By Shwe Kyaw, Shweproperty.com
Updated at 9 April 2020
ကိုဗစ် ၁၉ ကူးစက်ရောဂါ ကာလအတွင်း အိမ်ခြံမြေရောင်းခြင်း ၊ ဝယ်ခြင်းလုပ်ငန်းတွေ လုပ်ကိုင်တဲ့အခါ အကန့်အသတ်တွေဖြစ်ခဲ့ပါတယ်။ ဒီလို အချိန်မှာ အများစုက အွန်လိုင်းကို အသုံးပြုပြီး ရောင်းဝယ်ခြင်းတွေ လုပ်လာကြပါတယ်။ ဒီလိုလုပ်တဲ့အခါမှာ အိမ်ခြံမြေ ရောင်းဝယ်ခြင်းအတွက် အကောင်းဆုံးနည်းလမ်း တစ်ခုရှိပါတယ်။ အဲဒါကတော့ ကိုယ့်ရဲ့ အိမ်ခြံမြေကို ဖုန်းတစ်လုံး (သို့) ကင်မရာတစ်လုံးရှိရုံနဲ့ ဈေးကွက်ဖန်တီးပြီး အရောင်းအဝယ် လုပ်နိုင်မှာပဲဖြစ်ပါတယ်။
ဒါကြောင့် ကိုယ့်ရဲ့ အိမ်ခြံမြေကို အရည်အသွေးမြင့် ဓါတ်ပုံတွေ ဘယ်လို ဖန်တီးမလဲ ဆိုတဲ့အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။
(၁) ဓါတ်ပုံဖန်တီးမယ့် သူအနေနဲ့ မိမိရိုက်မယ့်အိမ်အတွင်း ၊ ခြံအတွင်းသို့ လျှောက်ကြည့်ပါ။ ပြီးရင် ပါဘယ်လိုရိုက်မလဲဆိုတာကို Pre-Photography Checklist လုပ်ဖို့လိုပါတယ်။ မလိုတာတွေ (သို့) ဓါတ်ပုံမှာ မပါသင့်တဲ့ ရှုပ်ထွေးတဲ့အရာကို ထည့်မရိုက်မိဖို့ဖြစ်ပါတယ်။
LOUNGE/LIVING AREA WINDOWS AND MIRRORS FLOORS LAMPS, LIGHTS AND FANS BATHROOMS KITCHEN AND DINING AREAS တွေမှာရှိတဲ့ မလိုတဲ့အရာတွေကိုဖယ် ၊ လိုတဲ့အရာတွေကို ထည့်ပြီး ဓါတ်ပုံကောင်းတစ်ခုဖန်တီးရမှာပါ။
(၂) - မိမိနဲ့ သင့်တော်တဲ့အကောင်းဆုံးအရည်အသွေးကင်မရာကိုသုံးပါ
အိမ်ရှင်ရောင်းမယ့်သူ ၊ အိမ်ငှားမယ့်သူတွေအနေနဲ့ မိမိအိမ်ကို ငှားချင်လို့ပဲဖြစ်ဖြစ် ၊ ရောင်းချင်လို့ပဲဖြစ်ဖြစ် ဓါတ်ပုံတွေ ဖန်တီးပြီး ရောင်းမယ်ဆိုရင် အရည်အသွေးမြင့်တဲ့ ကင်မရာတွေဖြစ်ဖို့လိုပါတယ်။ ဒါမှမဟုတ် အရည်အသွေးမြင့် မြင်ကွင်းကျယ်(Wide Angle Lens) ပါတဲ့ ဖုန်းဖြစ်ဖို့လိုပါတယ်။
(၃) - မိုးရွာသွန်းမှုကိုစိတ်မပူပါနဲ့
မိုးတွင်းဆိုရင်လည်း အိမ်ရာခြံဝင်းကို ဓါတ်ပုံရိုက်တဲ့အခါ မိုးအုံ့နေလို့ ကောင်းကင်ကြီးမဲမှောင်နေတဲ့အခါ မလှပတဲ့ ပုံဖြစ်မှာကို စိတ်မပူပါနဲ့ ၊ edit မှာ ကောင်ကင်ပြာကြီးတစ်ခုကို လှလှပပ ထည့်သွင်းပြီး ပုံရိပ်ကောင်းတစ်ခုကို ဖန်တီးနိုင်မှာဖြစ်ပါတယ်။
(၄) - မီးအားလုံးဖွင့်ပါ
အလင်းရောင်ကောင်းကောင်းရဖို့ မီးအားလုံးဖွင့်ပြီး ရိုက်ရမှာဖြစ်ပါတယ်။ ဒါမှသာ အရည်အသွေးမြင့်တဲ့ ဓါတ်ပုံတစ်ပုံကို ဖန်တီးနိုင်မှာပါ။
(၅) - ပရိဘောဂပစ္စည်းတွေကို ညီညီညာညာ ထားပါ။
ပရိဘောဂ ပစ္စည်းတွေကို ဧည့်ခန်း၊ ထမင်းစားခန်း၊ အိပ်ခန်းထဲမှာ ရှုပ်ထွေးနေတာမျိုးမဟုတ် အသေအချာ ညီညီညာညာ စီပြီးရိုက်နိုင်မှာဖြစ်ပါတယ်။
(၆) - သင်၏ရောင်ပြန်ဟပ်မှုနှင့် ပတ်သက်၍ စိတ်မပူပါနဲ့
ရေချိုးခန်း နှင့် မီးဖိုချောင်တွေကိုရိုက်တဲ့အခါမှာ ကြွေပြားအဖြူတွေ ၊ မှန်တွေကြောင့်ဖြစ်လာတဲ့ အလင်းပြန်မှုကြောင့်ပုံရိပ်ကို ထိခိုက်နိုင်သလို မှန်ထဲမှာ ကိုယ့်ရဲ့ပုံရိပ် ပါလာနိုင်တာတွေလည်း ဖြစ်နိုင်တာကြောင့် ဓါတ်ပုံကို Edit လုပ်ပြီး ဖယ်ထုတ်နိုင်မှာဖြစ်ပါတယ်။
(၇) - လိုအပ်ရင်ပြန်ရိုက်ပါ။
မြင်ကွင်းကျယ် မှန်ဘီလူး (သို့) မြင်ကွင်းကျယ် Function မပါဘဲ ရိုက်မိပြီဆိုရင် ၊ မြင်ကွင်းကျယ် Function (သို့) မြင်ကွင်းကျယ် မှန်ဘီလူး (Wide Angle Lens) ကို အသုံးပြုပြီးပြန်ရိုက်ပါ။ တနည်းအားဖြင့် မြင်ကွင်းကျယ် မှန်ဘီလူး မရှိရင် အနောက်ကို များများ ဆုတ်ပြီး ရိုက်ပါ။ အိမ်အတွင်းရှိတဲ့ အရာဝတ္ထုတွေကို မြင်ကွင်းအတွင်း ထည့်သွင်းပြီး ပြီးပြည့်စုံတဲ့ ပုံရိပ်ကို ဖန်တီးနိုင်မှာဖြစ်ပါတယ်။
(၈) Eye Level အဆင့်တွင်ထားရိုက်ပါ
သင့်ရဲ့အိမ်ကို ဓါတ်ပုံရိုက်တဲ့အခါ ဝယ်ယူသူက မျက်စိနဲ့မြင်ရတဲ့ Level အနေအထားမျိုးရိုက်ပါ။
(၉) ဒေါင်လိုက် (Portrait) မရိုက်ပါနဲ့ လှဲရိုက်ပါ(Landscape)
လှဲရိုက်ပါ(Landscape) မှ သင့်အိမ်ထဲနဲ့ ပတ်ဝန်းကျင်မှာ ရှိတဲ့အရာကို ဝယ်ယူသူက ကောင်းကောင်းမြင်နိုင်မှာဖြစ်ပါတယ်။
(၁၀) အိမ်ရဲ့မြင်ကွင်းကို ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသားမြင်ရအောင်ရိုက်ပါ။
ပြချင်တဲ့အရာတွေကို ဝါးမနေစေဘဲ ပြတ်သားတဲ့ပုံရိုပ်ဖြစ်အောင် Focus ကို ဂရုစိုက်ပါ။ ဒါဆိုရင်တော့ သင်ရောင်လိုတဲ့ အိမ်ခြံမြေကို အရည်အသွေးမြင့် ဓါတ်ပုံတစ်ခုဖန်တီးနိုင်လိမ့်မယ်လို့မျှော်လင့်ပါတယ်။
Written By: Shwe Kyaw (ShweProperty.com)
Posted By: Ra Wai (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ