By Social Media, Shweproperty.com
Updated at 4 September 2019
အိမ်ရှိရုံးခန်းအတွက်ကောင်းမွန်တဲ့ ဖုန်းရွှေ အစီအရင် တစ်ခုဖန်တီးဖို့ သင်ယူကြရအောင် အောက်မှာဖော်ပြထားတဲ့ ဖုန်းရွှေ ဆိုင်ရာ အကြံပြုချက်များကို လိုက်နာခြင်းအားဖြင့်အောင်မြင်တဲ့ အိမ်ရုံးခန်းတစ်ခုဖန်တီးနိုင်မှာဖြစ်ပါတယ် အိမ်ကနေအလုပ်လုပ်ခြင်း ဟာယနေ့မျက်မှောက် ကာလရဲ့စိန်ခေါ်မှုများ ဖြစ်နေတဲ့ အပြင်ဖုန်းရွှေပညာရပ်ဟာ သင့်ရဲ့အိမ်ကိုအောင်မြင်တဲ့ ရုံးခန်း တစ်ခန်းအဖြစ်ပြောင်းလဲနိုင်အောင် ကူညီပေးနိုင်ပါတယ်။
ကျွန်တော့်ရဲ့အတွေ့အကြုံအရတော့ဖုန်းရွှေပညာရပ်ဟာအိမ်ကိုအခြေပြုပြီးအလုပ်လုပ်နေသူတွေအတွက်အကြံပြုလမ်းညွှန်ပေးနိုင်ပါတယ်။ မြောက်မြားလှစွာသော ဖုန်းရွှေပညာအသုံးပြုသူအများစု ကနေရရှိလာတဲ့အတွေ့အကြုံတွေ လည်းလုံလောက်စွာရှိခဲ့ပါတယ်။ အိမ်ကိုရုံးခန်းသဖွယ် အသုံးပြုပြီးအလုပ်လုပ်ကိုင်နေသူတွေ အတွက်ယနေ့ကာလမှာ အဓိကစိန်ခေါ်မှုနှစ်ခုရှိနေပါတယ်။အဲဒီအရာတွေကတော့ -
- အိမ်မှာနေထိုင်ရတဲ့ဘဝပုံစံနဲ့စီးပွားရေးလုပ်ငန်းဟာကွဲပြားနေပါတယ်။
- လူမှုရေးလှုံ့ဆော်မှုလိုအပ်ချက်ရှိနေခြင်းနဲ့ (စီးပွားရေးဆိုင်ရာဆက်နွှယ်မှုတွေ) အပြန်အလှန်အကျိုးသက်ရောက်မှုရှိနေပါတယ်။
တစ်ချိန်တည်းတစ်ပြိုင်တည်းမှာလို အိမ်ကနေအလုပ်လုပ်ကိုင်ခြင်း ဟာလူနေမှုပုံစံ တစ်ခုကို များပြားလှတဲ့ အကျိုးသက်ရောက်မှုတွေယူဆောင်လာခဲ့သလို ဖုန်းရွှေပညာကလည်း သင့်ကိုအကောင်းဆုံး ဖြစ်အောင်ကူညီပေးနိုင်ပါတယ်။
အကယ်၍ဒါဟာသင်ကိုယ်တိုင်ရွေးချယ်လိုက်တဲ့လမ်းကြောင်းတစ်ခုဆိုရင်တော့ကျွန်တော့်အနေနဲ့သင့်ကိုအောင်မြင်တဲ့အိမ်ရုံးခန်းတစ်ခန်းဖြစ်အောင်ဖန်တီးဖို့ အခြေခံဖုန်းရွှေပညာရပ်ဆိုင်ရာ အိမ်ရုံးခန်းဖန်တီးမှု အကြံပြုချက်တွေနဲ့ ကူညီလမ်းညွှန်လိုက်ချင်ပါတယ်။
အရေးကြီးတဲ့ဖုန်းရွှေလမ်းညွှန်တစ်ခုကတော့သင့်ရုံးခန်းကိုသင့်ရဲ့အိပ်ခန်းနဲ့ ဖြစ်နိုင်သမျှ အဝေးဆုံး မှာရှိနေဖို့ပါပဲ။ အကယ်၍သင့်အိမ်ခန်းရဲ့ နေရာချထားမှုဟာ လုံလောက်တယ်ဆိုရင် သင့်ရုံးခန်းဟာအကောင်းဆုံး သီးခြားဝင်ပေါက်တစ်ခု ရှိနေရမှာဖြစ်ပါတယ်။အကယ်၍ ထိုကဲ့သို့မဖြစ်နိုင်ဘူး ဆိုရင်တော့ သင့်ရဲ့အိပ်ခန်းနေရာနဲ့ရုံးခန်းကိုသီးခြားစီဖြစ်အောင် ဖြစ်နိုင်သမျှ ကန့်သတ်ပိုင်းခြားထားပြီး သေချာအောင် ပြုလုပ်ထားရပါမယ်။ဒါဟာ ကောင်းမွန်တဲ့အိမ်ရုံးခန်းတစ်ခု ဖြစ်အောင် ဖုန်းရွှေပညာအခြေခံဆိုင်ရာ အချက်တစ်ခုပဲ ဖြစ်ပါတယ်။
သင့်ရဲ့အိမ်ရုံးခန်းနဲ့အတူသင့်ရဲ့ အောင်မြင်မှုရရမယ်လို့ စီမံကိန်းချထားပြီးသင့်ရဲ့ စိတ်ထဲကထုတ်လုပ်မှုစွမ်းအား တစ်ခုအဖြစ်ကောင်းမွန်စွာ တည်ရှိနေပါစေ။ သီးခြားဖြစ်စေတဲ့ ဖုန်းရွှေအရောင်တွေ အဓိပ္ပာယ်ပြည့်ဝတဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်း တစ်ခုဖြစ်တဲ့အပြင်ကောင်းမွန်သင့်တင့်တဲ့ အလှဆင်ပစ်္စည်းတွေနဲ့ အလှဆင်ဖို့အတွက် တွေးတောထားပါ။ ဒါဟာသင့်ကိုအောင်မြင်မှု ကိုခံစားနိုင်စေပြီး ပျော်ရွှင်မှုတွေ ဖြစ်စေပါလိမ့်မယ်။
သင့်အိမ်မှာနေ အလုပ်လုပ်နေစဉ်အတွင်း လွတ်လပ်စွာခံစားပြီးသင့်ရဲ့ ဖန်တီးထုတ်လုပ်နိုင်မှုကို ဖော်ပြတဲ့အိမ်အလှဆင်ပစ္စည်း တွေနဲ့ရုံးခန်းကိုအလှဆင်ပါ။ ဒါဟာသင့်ရဲ့ ရွေးချယ်မှု အပေါ်မူတည် နေပါတယ် သင့်အနေနဲ့ သေချာအောင်လုပ်ဖို့က သင့်ရဲ့အိမ်ရုံးခန်းဟာစွမ်းအားတွေနဲ့ ရောင်ပြန်ဟပ်နေပြီး စီမံကိန်းတစ်ခုအဖြစ်နဲ့ ကမ္ဘာကြီးထဲရောက်ရှိဖို့ ဖြစ်ပါတယ်။
သင့်ရဲ့ အိမ်ရုံးခန်းထဲမှာ အရည်အသွေးကောင်းမွန်တဲ့ အလင်းရောင်နဲ့ လေကောင်းလေသန့် ရရှိနိုင်ဖို့ (သဘာဝအတိုင်းဖြစ်စေ၊ ပြုပြင်ဖန်တီးထားတာဖြစ်စေ) သတိပြုရပါမယ်။ ဒါဟာ ဖုန်းရွှေပညာရဲ့ မရှိမဖြစ်ရှိရမယ့် ကောင်းသောအရာ နှစ်ခုပါပဲ သင့်ရဲ့ ဦးနှောက်ဟာ အောက်စီဂျင် လုံလောက်စွာ မရဘူးဆိုရင်၊ ပြီးတော့ သင့်ခန်္ဓာကိုယ်ဟာသဘာဝအလင်းရောင် လုံလောက်စွာမရရှိဘူး ဆိုရင်သင့်ရဲ့အလုပ်ကို သင်ဘယ်လောက်ပဲ ချစ်ချစ်သင့်ရုံးခန်းထဲမှာ ပျော်ရွှင်စွာ နေထိုင်နိုင်မှာမဟုတ်ပါဘူး။
ရောင်စဉ်တွေပါတဲ့အလင်းရောင်နဲ့ လေသန့်စင်တဲ့အပင်တစ်စုံလောက် သင့်ရုံးခန်းထဲမှာရှိနေဖို့ အတွက် စဉ်းစား စီစဉ်ထားရပါမယ်။ အပင်တွေရဲ့လေသန့်စင်မှုစွမ်းအားဟာ သင့်ရုံးခန်းရဲ့စွမ်းအားကိုသာပေးနိုင်ရုံမဟုတ်ဘဲ သင့်ရဲ့ကိုယ်ပိုင်စွမ်းအားတွေကို လည်းပေးနိုင်ပါတယ်။
သင့်ရဲ့စားပွဲဟာ ဖုန်းရွှေပညာရပ်ရဲ့ပညတ်ထားတဲ့ အတိုင်းရှိနေရမှာဖြစ်ပြီးသင့်ရဲ့ အလုပ်ခွင့်နေရာ ကိုအောင်မြင်၊ အားကောင်းတဲ့စွမ်းအင ်တွေသယ်ဆောင်လာနိုင်ဖို့ အတွက်ဆွဲဆောင်မှု ရှိနေရပါမယ်။ဖုန်းရွှေကပညတ်ထားတဲ့အနေအထား ဆိုတာသင့်အနေနဲ့ တံခါးဝင်ပေါက်ကို ကျောမပေးထားရပါဘူး။
သင့်စားပွဲဟာဝင်ပေါက်နဲ့အတန်ငယ်ဝေးကွာရမှာဖြစ်ပြီးတံခါးနဲ့တစ်တန်းတည်း ဖြစ်မနေရပါဘူး။သင့်စားပွဲမှာထိုင်အလုပ်လုပ်နေစဉ်အတွင်းနံရံကိုမျက်နှာမူမထားရပါဘူး။အကယ်၍ သင့်အနေနဲ့နံရံဘက် မျက်နှာပြု အလုပ်လုပ်ရမယ်ဆိုရင် နံရံကိုကွယ်ဖျောက်ထားနိုင်တဲ့ အနုပညာပစ္စည်းတွေအသုံးပြုုပြီးကာရန်ထားရပါမယ်။
ဖုန်းရွှေရဲ့အကောင်းဆုံးစွမ်းအင်တွေရအောင်သင့်ရဲ့ရုံးခန်းထဲမှာကောင်းမွန်စွာ ပြုပြင်ဖန်တီးထားဖို့ လိုအပ်တဲ့နေရာ သုံးနေရာရှိပါတယ်။ အဲဒီနေရာတွေကတော့။ တောင်ဘက်အရပ် (ကျော်ကြားမှုနှင့်ဂုဏ်သတင်းမွှေးပျံ့မှုအတွက်) အတိအကျ အဓိပ္ပာယ်ဖွင့်ဆိုရရင်တော့ ““ကမ္ဘာလောကထဲသို့အလင်းဓာတ်””ပဲ ဖြစ်ပါတယ်။ အဲဒီအရာအတွက် ဖုန်းရွှေ စွမ်းအားက တော့မီးပါ အဲဒီနေရာမှာ အပြာရောင် သို့မဟုတ် ကြေးမုံပြင်ကြီးကြီး တစ်ချပ်ရှိဖို့လိုအပ်ပါတယ်။ရေပန်းသို့မဟုတ်ရေပုံပါတဲ့ရုပ်ပုံကားချပ်တွေအဲဒီနေရာမှာရှိနေဖို့အတွက်ရေများရေနိုင်၊မီးများမီးနိုင်ဆိုသကဲ့သို့ စီစဉ်ဖန်တီးထားရပါမယ်။
မြောက်ဘက်အရပ်(အသက်မွေးဝမ်းကျောင်းနဲ့ဘဝရဲ့လမ်းကြောင်းအတွက်) ဒီဖုန်းရွှေရဲ့ အဓိကဓာတ်ကတော့ ရေပါ။ဒါကြောင့်မို့ အဲဒီနေရာကို ဖုန်းရွှေပညာ အရရေဓာတ်ကို ကိုယ်စားပြုတာကတော့ သတ္တုပါ(ဖုန်းရွှေရဲ့ အဓိကဓာတ်ကြီး၅ပါးမှ သတ္တုဟာရေကို ထုတ်လုပ်ပါတယ်။) အသံတွေဆူညံ ရှုပ်ထွေးခြင်းမရှိအောင် ပြုလုပ်ထားရပါမယ်။သင့်ရဲ့ အသက်မွေးဝမ်းကျောင်း အတွက်စိတ်ကူး စိတ်သန်းရစေမယ့်ပုံရိပ်တွေ ရွှေထားနိုင်ပြီးဘောင်ရဲ့ အရောင်ကအနက်နဲ့အဖြူနဲ့ဆက်နွှယ်တဲ့ အရောင်တွေနဲ့သင့်အိမ်ရုံးရဲ့မြောက်ဖက်နေရာမှာ ခြယ်သထားသင့်ပါတယ်။
အရှေ့တောင်အရပ် (ဓနဥစ်္စာနဲ့ကြွယ်ဝချမ်းသာခြင်းအတွက်) အဲဒီအတွက် သင့်ရဲ့ငွေကြေးနဲ့ ကြွယ်ဝချမ်းသာမှုအကြောင်း ပြောနိုင်တဲ့ ပုံရိပ်တွေထားရှိသင့်ပါတယ်။ ဖုန်းရွှေဓာတ်ကတော့ သစ်သားပဲဖြစ်တဲ့ အတွက်မီးပုံပါတဲ့ပုံတွေ၊ သတ္တုများစွာထားခြင်းတွေရှောင်ကြဉ်သင့်ပါတယ်။သင့်ရဲ့အိမ်ရုံးခန်းကိုရှုပ်ပွ ခြင်းမရှိဘဲ သန့်စင်ရှင်းလင်းအောင်နဲ့ စုစည်းထားနိုင်အောင် ဖုန်းရွှေကို အသုံးပြုပါ။
Ref : Dr. Aung Bhone Myint (Social Media)
Photo Credit : Homesecuritycheck
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ