By The Kumudra, Shweproperty.com
Updated at 23 November 2017
အိမ်ခြံမြေ အရောင်းအဝယ်မှာ ရောင်းမှားဝယ်မှားမဖြစ်အာင် စိစစ်သင့်တဲ့ အချက်တွေရှိတယ်လို့ သိရပါတယ်။တချို့တွေက ဝယ်ပြီးမှ သဘောမ ကျတော့တာ ၊ပြန်ရောင်းမထွက်တာ၊အလိမ်ခံရတာမျိုးစတဲ့ ရောင်းမှား ဝယ်မှားမဖြစ်အောင်စိစစ်သင့်တာပါ။
နေရာရွေးတက်ဖို့စပြီးဝယ်ယူတယ်ဆိုကတည်းက နေဖို့လား၊ပြန်ရောင်းဖို့လား နေရာရွေးမမှားဖို့ လိုပါတယ်။နေဖို့ အတွက်ဆိုရင် ပြန်ရောင်းမ ထွက်နိုင်တဲ့ နေရာဝယ်မိရင်လည်း ပြဿနာရှိနိုင်ပေမဲ့ ပြန်ရောင်းမယ့် သူကတော့ ကိုယ်ဝယ်ထားတဲ့ အကွက်က ပြန်ရောင်းရလွယ် ကူပါ့မ လားဆိုတာ ကြည့်ရမယ်။ဈေးကွက်ထဲကို မကျွမ်းကျင်ဘဲ ဝင်ရောက်ရင်းနှီးမြုပ်နှံသူတစ်ချို့ အဝယ်မှားပြီး ရောင်းမထွက်ဘဲ ပိုက်မိနေကြ တာ နေရာရွေးမှားတာကြောင့် ဖြစ်ပါတယ်။
တချို့ကတော့ မျက်နှာလှည့်အရပ်မကြိုက်လို့၊ အိမ်နံပါတ်ဂဏန်းမကြိုက်လို့ စသဖြင့် အယူအဆမတူကြတာ ရှိတက်တာကြောင့် နေဖို့ဝယ်မဲ့သူ အနေနဲ့ ကိုယ်စိတ်ချမ်းသာလို့ဝယ်ထားတဲ့နေရာ အတွက်ပြဿနာမရှိပေမယ့် ရောင်းဖို့အတွက်ဆိုရင် နေရာသေ ချာရွေးချယ်သင့်တယ်။
ဥပမာ လမ်းဦးတိုက်ဖြစ်နေလား။အိမ်နံပါတ်က ဘူဂဏန်းဖြစ်နေလား၊လေယာဉ်ကွင်းနားမှာ ဈေးတန် တာကြောင့် ဝယ်ခဲ့ပေမယ့် ပြန်ရောင်းလို့ လည်းမရ ၊အငှားထားလို့မရဖြစ်နေတာမျိုးတွေလည်း ရှိတက်ပါတယ်၊ဈေးတန်တယ်ဆိုတာလေး တစ်ခုနဲ့ ဝယ်မိပေမဲ့ ပြန်ရောင်း မထွက်တော့ တာမျိုးပါ၊ သည်လိုနေရာက ရုံးခန်းနေရာအတွက် ငှားဖို့လောက်နဲ့ ဈေးပေါတဲ့ နေရာရှာ ငှားနေသူတွေလောက်သာ အဆင်ပြေမှာ ဖြစ်တယ်လို့ အကျိုးဆောင်တချို့က နေရာရွေးမှားတဲ့ အဖြစ်တွေကို ပြောပါတယ်။
စိစစ်ဖို့ သိဖို့ သတိပြုဖို့ ဝယ့်မယ့် အိမ်ခြံမြေပိုင်ဆိုင်မှုက တစ်ယောက်တည်းလား ၊အမွေဆိုင်လား အဆင့်ဆင့်လွှဲပြောင်းရောင်း ချထားတာ လား၊ဆက်စပ်စာချုပ်တွေရှိလား၊စာရွတ်စာတမ်းပြည့်စုံရဲ့လား ၊ပိုင်ဆိုင်မှု စာရွတ်စာတမ်းက ဘယ်လိုအမျိုးအစား လဲဆိုတာတွေ သိရှိဖို့လည်း လိုအပ်တယ်။ကိုယ်စားလှယ်လွှဲထားတာဆို အတုလားအစစ်လား လေ့လာရဦးမှာဖြစ်တယ်။
ဝယ်ဖို့သေချာပြီဆို စလစ်ဆိုလည်း မိတ္တူတောင်းယူပြီး မြို့တော်စည်ပင်မှာ အစစ်အမှန် ဟုတ်မဟုတ်စစ်ဆေးရမှာပါ။ဆက်စပ်စာချုပ်တွေသာ ဖြစ် ခဲ့ရင် ချုပ်ဆိုရမယ့် တံဆိပ်ခေါင်းခွန်က ဘယ်လောက်တန်မှ တရားဝင်တယ်ဆိုတာကို သတ်မှတ်ထားတဲ့ ဥပဒေတွေ သိရမှာဖြစ်တယ်။
တချို့ကလိမ်လည်သူတွေ ပြုလုပ်နေကြတာက အမည်ပေါက်တစ်ဦး၊ရုံးတွေက အမည်ပေါက်နေတာက တစ်ဦးဖြစ်နေတက်တယ်။တစ်ခါတလေ အမည်ပေါက် ချင်းတူတာတောင်မှတ်ပုံတင်နံပါတ် လွဲနေတာ ၊မှားနေတာ မွေးသက္ကရာဇ် လွဲမှား နေတာ ကွဲပြားနေတာတွေနဲ့ လိမ်လည်ရောင်း တာတွေ ရှိတာကြောင့် သတိပြုသင့်တယ်လို့ သိရပါတယ်။
အရောင်းအဝယ်ပြုလုပ်တော့မယ်ဆို စလစ်ပါမစ် ဂရန်တို့ကို သက်ဆိုင်ရာဌာနတွေမှာ သတ်မှတ်နှုန်းထားအတိုင်း ငွေပေးသွင်းကာ အတုအစစ် ကို စစ်ဆေးလို့ ရပါတယ်။ကြာချိန်ကာလက တစ်ပက်လောက်ပဲဖြစ်ပြီး စစ်ဆေးတဲ့ အခါ သက်ဆိုင်ရာ စာရွက်စာတမ်းထုတ်ပေးထားတဲ့ ဌာနမှာ စစ်ဆေးရတာဖြစ်တယ်လို့ သိရပါတယ်။
စာချုပ်ချုပ်ဆိုတဲ့ အခါမှာလည်း စရန်ကိုပြီးစလွယ် မဟုတ်ပဲ ကိုယ့်အမည်ပေါက်ဖြစ်တဲ့ အထိ တာဝန်ယူပေးတဲ့ အထိ အချက်အလက်တွေနဲ့ ချုပ်ဆိုရမှာဖြစ်ပါတယ်။ပြဿနာအရှုပ်အရှင်း ဖြစ်လာရင် တာဝန်ယူဖြေရှင်းပေးရမယ်ဆိုတဲ့ အချက်တွေမပါ မဖြစ်လိုအပ်ပါတယ်။
စာချုပ်မှာ ပါဝင်သင့်တဲ့ အသုံးအနှုန်းတွေ အပိုဒ်တွေ သူ့နေရာနဲ့ သူ အစီစဉ်တကျ ရှိနေသင့်တယ်။ကိုယ်ဘက်ကအားနည်းချက် ရှိတာမျိုး မဟုတ်ပဲ ပြဿနာဖြစ်ခဲ့ရင် အကာအကွယ်ပေးနိုင်တဲ့ စာချုပ်စာတမ်းဖြစ်ဖို့ လိုအပ်တာဖြစ်တယ်လို့ အကျိုးဆောင်တစ်ချို့ဆီက သိရပါတယ်။
Ref : The Kumudra
Photo Credit : benzinga
Posted By : Wai Phyoe
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ