By Myanmar Property News, Shweproperty.com
Updated at 28 November 2017
တစ်ချို့သောစာဖတ်သူများက မြေဝယ်ချင်လို့ ဘယ်လိုများ ဝယ်ရမလဲဆိုတဲ့ မြေဝယ်နည်းများကိုမေးမြန်းလာတဲ့ အတွက် မြေဝယ်ယူပုံလေးကို ရေးသားတင်ဆက်လိုပါ တယ်။
လူကြီးမင်းတို့ဟာ ဂရံမြေတစ်ကွက်ကို ဝယ်ယူရန်အတွက် မြေအမည်ပေါက် ပိုင်ရှင်နဲ့ သွားရောက်တွေဆုံခဲ့သည် ဆိုပါစို့။
* ဒါဆိုပထမဆုံးလုပ်ရမယ့်အလုပ်ကမြေဈေးကိုညှိရပါမယ်။ ပိုင်ရှင်ခေါ်ဈေးနဲ့ လူကြီးမင်းတို့ရဲ့ ပေးနိုင်မယ့်ဈေးကို ညှိရပါမယ်။
** ဈေးညှိပြီးလို့ ကြိုက်ပြီဆိုတာနဲ့ ဝယ်ယူမည့်မြေကွက်ရဲ့ ဂရံ နှင့် ဆက်စပ် အရောင်း အဝယ်စာချုပ်တို့ကို တောင်းယူကြည့်ရှု့ပြီး အမည်ပေါက်မြေပိုင်ရှင်က ရောင်းခြင်းဟုတ်/မဟုတ် ကိုလေ့လာရပါမယ်။
* အမည်ပေါက်မြေပိုင်ရှင် ရောင်းသည်ဆိုပါက အရောင်းအဝယ်အတွက် စရံငွေ ပေးချေလို့ရပါပြီ။
* စရံငွေအချို့ ပေးချေသည့်နေ့၌ ယင်းမြေကွက်၏ မြေဂရံမူရင်းအားမှန်ကန်ခြင်း ရှိ / မရှိ သက်ဆိုင်ရာ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ (သို့) အိုးအိမ်ဦးစီးဌာန အစရှိသည်တို့၌ သွားရောက်စစ်ဆေးရပါမည်။
* မှန်ကန်ပါက ယင်းမြေကွက်နှင့် သက်ဆိုင်ပတ်သက်သော စာချုပ်စာတမ်းများကို မိတ္ထူတစ်စုံကူးယူထားရပါမည်။
* ၎င်းအပြင် နိုင်ငံပိုင်သတင်းစာ၌ ယင်းမြေကွက်နှင့် ပတ်သက်ပြီး စရံငွေတချို့ပေးချေထားပြီးဖြစ်၍ ကန့်ကွက်လိုသူများရှိပါက လာရောက်ကန့်ကွက်နိုင်ကြောင်း သတင်းစာကြော်ငြာထည့်သွင်းရပါမည်။
** အရောင်းအဝယ် စာချုပ်ချုပ်ဆိုနိုင်ရန် အတွက် မြေကွက်ပိုင်ရှင်အား ၎င်း၏ ကုန်ကျစရိတ်နှင့် အရောင်းမြေပုံကူးယူပေးရန် တောင်းဆိုရပါမည်။
* သတင်းစာ၌ ကန့်ကွက်ရန် ရှိ/မရှိ ကြော်ငြာထည့်သွင်းပြီး (၁၄) ရက်ပြည့်သည့်တိုင် လာရောက်ကန့်ကွက်မည့်သူ မရှိပါက အရောင်းအဝယ်အား ဆက်လက် ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။
** မြေကွက်နှင့်ပတ်သက်ပြီး နောက်ဆုံးကျန်ငွေအား ဝယ်ယူသူမှ ရောင်းချသူသို့ ပေးချေမည့်နေ့တွင်
ရောင်းချသူထံမှ - - ရောင်းချမည့် မြေကွက် နှင့်တကွ - ဂရံမူရင်း၊ မြေခွန်မူရင်း၊ ရေခွန်မူရင်း၊ မီတာခွန်နှင့် - ယင်းမြေကွက်နှင့် စပ်ဆိုင်ပတ်သက်သော စာချုပ်စာတမ်း မူရင်းအားလုံးကို ဝယ်ယူမှ တောင်းခံရမည့်အပြင်
** ယင်းမြေကွက်အား ဝယ်ယူသူအမည်ပေါက်ရေးအတွက် “ဝယ်သူမှ စရိတ်စကကျခံပေးပြီး ရောင်းချသူမှ သက်ဆိုင်ရာ ရုံးဌာနအသီးသီးတွင် လက်မှတ်ရေးထိုး ဆောက်ရွက် ပေးရမည်” ဖြစ်ကြောင်း အရောင်းအဝယ်စာချုပ်၌ ကတိပြုလက်မှတ်ရေးထိုးပေးရန် ရောင်းချသူသို့ တောင်းဆိုရမည်။
မှတ်ချက်
* ရောင်းချသူအနေနှင့် ဝယ်ယူသူအမည်ပေါက်ရေးအတွက် ရုံးဌာနအသီးသီးတွင် လိုက်လံဆောင်ရွက်ရန် အခက်အခဲရှိပါက ဝယ်ယူသူအားရန်ကုန်မြို့ စာချုပ်စာတမ်းများမှတ်ပုံတင်ရုံး၌ ယင်းမြေကွက်အားစီမံခန့်ခွဲပိုင်ခွင့်အတွက် အထူးကိုယ်စားလှယ်လွှဲစာ (S.P) ကို ပေးအပ်ရန် ရောင်းချသူသို့ တောင်းဆိုရမည်။
Photo Credit : Internet
Ref : Myanmar Property News
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ