By ဦးဇော်မြင့်ဦး, Shweproperty.com
Updated at 11 December 2014
တချို့သောအိမ်ငှားများသည် အိမ်ငှားစာချုပ်သက်တမ်း ကုန်ဆုံးသောအခါတွင်ဖြစ်စေ၊ သက်တမ်းမကုန်ဆုံးမီတွင်ဖြစ်စေ ငှားရမ်းသည့်အဆောက်အအုံ၊ သို့မဟုတ် တိုက်ခန်းကို ပိုင်ရှင်ဖြစ်သူသို့ လက်ရောက်ပြန်လည်အပ်နှံခြင်းမပြုပဲ ပြောင်းရွှေ့ထွက်ခွါသွားတတ်ကြသည်။
အိမ်ငှားဖြစ်သူသည် ငှားရမ်းသည့် အဆောက်အအုံ၊ သို့မဟုတ် တိုက်ခန်းတွင် မူလတပ်ဆင်သုံးစွဲထားသည့် ပစ္စည်း၊ ကိရိယာ၊ အသုံးအဆောင်များအား မူလအခြေအနေအတိုင်း အိမ်ရှင်သို့ လက်ရောက်ပြန်လည်အပ်နှံရန် လိုအပ်ပါသည်။ မူလရှိသည့်အခြေအနေ၊ အရေအတွက်အတိုင်း မဟုတ်ပဲ လျော့နည်းမှု၊ ပျက်စီးမှု၊ လိုအပ်သည်ထက် ပိုမိုယိုယွင်းပျက်စီးမှုအတွက် ပေးလျော်ရန်တာဝန်ရှိသည်။
ငှားရမ်းသည့် အဆောက်အအုံတိုက်ခန်းတွင် တယ်လီဖုန်းတပ်ဆင်ထားလျှင် ကျသင့်သည့် တယ်လီဖုန်းခကို နေထိုင်သည့်ကာလ နောက်ဆုံးနေ့အထိ ပေးဆောင်ရမည်ဖြစ်သည်။ နောက်ဆုံးထမ်းဆောင်သည့် တယ်လီဖုန်းပြေစာ၊ လျှပ်စစ်မီတာပြေစာကိုလည်း အိမ်ရှင်ဖြစ်သူသို့ လက်ရောက်အပ်နှံရန်လိုအပ်ပါသည်။
ထို့ကြောင့် အိမ်ရှင်ဖြစ်သူအနေဖြင့် အိမ်ငှားဖြစ်သူထံမှ လိုအပ်သောတယ်လီဖုန်းသုံးစွဲခ တစ်လ(ခန့်မှန်း) ရေမီတာခ(တစ်လခ)နှင့် လျှပ်စစ်မီတာခ တစ်လခ(ခန့်မှန်း)စီကို ကြိုတင်ငွေ (DEPOSIT) အဖြစ် မူလအိမ်ရှင်အိမ်ငှားစာချုပ် ချုပ်ဆိုစဉ်ကပင် ရယူထားရန်လိုအပ်ပါသည်။အိမ်ငှားစာချုပ်သက်တမ်းစေ့၍ နေအိမ်အားပြန်လည် အပ်နှံပြီး ကြွေးကျန်များရှင်းလင်းပြီးမှ အဆိုပါရယူထားငွေမှ ရှင်းလင်းပြီး ပြန်အမ်းရန်ကျန်ရှိပါက ကျန်ရှိငွေကို အိမ်ငှားဖြစ်သူသို့ ပြန်လည်ပေးအပ်ရန် လိုအပ်ပါသည်။
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ