ရှမ်းပြည်နယ် ကလော ရောင်းရန်ရှိသော မြေကွက် / ခြံ
ကလော, ရှမ်းပြည်နယ်
ရောင်းရန် 6,000 သိန်း
Property ID: S-1395014
Property ID: S-1395014
ကံရှိမှ တက်စေသလို ဉာဏ်ရှိသူများအတွက် မြတ်စေမဲ့
သာဘာဝကျောက်တုံးများပြည့်နေတဲ့ ခြံ
.
🧿 ရပ်ကွက် - ၃ ကလောမြို့
🧿 စာရွက်စာတမ်း - 105
🧿 စျေးနှုန်း - 6000 သိန်း (ညှိနှိုင်း)
🧿 အကျယ်အဝန်း - 0.095 ဧက
🧿 စုစုပေါင်းစတုရန်းပေ - 4138 စတုရန်းပေ
🧿 တစ်စတုရန်းပေစျေး - 145000 ကျပ်
🧿 လမ်း - နှစ်လမ်း
၁။ 30’ ကတ္တရာကားလမ်း(မရောက်ခင်)
၂။ 15’ ကတ္တရာကားလမ်း
🧿 အလှည့် - အရှေ့တောင်
.
📌 သဘာဝတရားတွေနဲ့ အနီးကပ်ဆုံးနေထိုင်ပြီး ကိုယ်ပိုင်ခြံဝန်းလေးကိုလည်း သူများနဲ့မတူတဲ့ Design ဖန်တီးလိုသူများအတွက် ပေါ်ထွက်လာတဲ့ ခြံလေးတစ်ခြံ။
📌 နယ်ခံတွေတောင် သတိမထားမိတဲ့ လျှို့ဝှက်နေတဲ့ မြေကွက်တစ်နေရာ ရတနားတပါး လို့ပြောလိုက်ရင်လည်း လွန်မယ်လို့မထင်မိပါဘူးဗျ
📌 နေ့စဉ် လူနေထိုင်မှုဘဝအတွက် အရေးကြီး လှပါတယ်ဆိုတဲ့ မီး မပျက်တဲ့ ရပ်ကွက် ၊ ရေကြောတွေများလွန်းလို့ ရေဆိုရင်ရင် ဥတုသုံးပါးလုံး မရှားတဲ့ ရပ်ကွက်။
📌 မြေအနေအထားကို ပြောရမယ် ဆိုရင် သဘာဝလက်ဆောင်တွေနဲ့ ပြည့်နက်နေပြီး ကိုယ်ပိုင်စိတ်ကူးယဉ်ထဲက
အိမ်မက်ကမ္ဘာကို အပြင်မှာ လက်တွေ့ အကောင်အထည်ဖော်လိုသူတွေအတွက်တော့ ကွက်တိ ။
📌 ကားလေးနဲ့ သွားလာမယ်ဆိုရင်
နာရီစင် - ၃ မိနစ်
ဈေး - ၄ မိနစ်
မြို့ပတ်လမ်းကနေ အေးအေးဆေးဆေးမောင်းလာပြီး ခြံရှေ့ထိ ရောက်အောင် ကွန်ကရစ်လမ်းဆက်ခင်းထားသေးတာဆိုတော့ သွားရေးလာရေးအတွက် လုံးဝကိုမှ OK ။
📌 အကောင်းတကာ့အကောင်းဆုံးဆိုတဲ့ ရပ်ကွက်မှာ ရှိနေတာဆိုတော့ Veiw ဆိုရင်လည်း 360 အပြည့် တောင်တန်းရှုခင်းကော နယ်မြို့လေးရဲ့ရှုခင်းကော အမြှင့်ပိုင်းနေရာကနေ အပြည့်အဝရတဲ့ နေရာ။
ဘယ်လောက်မြှင့်တဲ့ အပိုင်းမှာလဲဆိုရင် တာဝတိံသာက ရွှေရောင်တဖိတ်ဖိတ်တောက်နေတာတောင် လှမ်းမြင်နေရတယ်
ဗျာ။ (မဟာစည်တရားရိပ်သာဖက်မှာပါ)
📌 ကြက်မှာ အရိုး ၊ လူမှာ အမျိုး ၊ မြေကွက် ဆိုရင် ဒါမျိုး ဆိုသူများ ဒီမြေကွက်လေးကို အမြန်ဆုံးဦးထားနိုင်မှ အဆင်ပြေမှာ ဗျ။
((( 🌲ထင်းရှုပင်တွေ ပေါများပြီး လေပြေလေအေးတွေ တိုက်ခတ်တဲ့ ဒီအရပ်ကို လှည့်ပတ်ကြည့်ပါ၊သဘာဝတရားရဲ့ အံဩမှင်သက်စရာ တွေကို ခံစားကြည့်ပါ။
အလှတရားတွေ တောက်ပပြီး အေးချမ်းမှုတွေပြည့်နေတဲ့ ဒီမြေကွက်ဟာ
အိပ်မက်များကို ဖြည့်ဆည်းပေးရန်လည်း အသင့်စောင့်မျှော်လျက်ပါ🍃🍃 )))
အနည်းဆုံး သိန်း ၄၀၀ ကနေစပြီးရှိတယ်နော်...
ဂျာနတ် ကလောအိမ်ခြံမြေ အကျိုးဆောင်
( နေမင်းထွန်း )
☎️ 09 970 7777 31
☎️ 09 7816 20 225 (Viber, Telegram)
📍ရုံးခန်း - ရပ်ကွက် ၉ ၊ နှီးဘုရားလမ်းဆုံ၊ ဓမ္မစင်္ကြာလမ်း၊ ကလောမြို့။
အိမ်ခြံမြေ၏အချက်အလက်များ
အိမ်ခြံမြေ အမည် : တာဝတိံသာက ရွှေရောင်တဖိတ်ဖိတ်တောက်နေတာတောင် လှမ်းမြင်နေရတယ်
Type
ခြံ ၊ မြေကွက်ဧရိယာ
4150 ft2ပိုင်ဆိုင်မှု့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ
Advertiser : ဂျာနတ် ကလောအိမ်ခြံမြေ
ရုံးခန်း - ၉/၂၇ စမ္မစင်္ကြာလမ်း၊ နှီးဘုရားလမ်းဆုံ၊ ကလောမြို့။
Shweproperty ID: S-1395014
ကလော | ရှမ်းပြည်နယ်
Asking Price : 6,000 သိန်း
![]() |
ဖုန်းခေါ်ဆိုခြင်းအတွက် ကျေးဇူးတင်ပါတယ်။
ယခုရုံးချိန်ပြင်ပ/ ရုံးပိတ်ရက်များဖြစ်နေပါသဖြင့် လူကြီးမင်း၏ နာမည်နှင့် ဖုန်းနံပါတ်တို့ကို သက်ဆိုင်ရာ အရောင်းကိုယ်စားလှယ်များထံသို့
ပေးပို့ထားနိုင်ပါသည်။
သက်ဆိုင်ရာ အရောင်းကိုယ်စားလှယ်များမှ လူကြီးမင်းတို့ထံ ပြန်လည်ဆက်သွယ်ပါမည်။