By Lwin Pyin, Shweproperty.com
Updated at 16 September 2016
နိုုင်ငံတစ်ခုမှာ ပြည်သူပြည်သားတွေ အေးချမ်းပျော်ရွှင်ကြတယ်ဆိုတာက အဲဒီနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှု၊ တရားဥပဒေစိုးမိုးမှု၊ လုံခြုံမှုရှိတဲ့ အသက်အိုးအိမ်စည်းစိမ် စတာတွေနဲ့ တိုက်ရိုက်သက်ဆိုင်ပါတယ်။ ဒါကြောင့် ကမ္ဘာပေါ်မှာ ပျော်စရာအကောင်းဆုံးအဖြစ် သတ်မှတ်ခြင်းခံထားရတဲ့ (10)နိုင်ငံကိုဗဟုသုတ ဖြစ်ဖွယ်အနေနဲ့ ဖော်ပြလိုက်ပါတယ်။
1. ဆွဇ်ဇာလန် (ရမှတ်-7.587)
ဆွဇ်ဇာလန်ဟာ အုပ်ချုပ်မှုကောင်းတဲ့ အစိုးရ၊ ပြည်သူပြည်သားတွေရဲ့ တစ်ဦးချင်း ပျော်ရွှင်မှု၊ ကောင်းမွန် တဲ့ စီးပွားရေးနဲ့ ကမ္ဘာပေါ်မှာ တစ်ဦးချင်းကျန်းမာရေးအမြင့်ဆုံး နိုင်ငံဖြစ်တာကြောင့် ရမှတ်အမြင့်ဆုံးနဲ့ နံပတ်တစ်နေရာမှာ ရပ်တည်နေပါတယ်။
2. အိုက်စလန် (ရမှတ်-7.561)
ဒုတိယနေရာ ရပ်တည်နေတဲ့ အိုက်စလန်နိုင်ငံကတော့ နိုင်ငံရဲ့ သဘာဝအလှတရား ပေါများကြွယ်ဝမှုနဲ့ လူနေမှုအဆင့်အတန်း မြင့်မားခြင်းတွေ ရှိပါတယ်။ ဒါ့အပြင် ဘေးကင်းလုံခြုံမှုတွေ၊ စိတ်အေးချမ်းစေမှုတွေ အပြည့်အဝရရှိတာကြောင့်လည်း ဒုတိယနေရာမှာ ရပ်တည်နေနိုင်တာ ဖြစ်ပါတယ်။
3. ဒိန်းမက် (ရမှတ် 7.527)
ယခင်က နံပတ်(1)နေရာမှာ ရပ်တည်နေတဲ့ ဒိန်းမက်နိုင်ငံဟာ အဆင့်သုံးကို ရောက်သွားခဲ့ပါတယ်။ ဒါပေမယ့် တိုင်းပြည်ရဲ့ ပျော်ရွှင်ဖွယ် ရာကောင်းခြင်းကတော့ လျှော့ပါးသွားခြင်း မရှိပါဘူး။ ကမ္ဘာ့အဆင့် မြင့် မိုဘိုင်းလ် ယဉ်ကျေးမှုနဲ့ မြင့်မားလှတဲ့တစ်ဦးချင်း ဝင်ငွေ၊ ကမ္ဘာ့လုပ်ခလစာပေးချေမှုစတဲ့ အချက် တွေကြောင့် ဒိန်းမက်လူမျိုးတွေဟာ သူတို့နိုင်ငံထက် ပျော်စရာကောင်းတဲ့ နိုင်ငံ မရှိတော့ဘူးလို့ မှတ် ယူမယ်ဆိုတာ ဧကန်ပါဘဲ။
4. နော်ေ၀ (ရမှတ်- 7.522)
ဒီမိုကရေစီအဖွံ့ဖြိုးဆုံး နိုင်ငံဖြစ်ပါတယ်။ ဒါ့အပြင် တရားစီရင်ရေးစနစ်မှာတော့ ကမ္ဘာမှာ အကောင်း ဆုံးနိုင်ငံပါ။ ကမ္ဘာ့လုပ်ခ လစာပေးချေမှု အမြင့်ဆုံးနိုင်ငံမှာလည်း အဆင့်(4)မှာ ရပ်တည်နေပါတယ်။ ဒါ့အပြင် ရင်သပ်ရှုမောဖွယ်ရာ ဘဘာဝရှုခင်းတွေ၊ ဘေးမဲ့ သားရိုင်းတိရစ္ဆာန်တွေနဲ့ အလွန်သန့်ရှင်းတဲ့ ပတ်ဝန်းကျင်တွေကြောင့် နေထိုင်ရသူတွေ စိတ်အေးချမ်း ပျော်ရွှင်စေပါတယ်။
5. ကနေဒါ (ရမှတ် 7.427)
ကမ္ဘာ့ဒုတိယမြောက် အကြီးဆုံးနိုင်ငံဖြစ်ပါတယ်။ ကနေဒါက သိပ်ကို လှပတဲ့ နိုင်ငံဖြစ်ပြီး သဘာ၀ အတိုင်း ထားရှိတဲ့ ရေမြေတောတောင်တွေ၊ အစိုးရရဲ့ ပွင့်လင်းမြင်သာတဲ့ အုပ်ချုပ်ရေးစနစ်၊ ပြည်သူ ပြည်သားတွေရဲ့ ကောင်းမွန်တဲ့ အခွင့်အရေး၊ လူအခွင့်အရေးစောင့်ရှောက်ခံရမှု၊ လွတ်လပ်တဲ့စီးပွား ရေး၊ ကောင်းမွန်တဲ့ ပညာရေး စတဲ့ အကြောင်းပြချက်တွေကြောင့် ကနေဒါဟာ အဆင့်(5)မှာ ရပ်တည်နေနိုင် တာဖြစ်ပါတယ်။
6. ဖင်လန် (ရမှတ်-7.406)
ဆွီဒင်နိုင်ငံနဲ့ အိမ်နီးချင်းနိုင်ငံဖြစ်လို့ ရေမြေတောတောင်သဘာဝက ခပ်ဆင်ဆင်ပါ။ လူနေမှုအဆင့် အတန်း အချိုးညီမျှမှုတွေ၊ စီးပွားရေးပြိုင်ဆိုင်မှုတွေ၊ ပြည်သူတွေရဲ့ ပျော်ရွှင်မှု၊ ဘဝအရည်အသွေး မြင့်မားခြင်း၊ လူသားတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုစတာတွေကြောင့် ဖင်လန်ဟာ ပျော်စရာအကောင်းဆုံး နိုုင်ငံတွေထဲမှာ ရပ်တည်နေပါတယ်။ 2010 ခုနှစ်မှာ Newsweek အကောင်းဆုံးနိုင်ငံအဖြစ် ရွေး ချယ်ခဲ့ပါတယ်။ Global Peace Index ရဲ့ အဆိုအရလည်း ဖင်လန်ဟာ ဘေးကင်းလုံခြုံမှု အမြင့်ဆုံးနိုင်ငံ ဖြစ်ပါတယ်။
7. နယ်သာလန် (ရမှတ်-7.378)
နိုုင်ငံရဲ့ နာမည်ကြီး ပြည့်တန်ဆာလုပ်ငန်းတွေ၊ ရောဂါပြင်းထန်ရင် ငြင်သာစွာအသက်ထွက်စေနိုင်တဲ့ ဆေးထိုးမှုတွေ၊ လိင်တူချင်းလက်ထပ်ဖို့ အခွင့်အရေးတွေနဲ့ အလွန်စံမီတဲ့ လူအခွင့်အရေးစောင့်ရှောက် မှုတွေကြောင့် နေထိုင်ရတဲ့ ပြည်သူပြည်သားတွေ ပျော်ရွှင်ကြပါတယ်။ ပြီးခဲ့တဲ့နှစ်က အဆင့်လေးကို ရပ်တည်နိုင်ခဲ့တဲ့ နိုင်ငံဖြစ်ပါတယ်။ ဒါပေမယ့်လည်း လူနေမှုအဆင့်အတန်း၊ စီးပွားရေးအရ လွတ်လပ်မှု၊ မြင့်မားတဲ့ ကျန်းမာရေးစောင့်ရှောက်မှုပုံစံတွေကတော့ လျှော့ကျသွားခြင်း မရှိပါဘူး။
8. ဆွီဒင် (ရမှတ်- 7.364)
များပြားလှတဲ့ စီးပွားရေးအခွင့်အလမ်းတွေနဲ့အတူ ကမ္ဘာ့အဋ္ဌမမြောက်လစာအများဆုံးပေးချေတဲ့ နိုင်ငံ လည်း ဖြစ်ပါတယ်။ ဒါကြောင့် အဆင့်မြင့်မြင့် ဘဝတွေမှာ နေနိုင်ကြပြီး၊ ကောင်းမွန်တဲ့ ကျန်းမာရေး စောင့်ရှောက်မှု၊ အဆင့်မြင့်ပညာရေးစနစ်၊ လူတစ်ဦးချင်းဆီရဲ့ ပျော်ရွှင်မှုတွေအပြင် ပတ်ဝန်းကျင်သာ ယာသန့်ရှင်းမှုနဲ့ သမိုင်းဝင်ရှေးဟောင်းလက်ရာအဆောင်ဦတွေကိုလည်း ပိုင်ဆိုင်ထားပါတယ်။
9. နယူးဇီလန် (ရမှတ်-7.286)
လေကောင်းလေသန့် ရှုရှိုက်ခွင့်အတွက် နာမည်ကြီး ရှုခင်းတွေ၊ ထင်ရှားတဲ့ ဒေသတွေအပြင် အလွန် ဖွံ့ဖြိုးတိုးတက်နေတဲ့ စီးပွားရေးတွေကို ပိုင်ဆိုင်ထားပါတယ်။ ဒါ့အပြင် သဘာဝအလှအပတွေ၊ အချင်းချင်း ဖော်ရွှေကြတဲ့ ပြည်သူတွေ၊ အပန်းဖြေဖို့ သွားလာရလွယ်ကူတာတွေကြောင့် နယူးဇီလန်ဟာ ပျော်ရွှယ်ဖွယ်နိုင်ငံထဲမှာ ပါဝင်ပါတယ်။
10. သြစတျေးလျ (ရမှတ် 7.284)
ကမ္ဘာ့ဖွံ့ဖြိုးမှုနဲ့ အချမ်းသာဆုံးနိုင်ငံတွေထဲမှာ တစ်နိုင်ငံအပါအဝင်ဖြစ်တဲ့ သြစတျေးလျဟာ အဆင့်(10) မှာ ရပ်တည်နေပါတယ်။ နိုင်ငံရဲ့ စွမ်းဆောင်ရည်ကလည်း အခြားတိုင်းပြည်တွေကို တန်းတူယှဉ်ပြိုင်နိုင် ပါတယ်။ ဒါ့အပြင် ပျော်ရွှင်ဖွယ်လူနေမှုဘဝတွေ၊ ကျန်းမာရေး၊ ပညာရေး၊ နိုင်ငံသားများအပေါ်မှာ ဥပဒေအရအကာအကွယ်ပေးမှုစတာတွေအပြင် မဲလ်ဘုန်းမြို့ဟာလည်း ကမ္ဘာ့နေထိုင်ဖို့အကောင်း ဆုံး မြို့တွေထဲမှာ တစ်မြို့အပါအဝင် ဖြစ်ပါတယ်။
Ref : Lwin Pyin
Photo Credit : Social
Posted By : Wai Phyoe
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ