By Win Kyaw Kyaw (ShweProperty.com), Shweproperty.com
Updated at 12 July 2018
အိမ်ရာလိုအပ်သူများက အိမ်ရာများ ဝယ်ယူရာတွင် နှစ်ရှည်၊ နှစ်တို အိမ်ရာငွေများရယူ၍ အိမ်ရာဝယ်ယူမှုများ တဖြေးဖြေး ခေတ်စားလာနေပြီဖြစ်သည်။
အိမ်ရာချေးငွေရယူရာတွင် ဝန်ထမ်းဖြစ်သူ အိမ်ရာချေးငွေလျှောက်ထားခြင်းနှင့် ကိုယ်ပိုင်လုပ်ငန်း လုပ်ကိုင်သူ အိမ်ရာချေးငွေလျှောက်ထားခြင်းစသည့် အမျိုးအစားများရှိပြီး လိုအပ်ချက်စာရွက်စာတမ်းများလည်း အမျိူးမျိုးကွဲပြားမှုရှိသည်။
လိုအပ်ချက်စာရွက်စာတမ်းများကို သိရှိထားမှသာ အိမ်ရာချေးငွေလျှောက်ထားရာတွင် လွယ်ကူလှျှင်မြန်မည်ဖြစ်သည်။
ယခုအခါ ကိုယ်ပိုင်လုပ်ငန်း လုပ်ကိုင်သူက အိမ်ရာချေးငွေလျှောက်ထားလျှင် လိုအပ်သည့် စာရွက်စာတမ်းများကို ဖော်ပြပေးလိုက်သည်။
ရိုးမဘဏ်မှာ အိမ်ရာချေးငွေလျှောက်လျင်
- ချေးငွေလျှောက်လွှာ
- မှတ်ပုံတင်မိတ္တူ
- သန်းခေါင်စာရင်း မိတ္တူ
- ရပ်ကွက်ထောက်ခံစာ (မူရင်း)
- အိမ်ထောင်မရှိကြောင်း ထေက်ခံစာ (လိုအပ်ပါက) (မူရင်း)
ကိုယ်ပိုင်လုပ်ငန်း လုပ်ကိုင်သူတစ်ယောက်အနေဖြင့် အိမ်ရာချေးငွေလျှောက်လျှင်
- သက်တမ်းရှိလုပ်ငန်းလိုင်စင် ၊ အခြားလိုင်စင် (လုပ်ငန်းပေါ်မူတည်၍) အသိအမှတ်ပြုလက်မှတ်များ(မိတ္တူ)
- အခြား စပ်ဆက်လုပ်ငန်းများရှိပါက လုပ်ငန်းလိိုင်စင် (မိတ္တူ)
- နောက်ဆုံး အခွန် စည်းကြပ်မှုပြေစာ (အနီးစပ်ဆုံး ၁ နှစ်စာ)
- လုပ်ငန်း၏ ဘဏ္ဍာရေးရှင်းတမ်း (လက်ကျန်ရှင်းတမ်း၊ အရှုံးအမြတ်စာရင်း) အနီးစပ်ဆုံး ၂ နှစ်စာ
(ကျပ်သိန်း ၃၀၀၀ အောက်ဖြစ်ပါက အနီးစပ်ဆုံး ၁ နှစ်စာ)
- လအလိုက် အရောင်းစာရင်းများ (အနီးစပ်ဆုံး ၃ လစာ) (သို့မဟုတ်) လုပ်ငန်းလည်ပတ်နေသော ဘဏ်စာရင်းများ(အနီးစပ်ဆုံး ၁ နှစ်စာ)
- လုပ်ငန်းလည်ပတ်နေသော ဓါတ်ပုံများ
- အခြားဘဏ်ရှင်းတမ်းများ အနီးစပ်ဆုံး ၁ နှစ်စာ (ရှိလျှင်)
- အခြားဘဏ်တွင် ချေးငွေရှိလှျှင် ဘဏ်ရှင်းတမ်းများ အနီးစပ်ဆုံး ၁ နှစ်စာ
စသည့်အချက်အလက်များ လိုအပ်မည်ဖြစ်သည်။
Written By : Win Kyaw Kyaw (ShweProperty.com)
Photo Credit : YOMA Bank
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ