By Win Kyaw Kyaw (ShweProperty.com), Shweproperty.com
Updated at 13 July 2018
ရိုးမဘဏ်နှင့် ချိတ်ဆက်၍ အိမ်ရာချေးငွေရယူပြီး အိမ်ဝယ်မည်ဆိုပါက
အိမ် ၊ ခြံ ၊ မြေဖြစ်ပါက
- သက်ဆိုင်ရာ ဂရန် ၊ ဘိုးဘွားပိုင် ၊ ယခင်ဆက်စပ် စာချုပ်အပြည့်အစုံ မိတ္တူ (မှားယွင်းမှုများရှိပါက အမှားပြင် စာချုပ်၊ စွန့်လွှတ် ၊ အမွေစာချုပ် စသည်ဖြင့်)
- ၆လ သက်တမ်းရှိ မြေပုံ၊ မြေရာဇဝင် - ပုံစံ ၁၀၅-၁၀၆ (မိတ္တူ)
- ဂရန်အမည်ပေါက်သူ၏ နိုင်ငံသားစိစစ်ရေးကဒ်ပြားမိတ္တူ
- ဂရန်အမည်ပေါက်သူ၏ အိမ်ထောင်စုစာရင်းမိတ္တူ
ကွန်ဒို ၊ တိုက်ခန်း ဖြစ်ပါက
(မြေရှင်မှ တိုက်ရိုက်ရောင်းချခြင်း / Developer မှတိုက်ရိုက်ရောင်းချခြင်း) Primary Sales
- လူနေခွင့်အမိန့် (မိတ္တူ)
- သက်ဆိုင်ရာဂရန်စာချုပ်မိတ္တူ (သို့) မြေပိုင်မြေမိတ္တူ
- မြေရှင်နှင့် အဆောက်အအုံဆောက်လုပ်သူ ၊ ကန်ထရိုက်တာတို့ ချုပ်ဆိုထားသော သဘောတူစာချုပ် (မိတ္တူ)
- အဆောက်အအုံဆောက်လုပ်သူ ၊ ကန်ထရိုက်ထံမှ တိုက်ရိုက် (သို့) တဆင့်ခံဝယ်ယူပါက ကုမ္ပဏီမှ အစုရှယ်ယာရှင်များက ကုမ္ပဏီ ကိုယ်စားလက်မှတ် ထိုးထားသော ရောင်းချပိုင်ခွင့် သဘောတူထားသော အစည်းအဝေးဆုံးဖြတ်ချက်မိတ္တူ (Director’s resolution – meeting minutes)
- ကွန်ဒို/ တိုက်ခန်း ပိုင်ဆိုင်ကြောင်း Owner Book / Ownership registration (ရှိလျှင်)
(အဆင့်ဆင့် ဝယ်ယူခြင်း) Secondary Sales
- ဆက်စပ်စာချုပ်များ(မိတ္တူ)
- သက်ဆိုင်ရာ ဂရန်စာချုပ်မိတ္တူ (သို့) မြေပိုင်မြေမိတ္တူ
- မြေရှင်နှင့် အဆောက်အအုံ ဆောက်လုပ်သူ ၊ ကန်ထရိုက်တာတို့ ချုပ်ဆိုထားသော သဘောတူစာချုပ် (မိတ္တူ)
ဆက်စပ်စာချုပ်များတွင် ကုမ္ပဏီမှ ရောင်းချထားသော စာချုပ်များပါရှိပါက အစုရှယ်ယာများက ကုမ္ပဏီ ကိုယ်စားလက်မှတ်ထိုး ရောင်းချပိုင်ခွင့် သဘောတူထားသော အစည်းအဝေးဆုံးဖြတ်ချက် မိတ္တူ (Director’s resolution – meeting minutes )
- ကွန်ဒို / တိုက်ခန်း ပိုင်ဆိုင်ကြောင်း Owner Book / Ownership registeration (ရှိလျှင်) စသည့်အချက်အလက်များ လိုအပ်ကြောင်း သိရသည်။
Written By : Win Kyaw Kyaw (ShweProperty.com)
Photo Credit : YOMA Bank
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ