By LwinPyin, Shweproperty.com
Updated at 12 December 2018
ခရီး သွားမယ်ဆိုရင် အိမ်အတွက် နောက်ဆံတင်းပြီး စိတ်မပူရအောင် ဘယ်လိုစီစဉ်ပြီးထားခဲ့မလဲ။
၁။ ရေခဲသေတ္တာကို သန့်ရှင်းထားခဲ့ပါ။ ရက်လွန်မယ့် (သို့) ပုတ်သိုးနိုင်မယ့်အရာတွေကို တစ်ခါတည်းဖယ်ထားပါ။
၂။ အိမ်ကို သန့်ရှင်းရေးပြုလုပ်ထားခဲ့ပါ။
၃။ အဝတ်များကို လျှော်ဖွတ်ထားပြီး အခြောက်လှမ်းခဲ့ပါ။
၄။ အပင်များရှိပါက ရေအဝလောင်းခဲ့ပါ။
၅။ ပိုးသတ်ဆေးရည်ကို အိမ်တွင်းအနည်းငယ်ဖြန်းခဲ့ပါ။
၆။ အိမ်ရှိ မီးခလုတ်များ၊ ပလက်ပေါက်များကို စစ်ဆေးပါ။
၇။ သတင်းစာလာပို့ပါက သပ်သပ်ရပ်ရပ်ထားနိုင်ရန် ခြင်းတစ်ခုထားခဲ့ပေးပါ။
၈။ အိမ်တွင်း အပူပေးစက်ကို သေချာစစ်ဆေးပြီး ပိတ်ခဲ့ပါ။
၉။ ပြတင်းပေါက်နှင့်ခန်းဆီးလိုက်ကာများကို လုံခြုံစွာပိတ်ပါ။
၁၀။ ရေပိုက်များမှလည်း ရေယို၊ ရေကျနေခြင်းမရှိအောင် လုံနေအောင် ပိတ်ပါ။
၁၁။ ဂိုထောင်ရှိပါက သေချာစစ်ဆေးသော့ပိတ်ပါ။
၁၂။ တံခါးနှင့် ပြတင်းပေါက်များကို သေချာပိတ်ခဲ့လား ပြန်စစ်ဆေးပါ။
၁၃။ အိမ်နီးနားချင်းများကိုလည်း ခရီးသွားသည်အကြောင်း အသိပေးခဲ့ပြီး လိုအပ်ပါက ကူညီနိုင်ရန်အတွက် ပြင်ဆင်ထားပါ။
ဒီလိုအချက်တွေကို ဆန်းစစ်ပြီးမှ ခရီးသွားပါက သင့်အနေဖြင့် အိမ်ကို ပြန်လည် လှည့်ကြည့် ပူပန်စရာမလိုဘဲ အေးအေးလူလူ ဖြောင့်ဖြူးစွာပင် သွားလာနိုင်မည်ဖြစ်ပါတယ်။
Ref & Photo Credit : LwinPyin
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ