပးႏိုင္ေသာ ေျမ ဟုတ္-မဟုတ္ႏွင့္ ေျမရာဇဝင္ကို စိစစ္ မွတ္ခ်က္ျပဳ ျပန္ၾကားေပးရန္လႊဲေျပာင္းေပးပို႔ေလ့ရွိပါတယ္။
ေပးပို႔တဲ့ ၿမိဳ႕/ ေျမ ဂရန္အမႈတြဲေတြကို ၿမိဳ႕နယ္ေျမစာရင္းဦးစီး႒ာနက မိမိ႒ာနမွာရွိတဲ့ ၿမိဳ႕ကြက္ေျမပုံ(Block Maps)၊ ေျမရာဇဝင္မွတ္တမ္း(1-A Register)ေတြနဲ႔ တိုက္ဆိုင္စိစစ္ၿပီး ေလွ်ာက္ထားတဲ့ ေျမေနရာအတြက္ ေျမရာဇဝင္ မွတ္တမ္း ေဖာ္ျပေပးျခင္း၊ ယင္းေျမေနရာသည္ အစိုးရ ေျမလြတ္ေျမလပ္ ဟုတ္-မဟုတ္ႏွင့္ အစိုးရမွ ခ်ထားေပးႏိုင္ေသာေျမ Disposal Land ဟုတ္-မဟုတ္ မွတ္ခ်က္ျပဳျခင္း၊ ၿမိဳ႕ေျမ ဧရိယာအတြင္း က်ေရာက္ျခင္း ရွိ-မရွိနဲ႔ အစိုးရအေဆာက္အဦးႏွင့္ အျခားကိစၥမ်ား အသုံးျပဳရန္ လ်ာထားေျမမ်ားအတြင္း က်ေရာက္ျခင္း ရွိ-မရွိတို႔ကို စိစစ္ေပးျခင္း၊ ေျမတန္ဖိုးနဲ႔ ေျမငွားခမ်ား တြက္ခ်က္ေပးျခင္း စတဲ့ကိစၥရပ္ေတြကို ေဆာင္႐ြက္ေပးရပါတယ္။
ဂရန္ထုတ္ေပးတာက ေထြ/အုပ္ ျဖစ္ၿပီး၊ ေျမကို စိစစ္ေပးတာက ေျမစာရင္း႒ာန ျဖစ္ပါတယ္။ဂရန္ခ်ထားေပးမႈအတြက္ ေထြ/အုပ္(G.A)ကသာ အဓိကတာဝန္ခံ ေဆာင္႐ြက္ပိုင္ခြင့္ရွိၿပီး ေျမစာရင္း႒ာနက ေျမပုံ(ေျမစာရင္း-၁၀၅)၊ ေျမယာဇဝင္(ေျမစာရင္း-၁၀၆)နဲ႔ ေျမေပၚလက္ရွိျဖစ္မႈ အေျခအေနကိုသာ စိစစ္ျပန္ၾကားရန္ တာဝန္ခံရတာျဖစ္ေပမယ့္ ေျမဆိုရင္ ေျမစာရင္းက လုပ္တာပဲဆိုတဲ့ အစြဲရွိေလေတာ့ ဂရန္ကိစၥနဲ႔ တိုင္ၾကၿပီဆိုရင္ ေျမစာရင္း႒ာနကိုခ်ည္း ဦးတည္ၿပီး ေျမစာရင္းက မတရားဂရန္ထုတ္ေပးထားပါတယ္ ဆိုတဲ့ အေၾကာင္းျပခ်က္နဲ႔ တိုင္တန္းစာပို႔ၾကပါတယ္။ေျမႏွင့္အခြန္ေတာ္ လက္စြဲဥပေဒ၊ အထက္ျမန္မာျပည္ ေျမႏွင့္အခြန္ေတာ္ စည္းမ်ဥ္းဥပေဒ၊ ေအာက္ျမန္မာျပည္ ၿမိဳ႕ႏွင့္ေက်း႐ြာမ်ားဥပေဒတို႔က ျပ႒ာန္းထားရွိတဲ့ လုပ္ထုံးလုပ္နည္းေတြနဲ႔ ႒ာန ၂ ခုရဲ႕ သမားစဥ္ လုပ္ငန္းေတြကို သတ္မွတ္ထားၿပီးသား ျဖစ္တာကို တိုင္တန္းတဲ့သူေတြ ေသေသခ်ာခ်ာ သေဘာမေပါက္ၾကပါဘူး။ ဂရန္ဆို ေျမစာရင္းက ထုတ္ေပးေနတယ္ ထင္ၾကတာလည္း ျဖစ္ပါတယ္။
စာ႐ြက္စာတမ္းသေဘာအရ ႏိုင္ငံေတာ္အစိုးရက ခ်လန္ေပးထားၿပီးေတာ့မွ ေျမခ် ပါမစ္ထုတ္ေပးတာ ျဖစ္ပါတယ္။ ဂရန္ေလွ်ာက္ ေတာ့မယ္ဆိုရင္ေတာ့ ပိုင္ရွင္ဆီမွာရွိတဲ့ ပါမစ္စာ႐ြက္စာတမ္း အျပည့္အစုံကို ဌာနကို ျပန္အပ္ၿပီးမွ ဂရန္ေလွ်ာက္ထားလို႔ရမွာ ျဖစ္ပါတယ္။တခ်ိဳ႕က ပါမစ္ကို ျပန္အပ္ရမွာ မအပ္ဘဲနဲ႔။တစ္ေယာက္ေယာက္ကို ေရာင္းျခင္း ဆိုရင္ တရားဝင္စစ္ေဆး လို႔ရေၾကာင္း ၊ ပါမစ္လား ဂရန္ ေ ေလွာက္ ထားျခင္းရွိလား မရွိဘူးလားဆိုတာကို တရားဝင္စစ္ေဆးထားရင္ေတာ့ ျပသနာမရွိေၾကာင္း အိမ္ၿခံေျမအက်ိဳးေဆာင္မွတာဝန္ရွိက၎ရဲ႕ သုံးသပ္ခ်က္ကိုဆိုသည္။
တခ်ိဳ႕ေျမကြက္ပိုင္ရွင္ေတြက သူတို႔ အရင္ေရာင္းထားၿပီးသား ပါမစ္ေျမကြက္ေတြကို ေနာက္လူကို ထပ္ေရာင္းခ်င္တာေၾကာင့္ သူတို႔ဆီမွာရွိေနေသးတဲ့ အေထာက္အထားတခ်ိဳ႕နဲ႔ ႏိုင္ငံပိုင္သတင္း စာမွာ ေၾကာ္ျငာေတြထည့္ၾကရပါတယ္။ေျမကြက္ကို ပိုင္ဆိုင္ထားတဲ့ လက္ရွိပိုင္ရွင္က ၎ေၾကာ္ျငာစာကို မေတြ႕ခဲ့ရင္ ဂရန္ရသြားႏိုင္ၿပီး ဝယ္ယူထားတဲ့ေျမကြက္နဲ႔ ပတ္သက္ၿပီး အရႈပ္အရွင္းေတြ ျဖစ္လာႏိုင္တာေတြလည္း ရွိပါတယ္။
တခ်ိဳ႕ကေတာ့ ေျမကိစၥကို နားမလည္ၾကပါဘူး။ အရပ္ ပြဲစားေတြကလဲ နားမလည္ေတာ့ ပါမစ္အစစ္မွန္း အတုမွန္း မသိရာက ျဖစ္လာတာကေန ျပသနာျဖစ္ေပၚလာတက္ၾကတာပါ။ပါမစ္ေျမလား၊ ဂရန္ေျမလားဆိုတာကို ေသခ်ာသိဖို႔လိုအပ္သလို စရန္မ႐ိုက္ခင္ ႐ုံးမွာ သြားစစ္သင့္ပါတယ္။ မွန္တယ္ဆိုမွ စရံေပးခ်င္ရမွာ ျဖစ္ၿပီးေတာ့ နာမည္ေပါက္ ေသခ်ာၿပီဆိုရင္ေတာ့ ေငြအေက် ေခ်လို႔ရပါၿပီ။
ဂရန္ေျမကို ခြဲစိတ္မယ္ရင္ သိသင့္တဲ့အခ်က္ေတြကို ေဖာ္ျပပါတယ္။ဘိုးဘြားပိုင္ေျမ၊ ေျမပိုင္ေျမနဲ႔ ဂရန္ေျမေတြကို ခြဲစိတ္ႏိုင္ပါတယ္။ ဂရန္ခြဲစိတ္ဖို႔ ဆိုရင္ (က) ခြဲစိတ္ၿပီးေျမဟာ မ်က္ႏွာစာ အနည္းဆုံးေပ (၂၀) ရွိရပါမယ္။ (ခ) ခြဲစိတ္ၿပီး ေျမဧရိယာ အနည္းဆုံး စတုရန္းေပ ၁၂၀၀ ရွိရပါမယ္။ (ဂ) ခြဲစိတ္ၿပီး ေျမကြက္အားလုံး ဝင္လမ္းထြက္လမ္း ရွိရပါမယ္။ စည္ပင္လမ္းမရွိရင္ ပုဂၢလိကလမ္း လ်ာထားရပါမယ္။
ေလွ်ာက္ထားရမွာလိုအပ္တဲ့ အေထာက္အထား
၁။ ႏိုင္ငံသားစိစစ္ေရးကတ္မိတၳဴ
၂။ မွတ္ပုံတင္စာခ်ဳပ္စာတမ္းမ်ား၊ တရား႐ုံးအမိန႔္ ဒီဂရီ၊ ေသတမ္းစာအတည္ျပဳ လက္မွတ္၊
အေမြဆက္ခံခြင့္လက္မွတ္၊ က်မ္းက်ိန္လႊာ၊ မွတ္ပုံတင္ထားတဲ့ အထူးကိုယ္စားလွယ္လႊဲစာ (သို႔)
အေထြေထြ ကိုယ္စားလွယ္လႊဲစာ မိတၳဴမ်ား။
၃။ ေျမကြက္ရဲ႕အစိတ္ပိုင္းျဖစ္ရင္ ခြဲစိတ္မႈကို ေျမကြက္ပူးတြဲပိုင္ရွင္ရဲ႕ သေဘာတူညီခ်က္နဲ႔ သူ႔ရဲ႕မွတ္ပုံတင္မိတၳဴတို႔ လိုအပ္ပါတယ္။
ေျမကြက္ခြဲစိတ္ရာမွာ ေအာက္ပါလုပ္ငန္းေတြ ေဆာင္႐ြတ္ဖို႔ လိုအပ္ပါတယ္။
၁။ ေျမကြက္ခြဲစိတ္ဖို႔ ေျမပုံ ေျမရာဇဝင္ေလွ်ာက္ထားျခင္း။
၂။ ေျမတိုင္းေလွ်ာက္ထားျခင္း။
၃။ ျပင္ပလိုင္စင္ အင္ဂ်င္နီယာနဲ႔ မိမိႏွစ္သက္သည့္အတိုင္း အဆိုပါေျမပုံေရးဆြဲျခင္း။
၄။ အဆိုပါခြဲစိတ္ေျမပုံသည္(က) ဂရန္ေျမျဖစ္ပါက ဌာနကို အတည္ျပဳခ်က္ ရယူျခင္း၊
(ခ) ေျမပိုင္ ေျမျဖစ္ပါက စည္ပင္ အင္ဂ်င္နီယာ(အေဆာက္အအုံ) တင္ျပအတည္ျပဳခ်က္ေလွ်ာက္ထားျခင္း။
၅။ ေျမတိုင္းေလွ်ာက္ထားျခင္း။
၆။ အမွားျပင္၊ ေျမပုံရာဇဝင္ေလွ်ာက္ထားျခင္း။
၇။ စာခ်ဳပ္စာတမ္းမွတ္ပုံတင္႐ုံးတြင္ အမွားျပင္ဆင္ စာခ်ဳပ္ခ်ဳပ္ဆိုျခင္း။
၈။ ဂရန္ေျမျဖစ္ပါက ေျမစာရင္းတြင္ ဂရန္စာခ်ဳပ္ ခြဲစိတ္ေပးရန္ႏွင့္ ေျမပိုင္ေျမျဖစ္ပါက
ေျမကြက္ခြဲစိတ္ျခင္းအား မွတ္တမ္းတင္ေပးရန္ ေလွ်ာက္ထားျခင္းတို႔ လုပ္ေဆာင္ရမွာ ျဖစ္ပါတယ္။စိစစ္ၿပီး ျပည့္စုံမွန္ကန္ပါက လုပ္ထုံးလုပ္နည္းမ်ားႏွင့္ အညီတိုင္းတာၿပီး ေျမစာရင္းတြင္ တရားဝင္ခြဲစိတ္ခြင့္ျပဳပါသည္။
အိမ္ၿခံေျမဆိုင္ရာ စာခ်ဳပ္ခ်ဳပ္ဆိုတဲ့ အခါမွာ သတိထားရမယ့္ အခ်က္ေတြနဲ႔ အေရးႀကီးအခ်က္ေတြကိုေရာင္းဝယ္သူ တခ်ိဳ႕အမွတ္တမဲ့ ထားရွိတတ္ပါတယ္။ ေျမ အမ်ိဳးအစားအလိုက္ ပိုင္ဆိုင္မႈအေထာက္အထားေတြကို နားလည္တတ္ကြၽမ္းသူ ေတြနဲ႔ စစ္ေဆးသ င့္ပါတယ္။ ဝယ္ေရာင္း တခ်ိဳ႕က စာ႐ြက္စာတမ္းေတြကို အေပၚယံေလာက္ပဲ ၾကည့္ရႈစစ္ေဆးတတ္ၾကတာ ေၾကာင့္ ေသခ်ာစစ္ေဆးဖို႔ လိုအပ္ပါတယ္။ ယခုေနာက္ပိုင္းမွာ ဂရန္၊ စလစ္ေျမ၊ ပါမစ္ေျမေတြရဲ႕ စာ႐ြက္စာတမ္း အတုေတြ ထြက္ေနတဲ့အတြက္ ေသခ်ာစစ္ ေဆးသင့္တာ ျဖစ္တယ္လို႔ သိရပါတယ္။ ဒါေတြကို ကိုယ္တိုင္မစစ္ေဆးဘူး။ မေလ့လာထားဘူးဆိုရင္ နစ္နာသူက မိမိကိုယ္တိုင္ျဖစ္တယ္ဆိုတာ သိထားရမွာပါ။
စာခ်ဳပ္စာတမ္းပါ အခ်က္အလက္ ေတြကိုလည္း ေသခ်ာစြာဖတ္ရႈသင့္ပါ တယ္။ ေငြေၾကးဆိုင္ရာ ကိန္းဂဏန္းေတြ၊ ရက္စြဲေ တြ၊ စာခ်ဳပ္ပါစကားလုံးေတြကို တစ္လုံး ခ်င္းစီ ေသေသခ်ာခ်ာစစ္ေဆးမွသာ စာခ်ဳပ္ပါအခ်က္အလက္နဲ႔ ကြဲျပားမႈ ေတြကို သိရွိႏိုင္မွာ ပါ။ မွတ္ပုံတင္ ပါ အခ်က္အလက္ေတြ၊တိုက္ခန္းေျမကြက္ တည္ေနရာေတြကိုလည္း စာခ်ဳပ္စာတမ္းနဲ႔ ကိုက္ညီမႈ ရွိ မရွိ တိုက္ဆိုင္စစ္ေဆးသင့္တယ္လို႔ သိရပါတယ္။
ေနာက္တစ္ခု သတိထားရမွာကေတာ့ စာခ်ဳပ္ပါအခ်က္တခ်ိဳ႕ကို အမွားျပင္ဆင္ ခ်က္နဲ႔ အမွားျပင္ဆင္တာေတြ ျဖစ္ပါ တယ္။ စာခ်ဳပ္ထဲမွာ အမွားတစ္စုံတစ္ရာ ရွိပါက ျပင္ဆင္ခ်က္ကို ေသခ်ာစြာ စစ္ေဆးရပါမယ္။ စာခ်ဳပ္ေတြကို စစ္ေဆးတဲ့အခါ အမွားေတြ႕ရင္ correction pen ကို မသုံးဖို႔ ကလည္း သတိျပဳစရာတစ္ခု ျဖစ္တယ္လို႔ သိရပါတယ္။ဘာေၾကာင့္လဲဆိုေတာ့ correction pen အ သုံးျပဳမိၿပီး အမွား ျပင္ဆင္ခ်က္ကို initial sign (လက္မွတ္အတိုေကာက္) ထိုးထားေပမဲ့ မသမာသူေတြက correction pen ကို အသုံးျ ပဳၿပီး ထပ္ၿပီး အမွားျပင္ဆင္ႏိုင္တာေၾကာင့္ ျဖစ္ပါ တယ္။
လက္မွတ္အတိုေကာက္ထိုး စာခ်ဳပ္မွာ အမွားေတြ႕ရွိမယ္ဆိုရင္ လုပ္ေဆာင္ရမယ့္ အေကာင္းဆုံးအခ်က္ ကေတာ့ အမွားစကားလုံးေပၚမွာ cross မ်ဥ္းတစ္ေၾကာင္းသာျခစ္ၿပီး အေပၚမွာ အမွားျပင္ဆင္ခ်က္ေရးကာ initial sign (လက္မွတ္အတိုေကာက္) ထိုးေပးျခင္းပဲ ျဖစ္ပါတယ္။အခုလို အမွားမ်ိဳးေတြကို စာခ်ဳပ္မွာ ေတြ႕ရွိလာတယ္ဆိုရင္ အေရာင္းအဝယ္ပိုင္းမွာ အခက္အခဲတခ်ိဳ႕ရွိလာၿပီး ျပႆနာတက္ႏိုင္တာေၾကာင့္ ေရာင္းသူနဲ႔ ဝယ္သူၾကားမွာ ႏွစ္ဦးသေဘာတူ စာခ်ဳပ္အသစ္ တစ္ခု ထပ္မံခ်ဳပ္ဆိုလို႔ရတယ္လို႔ သိရပါတယ္။ ဝယ္ယူသူအေနနဲ႔ သံသယရွိတယ္ ဆိုရင္ ေရာင္းသူကို မူရင္း ပထမပိုင္ရွင္နဲ႔ တိုက္႐ိုက္ စာခ်ဳပ္ခ်ဳပ္ဆိုခြင့္ ေတာင္းဆိုလို႔ ရသလို ခ်ဳပ္ဆိုခြင့္လည္းရွိပါတယ္။ သက္ေသထည့္သြင္းတဲ့ ေနရာမွာလည္း နားလည္သူေတြကိုသာ သက္ေသအျဖစ္ ထည့္သြင္းသင့္တယ္ရပါတယ္။ဂရန္အေၾကာင္း ေျပာၾကတဲ့အခါ ၿမိဳ႕ေျမဆိုတာ ဘာလဲ၊ အစိုးရမွ စီမံခ်ထားႏိုင္ေသာ ေျမဆိုတာ ဘာလဲဆိုတာကို အစျပဳေျပာရပါတယ္။ ၿမိဳ႕ေျမ အဝန္းအဝိုင္းအတြင္း က်ေရာက္ၿပီး အစိုးရမွ ခ်ထားႏိုင္ေသာေျမ ျဖစ္မွ သာလွ်င္ ဂရန္ေပးလို႔ ရပါတယ္။
(က) အစိုးရစီမံခ်ထားပိုင္ခြင့္ ရွိေသာေျမ ( LAND AT THE DISPOSAL OF GOVERNMENT)၊
အစိုးရမွစီမံခ်ထားပိုင္ခြင့္ရွိေသာေျမ (Land atthe disposal of Government) ဆိုတာကေတာ့ ၿမိဳ႕ေျမမွာ အသုံးမ်ားတဲ့ ေဝါဟာရတစ္ခုပါ။ Disposal Land လို႔ ေဖၚၾကပါတယ္။ ေအာက္ျမန္မာျပည္ ၿမိဳ႕ႏွင့္ ေက်း႐ြာေျမမ်ားအက္ဥပေဒ ပုဒ္မ (၂)၊ ပုဒ္မ (၃)၊ ပုဒ္မ (၄)တို႔မွာ ေဖၚျပထားခ်က္အရ ၿမိဳ႕ေျမ ႐ြာေျမအျဖစ္ သတ္မွတ္ထားတဲ့ ဧရိယာအတြင္း က်ေရာက္ၿပီး မည္သူ တစ္ဦးတစ္ေယာက္ကိုမွ် အစိုးရ အေနျဖင့္ အပိုင္ျဖစ္ေစ၊ အငွားျဖစ္ေစ ေပးအပ္ခ်ထားျခင္း၊ ေျမပိုင္ဆိုင္ခြင့္ (သို႔) ေျမရွင္ ဆိုင္ရာဆိုင္ခြင့္ အတြက္ မည္သူ႔ကိုမွ် ေပးအပ္ထားျခင္း မရွိေသးတဲ့ ေျမမ်ား၊ လက္ရွိ ဦးပိုင္ေပါက္ ပိုင္ဆိုင္ထားျခင္း မရွိတဲ့ ေျမမ်ား၊ မည္သူမွ် လက္ဝယ္ထားရွိပိုင္ခြင့္ မရရွိေသးတဲ့ ေျမမ်ားကို ေခၚတာျဖစ္ပါတယ္။
အစိုးရမွ ခ်ထားပိုင္ခြင့္ရွိတယ္ဆိုတဲ့ ေျမထဲမွာ လူေနထိုင္ရန္အတြက္လည္းေကာင္း၊ စိုက္ပ်ိဳးေရးအတြက္ လည္းေကာင္း၊ အသုံးျပဳခြင့္ ရရွိထားတဲ့၊ သုံးေနတဲ့ ေျမေတြ မပါရပါဘူး။ထို႔အတူ ႐ုံး၊ စက္႐ုံ အလုပ္႐ုံ၊ တပ္ရင္းတပ္ဖြဲ႕၊ မီးရထား၊ သစ္ေတာ၊ ဆည္ေျမာင္း၊ လမ္း တံတားစတဲ့ အစိုးရဌာနမ်ားမွ အသုံး ျပဳရန္ သတ္မွတ္ထားၿပီးတဲ့ ေျမမ်ားလည္း မပါဝင္ပါဘူး။ ထို႔အတူ သာသနာ၊ သုႆန္၊ အင္းအိုင္ စတဲ့ သီးျခား သတ္မွတ္ ခ်ထားေပးၿပီး ေျမမ်ားလည္း မပါဝင္ပါဘူး။ ယခင္က Disposal Land ျဖစ္ခဲ့လို႔ ေျမငွား ဂရန္ ထုတ္ေပးထားတဲ့ ေျမသည္ပင္ ႏိုင္ငံေတာ္ပိုင္ ေျမျဖစ္ေသာ္လည္း အဆိုပါ ထုတ္ေပးထားတဲ့ ေျမငွား ဂရန္ သက္တမ္းကုန္ဆုံးျခင္း မရွိေသးသမွ် အစိုးရမွ ခ်ထားေပးႏိုင္ေျမအျဖစ္ ခ်ထားေပးလို႔ မရႏိုင္ေသးပါဘူး။
ဂရန္သက္တမ္းအရ သုံးစြဲခြင့္ က်န္ရွိေနေသးတဲ့ေျမကို (Land at the disposal of Government) အစိုးရမွ ခ်ထားႏိုင္ေသာေျမလို႔ မသတ္မွတ္ႏိုင္ပါဘူး။ တစ္ဦးတစ္ေယာက္ကို ခ်ေပးၿပီးျဖစ္ေနတဲ့ သက္ တမ္းအတြင္း သက္တမ္းမကုန္မခ်င္း ယင္းေျမကြက္ကို အျခားတစ္ေယာက္သို႔ ေျပာင္းလဲခ်ထား၍မရပါဘူး။ခ်ထားလိုရင္ေတာ့ မူလအမွႈတြဲကို ျပန္လည္ ဖ်က္သိမ္းေပးရပါမယ္။ မူလခ်ထားေပးမႈကို ျပန္ဖ်က္မွ အစိုးရေျမလြတ္ ျပန္ျဖစ္၊ ဒါမွသာ ေနာက္ တစ္ေယာက္ကို ခ်ႏိုင္ပါတယ္)။
သက္တမ္း မကုန္ေသးတဲ့ေျမကို ခ်ထားမိရင္ Law of Contract ပဋိဉာဥ္ဥပေဒကို ေဖါက္ဖ်က္ရာက်ပါတယ္။ ေျမတစ္ကြက္ကို ဂရန္ ခ်ထားေပးႏိုင္ရန္မွာ အစိုးရမွ ခ်ထားေပးပိုင္ခြင့္ ရွိေသာေျမ ျဖစ္မွသာလွ်င္ ခ်ထားေပးႏႈိင္တာ ျဖစ္တဲ့အတြက္ အစိုးရမွ ခ်ထားေပးပိုင္ခြင့္ ရွိေသာေျမ ဟုတ္/မဟုတ္အတြက္ ေျမယာ မွတ္တမ္းထိန္းသိမ္းကိုင္တြယ္တဲ့ ေျမစာရင္းဌာနရဲ႕ မွတ္ခ်က္ဟာ အလြန္ အေရးပါတယ္ဆိုတာ သတိျပဳ ရပါမယ္။ အစိုးရမွ ခ်ထားေပးပိုင္ခြင့္ရွိေသာေျမ မဟုတ္ရင္ မဟုတ္ေၾကာင္းကို ေျမစာရင္းရဲ႕ ျပန္ၾကားခ်က္ မွာ တိတိက်က် ေဖၚျပရန္ လိုပါတယ္။
ေဖာ္ျပပါအခ်က္ေတြက ဗဟုဟုတမွေဝၿပီး စာျဖင့္ေရးသားေဖာ္ျပခ်င္းတို႔ေၾကာင့္ အလုံးစုံအျပည့္အဝေတာ့ မဟုတ္ေသးပါဘူး။ ႏိုင္ငံေတာ္ကခ်မွတ္ထားတဲ့ဥပေဒမ်ားႏွင့္ သက္ဆိုင္ရာ ဥပေဒကိုလည္း ထပ္မံေလ့လာသိရွိဖို႔လည္း လိုပါေသးတယ္။ ဘယ္လိုအလုပ္မ်ိဳးပဲျဖစ္ပါေစ ႀကိဳတင္ျပင္ဆင္မႈမ်ားမ်ားရွိေလးေအာင္ျမင္ေလပါပဲ။ ဒါေၾကာင့္ ကိုယ့္ပိုင္ဆိုင္မႈမႈမ်ား ဆုံးရႈံးမ်ားမရွိေစရန္ အတြက္ အေသအခ်ာစုံစမ္းေလ့လာဖို႔ လိုပါတယ္။
ေလ့လာမွတ္သားစရာ အိမ္ၿခံေျမဗဟုသုတမ်ား
ဒီေျမမွာအိမ္ေဆာက္ရင္ အိမ္ရွင္ဟာစီးပြားတက္မယ္
တိုက္နဲ႔ပဲေနေန တဲနဲ႔ပဲေနေန ဒါေတြ လုံးဝ မလုပ္ပါနဲ႔
လယ္ယာေျမ အမ်ားႀကီးဝယ္ထားသူေတြအတြက္ ဘယ္လိုအခြင့္အေရးေတြရွိမလဲ
Written By : Khine Zar (ShweProperty.com)
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ