By Zaygwet, Shweproperty.com
Updated at 23 November 2018
''ကွယ်လွန်သွားတဲ့ လူပျိုကြီး တစ်ယောက်ပိုင် မြေကွက်ကို ဝယ်ဖို့ စိတ်ကူးထားတယ်ဆရာ''ဟု မိတ်ဆွေ တစ်ဦးက စာရေးသူအား စကားစ ပြောလိုက်ပါသည်။
''ကန့်ကွက်သူရှိနေလို့လား။ ညီ အစ်ကိုမောင်နှမဘယ်နှယောက် ကျန်ခဲ့လဲ''
''ညီအစ်ကိုမောင်နှမလည်း မရှိ တော့ဘူးဆရာ''
''တူ၊ တူမတွေ မကျန်ခဲ့ဘူးလား။ မြေကွက်က လူပျိုကြီးအမည်ပေါက် လား''
''ဒီလိုဆရာ၊ မြေကွက်အမည် ပေါက်ကတော့ လူပျိုကြီးအမည် ပေါက် ဂရန်မြေဖြစ်ပါတယ်။ မောင်နှမ သုံးယောက်ရှိတယ်။ အခု လူပျိုကြီး က အလတ်လို့ပြောတယ်''
ဒါဆိုရင် အငယ်ဆုံးကလည်း သက်ရှိထင်ရှားမရှိတော့ဘူးဆိုတော့ သူတို့ရဲ့ သားသမီးတွေကျန်ခဲ့လား''
''အစ်ကိုကြီးက အတူမနေဘူး။ သီးခြားအိမ်ခွဲနေတယ်။ သူ့မှာ သား တစ်ယောက်ကျန်ခဲ့တယ်။ ညီမငယ် က အစ်ကိုလတ်ဖြစ်တဲ့ လူပျိုကြီးနဲ့ အတူနေတယ်''
''အတူနေညီမပါ ကွယ်လွန် သွားတော့ သားသမီးကျန်ခဲ့လား''
''ညီမဖြစ်သူမှာ သားတစ် ယောက်၊ သမီးတစ်ယောက်ကျန် တယ်''
''အားလုံးတူ တူမ သုံးဦးရှိတယ် ဆိုပါတော့''
''ဟုတ်ကဲ့ အဲဒီလိုပဲ ပြောရမှာ ပေါ့''
''အခု ဘယ်သူက ရောင်းမှာလဲ''
''လူပျိုကြီးနဲ့အတူနေ တူ၊ တူမ နှစ်ယောက်က ရောင်းမှာ ဆရာ''
''စရန်ပေးပြီးပြီလား''
''စရန်ပေးမယ့်ရက်မှာပဲ အစ်ကို ကြီးရဲ့ သားက သိသွားလို့သူလည်း အမွေဆက်ခံခွင့်ရှိတယ်။ သူသဘော မတူဘဲ ရောင်းဝယ်ငှားမလုပ်ပါနဲ့ဆို ပြီး သတင်းစာထဲမှာ ကန့်ကွက်တာ တွေ့လိုက်ရတယ်''
''ဒါနဲ့ အရောင်းအဝယ်ရပ်သွား တဲ့ သဘောပေါ့''
''အင်း-အဲဒီလိုဖြစ်သွားတယ်ပေါ့ ဗျာ''
''နှစ်ဖက်ညှိလို့မရဘူးလား။ ရောင်းမယ်ဆိုတဲ့ မြေပိုင်ရှင်ရဲ့ တူ တူမတို့ဆီမသွားဘူးလား''
''သွားပါတယ်။ အကျိုးအကြောင်း မေးကြည့်ပါတယ်''
''သူတို့က ဘာပြောလဲ။ ဘယ် လိုဆောင်ရွက်ပေးမယ်လို့ ပြောသလဲ''
''သူတို့ပြောတာက ကွယ်လွန်သူ မြေပိုင်ရှင် လူပျိုကြီးရဲ့ အစ်ကိုဖြစ်သူ မှမွေးဖွားတဲ့သားမို့ အမွေဆက်ခံခွင့် မရှိဘူးလို့ ပြောတယ်။ သူတို့နဲ့ ယုံယုံ ကြည်ကြည်အရောင်းအဝယ်လုပ်ပါလို့ ပြောတယ်''
''သူတို့ပြောတာတစ်ခုခုတော့ လွဲနေပြီထင်တယ်''
''ကျွန်တော့် စိတ်ထဲမှာလည်း မတင်မကျဖြစ်နေလို့ ဥပဒေအကြောင်း အရ ဘယ်လိုဖြစ်နိုင်သလဲဆိုတာ ဆရာ့ဆီလာဆွေးနွေးတာပါ''
''ဘာကြောင့် မြေပိုင်ရှင် လူပျို ကြီးရဲ့ အစ်ကိုက မွေးတဲ့သားကို အမွေမပေးနိုင်ကြောင်း ရှင်းပြသေး လား''
အမွေက စုန်ရတယ်။ ဆန်လို့မရဘူး။ ဒါ ကြောင့် လူပျိုကြီးရဲ့ အမွေကို အစ်ကို ဖြစ်သူက မရနိုင်ဘူး။ ညီမဖြစ်သူက သာရမယ်။ အစ်ကိုက မွေးတဲ့သားက လည်း ဦးလေး အမွေကိုမရဘူး။ ညီမ ငယ်ရဲ့ သားသမီးနှစ်ယောက်ကသာ အမွေရမယ်လို့ ပြောပါတယ်''
''လူပျိုကြီးရဲ့ မောင်နှမအရင်း တွေကလည်း ကွယ်လွန်သွားကြပြီ။ သူတို့သက်ရှိထင်ရှားရှိနေတယ်ဆိုရင် တော့ သူတို့ပြောသလို အစ်ကိုကြီးက အမွေရခွင့်မရှိဘူး။ ညီမက အမွေရ ခွင့်ရှိမှာဖြစ်တယ်။ တူ တူမတွေကြ တော့ မသက်ဆိုင်တော့ဘူး''
''ဥပဒေမှာ ဘယ်လိုများ သတ် မှတ်ထားပါသလဲ''
''ဥပဒေအရတော့ ကွယ်လွန်သူ အမွေရှင်မှာ တူ၊ တူမတွေသာကျန်ခဲ့ ရင် အားလုံးတန်းတူ အခွင့်အရေးရ တယ်''
''ဒါဆိုရင် အစ်ကိုကြီးရဲ့ သား ကလည်း အမွေဝေစုတစ်စုရနိုင်တာ ပေါ့''
''ဟုတ်ပါတယ်။ မြန်မာ့ဓလေ့ ထုံးတမ်းဥပဒေအရ ကွယ်လွန်သူ သေဆုံးစဉ်၌ ကွယ်လွန်သူ၏ အစ်ကို နှင့် ညီလည်း ကွယ်လွန်ပြီးဖြစ်လျှင် ညီက မွေးသောသားသည် အစ်ကိုမှ မွေးသောသားကို အမွေမှ ပယ်ထုတ် ခြင်းမပြုနိုင်။ တူ၊ တူမများသည် အမွေ အညီအမျှရသည်လို့ ဦးဖိုးသာဒွန်းနှင့် မောင်တင်၊ ရန်ကုန်တရားစီရင်ထုံး အတွဲ ၈၊ စာမျက်နှာ - ၄၈ဝ။ အမှု မှာ ထုံးဖွဲ့ဆုံးဖြတ်ထားပါတယ်''
''တကယ်လို့ ရောင်းမယ်ဆိုတဲ့ မြေပိုင်ရှင်တူ၊ တူမက ဘကြီးရဲ့ သား ကို အမွေခွဲမပေးနိုင်ဘူးဆိုရင် ဘယ် လိုဖြစ်လာနိုင်သလဲ''
''အမွေမှုစွဲဆိုပြီး အမွေခွဲဝေပေး ဖို့ တရားရုံးမှာ လျှောက်ထားတောင်း ဆိုနိုင်ပါတယ်''
''အမှုဖြစ်ပြီဆိုမှတော့ အရောင်း အဝယ်ဖြစ်ဖို့ခက်သွားတာပေါ့နော်''
''မှန်ပါတယ်။ တစ်ခုတော့ရှိတာ ပေါ့။ အမွေဆက်ခံခွင့်ကို တရားရုံးက သတ်မှတ်ပေးလိုက်ရင် တရားရုံးရဲ့ အမိန့် ဒီကရီနဲ့ ဝယ်သူက တရားဝင် ဝယ်ယူပိုင်ဆိုင်ခွင့်ရသွားတာပေါ့''
''မှတ်ပုံတင်စာချုပ်ရုံးမှာ အ ရောင်းအဝယ်မှတ်ပုံတင် စာချုပ်ကို ချုပ်ဆိုနိုင်ပြီလား ဆရာ''
''မြေအိမ်တန်ဖိုးသက်သာချင် ရင်တော့ တရားရုံးက လေလံတင် သည်အထိ စောင့်ပြီး လေလံဝင်ဆွဲလို့ ဝယ်ရင်လည်း ဖြစ်တယ်''
''တရားစွဲဆိုခြင်းမရှိဘဲ နှစ်ဖက် ညှိနှိုင်းလို့ သုံးပုံခွဲယူရင် အရောင်းအ ဝယ်ပြီးမြောက်တရားဝင်တယ် မဟုတ် လား''
''ဥပဒေနဲ့အညီ အမွေဆိုင်များ သဘောတူအမွေခွဲဝေခြင်းဟာ တရား ဝင်ပါတယ်။ ဒါပေမယ့် စာချုပ် စာ တမ်းရုံးမှာ အရောင်းအဝယ် မှတ်ပုံ တင်စာချုပ် ချုပ်ဆိုဖို့တော့ တူ တူမ ဖြစ်သူတွေက တရားရုံးမှာ အမွေ ထိန်းစာလျှောက်ထားဖို့လိုမှာဖြစ်ပါ တယ်''
''တူ၊ တူမတွေက ကွယ်လွန်သူ မြေအမည်ပေါက်ရဲ့ တိုက်ရိုက် အမွေ ဆက်ခံသူတွေမဟုတ်လား''
''ဥပဒေအရတော့ ကွယ်လွန်သူရဲ့ တိုက်ရိုက်အမွေဆက်ခံသူသား သမီး၊ ဇနီး၊ ခင်ပွန်းမဟုတ်တဲ့အတွက် အမွေဆက်ခံပိုင်ဆိုင်ကြောင်း ကြေ ညာစာချုပ်ပြုလုပ်လို့မရပါဘူး။ ဆွေ မျိုးတစ်ဆင့်ဝေးနေလို့ တူ၊ တူမများ နဲ့ တိုက်ရိုက်မှတ်ပုံတင်အရောင်းအ ဝယ်စာချုပ် ချုပ်ဆိုဖို့ အခက်အခဲရှိ နေလိမ့်မယ်''
''ဆရာပြောတဲ့ သဘောအရတူ၊ တူမတွေက တရားရုံးမှာ ကွယ်လွန် သူပိုင်ပစ္စည်းအပေါ် အမွေထိန်းစာ လျှောက်ထားပြီးရတော့မှ အရောင်း အဝယ်စာချုပ် ချုပ်ရမယ့် သဘော ပေါ့''
''ဟုတ်ပါတယ်''ဟု ရှင်းပြဆွေး နွေးလိုက်ပါသည်။
Ref : Zaygwet ထီယု (ဥပဒေအတိုင်ပင်ခံ)
Photo Credit :
Posted By : Ra Wai (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ