By ဦးဇော်မြင့်ဦး, Shweproperty.com
Updated at 11 December 2014
၁။ ရောင်းသောပစ္စည်းတွင် ချို့ယွင်းချက်အနာအဆာရှိလျှင် ရောင်းသူက ဝယ်သူအား ထုတ်ပြောရန်တာဝန်ရှိသည်၊ ၂။ ပစ္စည်းနှင့် ပတ်သက်၍ဖြစ်စေ၊ ပိုင်ဆိုင်ခွင့်နှင့် ပတ်သက်၍ဖြစ်စေ ဝယ်သူကမေးသော မေးခွန်းများကို ရောင်းသူက သိသမျှဖြေကြားရန်၊ ၃။ ဝယ်သူက အဖိုးစားနားပေးသောအခါ သင့်လျော်သော အရောင်းစာချုပ်ချုပ်ဆိုပေးရန်၊ ၄။ ပစ္စည်းကို လက်ရောက်ပေးအပ်ရန် တောင်းဆိုလျှင် ပစ္စည်းအမျိုးအစားအလိုက် လက်ရောက်ပေးအပ်ရန်၊ ၅။ ရောင်းသည့်နေ့အထိ ပစ္စည်းနှင့်ပတ်သက်၍ ပေးချေရန်ရှိသော အခွန်ငွေကြွေးမှီးကို ပေးရန်၊ ၆၊ ငွေအားလုံးကို ဝယ်သူကပေးချေသောအခါ ပစ္စည်းပိုင်ဆိုင်ခွင့် စာချုပ်စာတမ်းအားလုံးကို ဝယ်သူလက်ထဲပေးအပ်ရန်။ ရောင်းသူ၏ အခွင့်အရေးများ ပစ္စည်းပိုင်ဆိုင်ခွင့် ဝယ်သူထံပြောင်းသွားချိန်ထိ ပစ္စည်းမှရရှိသော ငှားရမ်းခ အမြတ်အစွန်းများကို ရယူခွင့်ရှိသည်။
ရောင်းချမည့်သူအနေဖြင့် ရောင်းချမည့် မြေ၏တန်ဖိုးနှင့် အဆောက်အအုံ၏ တန်ဖိုးတို့ကို စိစစ်လေ့လာတွက်ချက်နိုင်ရန် လက်ရှိ ကာလ ပေါက်ဈေးကိုလည်း လေ့လာရန်လိုအပ်သည်။
ရောင်းချသူအနေဖြင့် မှတ်ပုံတင်စာချုပ် ချုပ်ဆိုပေးခြင်း အိမ်ခြံ၊ မြေအရောင်းအဝယ် ပြုလုပ်ရာတွင် စရန်စာချုပ်များ ချုပ်ဆိုရာတွင် အရပ်စာချုပ်များဖြင့်သာ ချုပ်ဆိုလေ့ရှိပါသည်။ အဆိုပါ စာချုပ်များတွင် ရောင်းသူအနေဖြင့် တရားဝင်အရောင်းအဝယ် မှတ်ပုံတင်စာချုပ်ကို လိုက်လံချုပ်ဆိုပေးမည် ဖြစ်ကြောင်း ဝန်ခံကတိပြုသည့် စည်းကမ်းချက်ကို ထည့်သွင်းချုပ်ဆိုကြရပါသည်။ သို့ရာတွင် တချို့ရောင်းသူများမှာ မှတ်ပုံတင် စာချုပ်ချုပ်ဆိုပေးရန် ငြင်းဆန်သည့်အခါ ဝယ်သူအနေဖြင့် မှတ်ပုံတင် စာချုပ်ချုပ်ဆိုပေးစေလိုမှုဖြင့် အရောင်းအဝယ်ပြုသည် မြေကွက်တည်နေရာ တရားရုံးတွင် တရားစွဲဆို နိုင်ပါသည်။ စာချုပ်ပါတန်ဖိုးငွေအတိုင်း ရုံးခွန်တံဆိပ်ခေါင်း ထမ်းဆောင်ရမည်ဖြစ်ပါသည်။
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ