By Chan Myae, Shweproperty.com
Updated at 6 June 2022
COVID-19ရောဂါကူးစက်မှုကြောင့်ကျောင်းအများစုကိုပိတ်ထားသော်လည်းကလေးငယ်များဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာဆက်လက်လေ့လာရန်အရေးကြီးပါသည်။ ကျောင်းများသည်လည်း ကျောင်းသားများ အွန်လိုင်းပညာရေးမှတစ်ဆင့်ပညာဆက်လက်သင်ယူနိုင်စေရန် ကြိုးစားလျက်ရှိနေပါသည်။ သို့ရာတွင်မိဘများပိုမိုတက်ကြွစွာပါ၀င်သူများလာခြင်းဖြင့်ကျောင်းသား၏ရလဒ်များကိုသိသိသာသာတိုးတက်စေနိုင်ပါသည်။ဤအချက်သည်အချိန်နှင့်အားစိုက်ထုတ်မှုလိုအပ်ပြီးအချို့မိသားစုများအတွက်စိန်ခေါ်မှုများဖြစ်စေလိမ့်မည်ကိုကျွန်ုပ်တို့နားလည်ပါသည်။ မိမိ၏ကလေးများကိုသူတို့၏ကျောင်းမှအွန်လိုင်းပညာရေးတွင် ကူညီခြင်းနှင့်လမ်းညွှန်ပေးခြင်းအပြင် စာသင်ချိန်ပြင်ပအတွင်း မိမိ၏ကလေးနှင့်အခြားလှုပ်ရှားမှုများပြုလုပ်နိုင်ပါသည်။ လူကြီးမင်းများအတွက် မိမိ၏ကလေးသင်ယူလေ့လာရေးတွင် အထောက်အကူပြုနိုင်မည့် ပျော်စရာကောင်းသောအိမ်တွင်းလှုပ်ရှားမှု ၁၀ ခုကို ကျွန်ုပ်တို့စာရင်းပြုစုထားပါသည်။ ဤရိုးရှင်းသောလုပ်ဆောင်မှုများသည်အွန်လိုင်းမှတဆင့်သင်ယူလေ့လာခြင်း၏အစိတ်အပိုင်းတစ်ခုမဟုတ်သော်လည်းကလေးများသည်မိမိတို့သက်ဆိုင်ရာကျောင်းသို့ပြန်လာသည့်အခါအင်အားအပြည့်ရှိစေရန်ကူညီပေးနိုင်ပါသည်။ ၁။စာဖတ်ခြင်း။ ငယ်စဉ်အခါက မိမိ၏မိဘတွေလိုကလေးတွေကိုပုံပြင်တွေဖတ်ပြခြင်းထက် မည်သည့်အရာက ပိုကောင်းပါသလဲ။ ဤအရာသည် ကလေးများနှင့်အကျွမ်းတဝင်ရှိစေရန်အတွက် နည်းလမ်းကောင်းတစ်ခုသာမက ကလေးအနေနှင့် စာဖတ်ခြင်းကိုစိတ်၀င်စားစေရန်အတွက်လည်း နည်းလမ်းကောင်းတစ်ခုဖြစ်ပါသည်။ ဆိုဖာပေါ်တွင် သူတို့နှင့် သက်သောင့်သက်သာရှိရှိစာဖတ်ပါ။ကလေးနှင့်အတူနှစ်ဦးစလုံးပြုံးနေလိမ့်မည်ဆိုတာသေချာပါသည်။အသံကျယ်ကျယ်ဖြင့်ဖတ်ရန်အတွက် အသက်အရွယ်ကန့်သတ်ချက်မရှိပါ။ ကလေးအသက်အရွယ်ကြီးလေလေ၊ သင်ယူမှုကိုပျော်စရာဖြစ်စေသောစာအုပ်များစွာရှိလေလေဖြစ်ပါသည်။ ဥပမာအားဖြင့် သူတို့ကိုကောင်းမွန်သောယဉ်ကျေးမှုစာအုပ်တစ်အုပ်မှတဆင့် အခြားယဉ်ကျေးမှုများအကြောင်းလည်း သင်ပေးနိုင်ပါသည်။ နောက်ထပ်ဥပမာတစ်ခုမှာ ကလေးများအတွက်သိပ္ပံနှင့်ပတ်သက်သည့် စာအုပ်များဖြစ်ပါသည်။ အကယ်၍ အသံကျယ်ကျယ်ဖြင့်မဖတ်လိုလျှင် ကောင်းမွန်သည့် အသံဖိုင်များစွာကိုလည်းနားထောင်နိုင်ပါသည်။ ထိုအချိန်အတောအတွင်း မိမိ၏ကလေးနှင့်အတူလက်ဖက်ရည်ပူတစ်ခွက်နှင့် နားထောင်နေနိုင်သည် (သို့မဟုတ်) ဇာတ်လမ်း၏အဓိကဇာတ်ကောင်တစ်ဦး ကဲ့သို့ပြုမူနေနိုင်ပါသည်။ ၂။ အပြင်ထွက်၍ကစားခြင်း။ ပြင်ပတွင်ကစားခြင်းသည်ပညာသင်ယူရေးနှင့်မသက်ဆိုင်သည်ဟုထင်ရသော်လည်း၎င်းမှသင်ယူခြင်းအတွက်အကျိုးကျေးဇူးများစွာရှိပါသည်။ ကာယလေ့ကျင့်ခန်းသည်ကျန်းမာစေပြီးရောဂါတိုက်ဖျက်ပေးနိုင်ကြောင်း ကလေးများအား ပြောပြပေးနိုင်ပါသည်။ သူတို့ကိုမတူညီသောအားကစားများအကြောင်းသင်ကြားပေးပြီး မျှတမှုရှိစေရန်နှင့် အားကစားသမားတစ်ယောက်ကဲ့သို့အပြုအမူရှိစေရန်ရှင်းပြရန်အတွက်အခြားမိသားစုဝင်များပါ၀င်စေသင့်ပါသည်။အားကစား၏ရလဒ်အနေဖြင့်အနာဂတ်တွင်အသင်း၏စိတ်ဓာတ်နှင့် ဦးဆောင်မှုစွမ်းရည်ကိုတိုးတက်စေပါသည်။ ပြင်ပတွင်တွေ့ရသောအပင်နှင့်သတ္တဝါအမျိုးမျိုးတို့ကိုလည်းသင်ကြားပေးနိုင်သည်။ ကလေးများကို အင်းဆက်ပိုးမွှားကိုလည်း သိရှိနားလည်စေပြီး မိမိ၏ဥယျာဉ် သို့မဟုတ် ပတ်ဝန်းကျင်ကိုစူးစမ်းလေ့လာစေပါ။ ၃။ လက်မှုပညာလှုပ်ရှားမှုများ။ လက်မှုပညာစွမ်းရည်သည်ကလေးများအား စဉ်းစားတွေးခေါ်တတ်စေရန်နှင့်ဖန်တီးမှုရှိစေရန် ကူညီပေးသည့် အရေးပါသောအရာဖြစ်ပါသည်။၎င်းသည်သူတို့၏တီထွင်နိုင်မှုအရည်အချင်းများနှင့်အနုပညာစွမ်းရည်ကိုရှာဖွေရန်အကောင်းဆုံးနည်းလမ်းဖြစ်သည်။ အသစ်ထွက်ပေါ်လာမည့် ပီကာစိုဖြစ်လာနိုင်မလားဆိုတာ ဘယ်သူပြောနိုင်မလဲ။ ကတ်ထူပြားကို ကျောက်စိမ်းများ သို့မဟုတ် ပန်းပုများကိုစတင် ပြုလုပ်၍ သူတို့၏စိတ်ကူးစိတ်သန်းရှိသည့်အတိုင်း အရောင်ခြယ်စေပါ။ လက်မှုပညာများကို သူတို့၏အကြိုက်ဆုံးအားလပ်ရက်များ၊ ပွဲတော်များ သို့မဟုတ် ဂိမ်းများ သို့မဟုတ် သီချင်းများနှင့်ချိတ်ဆက်၍ ပြုလုပ်နိုင်ပါသည်။ ကလေးများအနေနှင့် သူတို့၏လက်မှုပညာရပ်အပေါ် ဂုဏ်ယူနိုင်စေရန်အတွက် မိမိ၏အိမ်တွင် ခင်းကျင်းပြသထားသင့်ပါသည်။ ၄။သီချင်းနားထောင်ခြင်း။ မိမိ၏ကလေးကို ယဉ်ကျေးမှုနှင့်နီးစပ်စေနိုင်သည့် အခြားနည်းလမ်းကောင်းတစ်ခုမှာ ဂီတတူရိယာတီးခတ်စေခြင်းဖြစ်ပါသည်။မိမိတို့တွင် တေးဂီတအတွေ့အကြုံမရှိပါက မိမိ၏ကလေးများနှင့်အတူ ဂီတတူရိယာအမျိုးမျိုးကိုရှာဖွေလေ့လာခြင်းသည်အလွန်ပင်အဖိုးတန်ပါသည်။၎င်းသည်သူတို့၏စိတ်ခံစားမှုကိုဖော်ပြရန်အတွက်အကောင်းဆုံးနည်းလမ်းတစ်ခုသာမကမျက်လုံးနှင့်လက်၏ပူးပေါင်းဆောင်ရွက်နိုင်မှုစွမ်းရည်ကိုလည်းတိုးတက်ကောင်းမွန်စေပါသည်။ ကလေးများအတွက်လူကြိုက်များသောတူရိယာများမှာ စန္ဒရား၊ ဒရမ် သို့မဟုတ် ပုလွေတို့ဖြစ်ပါသည်။ သတိထားရမည့်အချက်မှာ ကလေးများသဘောကျနှစ်သက်၍ တီးခတ်နေပါက အိမ်တွင်ဆူညံမှုများဖြစ်ပေါ်စေနိုင်ပါသည်။ သို့ရာတွင် မိမိ၏ကလေးပျော်ရွှင်နေသည်ကို မကြိုက်နှစ်သက်သည့်သူ မည်သူရှိပါသလဲ။ ၅။ဥယျာဉ်စိုက်ပျိုးခြင်း။ ကလေးများကိုမည့်သည့်အတွက်ကြောင့် ဥယျာဉ်စိုက်ပျိုးခြင်းမပြုလုပ်စေရမည်နည်း။ ကလေးများနှင့်အတူမီးဖိုချောင်ဥယျာဉ်တစ်ခုဖန်တီးခြင်းသည်သူတို့၏အစားအစာမှမည်သည့်နေရာမှရောက်ရှိနေကြောင်း၊ photosynthesisနှင့်နိုက်ထရိုဂျင်သံသရာလည်ခြင်းတို့ကိုနားလည်စေရန်အခွင့်အရေးကောင်းတစ်ခုပင်ဖြစ်ပါသည်။ ပိုးသတ်ဆေးကိုအသုံးမပြုခြင်းသို့မဟုတ်ကန့်သတ်ချက်ကိုကျော်လွန်၍အသုံးပြုခြင်းမရှိသည့်အတွက်စတိုးဆိုင်တွင်ဟင်းသီးဟင်းရွက်များ၀ယ်ခြင်းထက်ကျန်းမာရေးနှင့်ပိုမိုညီညွတ်စေပါသည်။အမျိုးမျိုးသောမျိုးစေ့များနှင့်ကြီးထွားမှုဖြစ်စဉ်များသည် ကလေးများအား ခွန်အားဖြစ်စေပြီး သူတို့၏စိုက်ပျိုးရေးဆိုင်ရာအသိပညာကိုတိုးပွားစေလိမ့်မည်။ ကလေးများကို စည်းကမ်းနှင့်တာဝန်သိစိတ်များအကြောင်းနှင့် အမှီအခိုကင်းစွာ မည်ကဲ့သို့နေထိုင်သင့်သည့်အကြောင်းများကိုသင်ကြားပေးနိုင်ရန်အတွက်ပန်းခြံတာ၀န်များတွင်သူတို့ကိုပါဝင်စေနိုင်ပါသည်။သူတို့ကိုအပင်၏နေ့စဉ် ရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှုများနှင့်ဆက်နွယ်မှုရှိစေရန် ဥယျာဉ်ထဲ၌ပေါင်းပင်ထည့်ပြီး နေ့စဉ်ရေပေးခြင်းတာဝန်များကို လုပ်ဆောင်စေသင့်ပါသည်။ ၆.သိပ္ပံစမ်းသပ်မှုများ။ ဓာတုဗေဒနှင့်ရူပဗေဒဆိုင်ရာများစမ်းသပ်လုပ်ဆောင်ခြင်းသည်မိမိ၏သားသမီးများတသက်တာအတွက်မှတ်မိစေမည့်အရာဖြစ်ပါသည်။၎င်းသည်ပျော်စရာကောင်းပြီးသိပ္ပံ၏အခြေခံသဘောတရားများကိုသင်ကြားရန်အဖိုးတန်သောနည်းလမ်းဖြစ်ပါသည်။ သို့ရာတွင် မိမိမည်သည့်အရာကို ပြုလုပ်နေသည်ကို သိထားရန်လိုအပ်ပါသည်။ အန္တရာယ်ရှိသောစမ်းသပ်မှုများကိုမပြုလုပ်ပါနှင့်။ ကျေးဇူးပြု၍ လွယ်ကူပြီး အန္တရာယ်ကင်းသည့်အရာများကိုသာ ရွေးချယ်ပြုလုပ်ပါ။ အလွန်လူကြိုက်များသည့်စမ်းသပ်မှုတစ်ခုဖြစ်သည့် Baking Soda Volcano ကို ကြိုးစားကြည့်နိုင်ပါသည်။မီးတောင်ပေါက်ကွဲမှုနှင့်တူသောဓာတုဓာတ်ပြုခြင်းကိုပြုလုပ်ရန်မုန့်ဖုတ်ဆိုဒါနှင့်ရှာလကာရည်ကိုပလပ်စတစ်ပုလင်းတွင်ရောနှောပါ။ အစားအစာအရောင်ဆိုးဆေးအနီရောင် တစ်စက်ထည့်လိုက်ပါ၊ ၎င်းသည်ချော်ရည်နှင့်ဆင်တူသည်။ ကလေးတွေကိုပိုပြီး နှစ်သက်သဘောကျစေချင်ပါက ပုလင်းပတ်ပတ်လည်တွင် မီးတောင်အတုများကိုတည်ဆောက်ပါ။ သဘောကျနှစ်သက်စေမည်ကိုအာမခံပါသည်။ ၇။ မုန်တိုင်းကိုတွက်ချက်ခြင်း။ သိပ္ပံပညာသည်ကလေးများအားမုန်တိုင်း၏အကွာအဝေးကိုလျှပ်စီးကိုကြည့်ရှုခြင်းနှင့်မိုးခြုန်းသံကြားခြင်းအားဖြင့်တွက်ချက်နိုင်ရန်သင်ပေးလိမ့်မည်။ လျှပ်စီးကိုမြင်လျှင်မိုးကြိုးသံကြားရန် လိုအပ်သောစက္ကန့်အရေအတွက်ကိုရေတွက်ပြီး အဖြေကို မိုင်ဖြင့်သိလိုပါက ၅ နှင့်စားပြီး ကီလိုမီတာဖြင့်သိလိုပါက ၂နှင့်စားနိုင်ပါသည်။ အဘယ်ကြောင့်ဆိုသော် အသံသည် ၃ စက္ကန့်တိုင်းမှာ ၁ ကီလိုမီတာခန့်ရွေ့လျားနေသည့်အတွက်ဖြစ်ပါသည်။ လျှပ်စစ်ပြက်ပြီးနောက် ၁၅ စက္ကန့်မှာ မိုးချုန်းသံကြားရပါက မုန်တိုင်းသည် ၅ ကီလိုမီတာအကွာအဝေးခန့်တွင်ရှိပါသည်။ ၈။ မြွေဂိမ်း။ ဤဂိမ်းသည် ကလေးများ၏ဝေါဟာရကြွယ်ဝစေရန်အမှန်တကယ်တီထွင်ထုတ်လုပ်ထားခြင်းဖြစ်သည်။ ဥပမာအားဖြင့် ခေါင်းစဉ်တစ်ခုအနေဖြင့်တိရိစ္ဆာန်များကိုရွေးပြီးပထမစကားလုံးကိုရွေးချယ်ပါ။ကလေးများသည်သင်၏နောက်ဆုံးအက္ခရာကိုသူတို့၏ပထမစာလုံးအဖြစ် သုံး၍ တိရစ္ဆာန်အသစ်ပြုလုပ်ရန်လိုအပ်သည်။ ဥပမာအားဖြင့် tiger, rabbit, tarantula, alpaca, alligator,…ဖြစ်ပါသည်။ မည်သည့်ဝေါဟာရကိုတိုးတက်ရန်လိုအပ်သည်ကို မူတည်၍ မည်သည့်ခေါင်းစဉ်ကိုမဆို ရွေးချယ်နိုင်ပါသည်။ အကယ်၍ ဂိမ်းထဲတွင် သူတို့ကိုသမ္မတ (သို့မဟုတ်) ကျော်ကြားတဲ့ပန်းချီဆရာတစ်ယောက်ဖြစ်စေမည်ဆိုလျှင် ကစားနေစဉ်အတွင်းသမိုင်းရေးရာများနှင့်နိုင်ငံရေးအကြောင်းအရာများကိုတစ်ချိန်တည်းတွင်သင်ပေးနိုင်မည်ဖြစ်ပါသည်။ ၉။ ချက်ပြုတ်ခြင်း။ ကလေးများ၏လွတ်လပ်မှုနှင့်အခြေခံစွမ်းရည်များကိုသင်ကြားရန်အခြားအကောင်းဆုံးနည်းလမ်းတစ်ခုမှာ ချက်ပြုတ်ခြင်းဖြစ်ပါသည်။သူတို့ပြုလုပ်ထားသည့်အရာကိုစားနိုင်သည့်အတွက်သူတို့သဘောကျမည်မှာသေချာပါသည်။ မုန့်စိမ်းနှင့်ရေရောစေခြင်းကဲ့သို့ ရိုးရှင်းသောအလုပ်များဖြင့်စတင်စေပြီး ဟင်းသီးဟင်းရွက်များဖြတ်ခြင်းကဲ့သို့ ပို၍ ခက်ခဲသောသင်ကြားမှုများကိုတဖြည်းဖြည်းသင်ပေးပါ။ ကလေးများနှင့်အတူချက်ပြုတ်ရန်အချိန် ပို၍ လိုအပ်သည်ကိုသတိပြုသင့်ပါသည်။ ခက်ခဲတဲ့ချက်ပြုတ်နည်းများကိုမရွေးချယ်ပဲ လွယ်ကူပြီးပျော်စရာကောင်းသည့်ချက်ပြုတ်နည်းများကို ပြုလုပ်သင့်ပါသည်။ လူကြိုက်များသောရွေးချယ်မှုအချို့သည် ကိုယ်ပိုင် mini pizza ပြုလုပ်ခြင်း၊ ချောကလက်ကိတ်မုန့်လုပ်ခြင်းတို့ပဲဖြစ်ပါသည်။ ၁၀။ ကတ်များတွင်စာရေးပါ။ မိသားစုသို့မဟုတ်သူငယ်ချင်းများအတွက်ကိုယ်ရေးကိုယ်တာကတ်ပြားများတွင် စာရေးသားခြင်းသည် ကလေးများအားစာရေးခြင်းစွမ်းရည်ကိုသင်ပေးရန်နည်းလမ်းကောင်းတစ်ခုသာမက စာတစ်စောင်ကို မည်ကဲ့သို့ပို့ရမည်ကိုလည်းသင်ကြားပေးပါသည်။ ကျွန်ုပ်တို့၏လူ့ပတ်ဝန်းကျင်တွင် ကဒ်ပြားများပျောက်ကွယ်လုနီးပါးဖြစ်နေသော် လည်းသူတို့၏အနာဂတ်တွင်တရားဝင်စာများတင်ရန်လိုအပ်နိုင်ပါသည်။ မည်သည့်နေရာတွင်လိပ်စာရေးရမည်၊တံဆိပ်ခေါင်းကိုမည်သည့်နေရာတွင် ကပ်ရမည်ကိုသိထားခြင်းသည် လူတိုင်းသိထားသင့်သည့် အရာတစ်ခုဖြစ်ပါသည်။ ထို့အပြင် ကလေးများအတွက် လက်ခံသူထံမှရရှိသောတုံ့ပြန်မှုများသည်နှလုံးသားကိုနွေးထွေးစေပါသည်။ မျက်မှောက်ခေတ်တွင်လူတို့သည် လက်တွေ့စာများကိုမမျှော်လင့်ကြတော့ပါ။ လူသားများအကြားတွင်ရှိသော စိတ်ခံစားမှု၏တန်ဖိုးကို ကလေးများအားသင်ကြားပေးခြင်းသည်ကောင်းမွန်သော သင်ကြားပေးခြင်းတစ်မျိုးဖြစ်ပါသည်။ ဖတ်ရှုမှုအများအဆုံး အိမ်ခြံမြေဗဟုသုတများ အရေးအကြောင်းများကို ပျောက်ကင်းအောင်ကုသနိုင်သည့် အိမ်တွင်းကုထုံးနည်းလမ်းများ ငွေနည်းနည်းနဲ့ အိမ်တွင်းအလှဆင်နိုင်မယ့် နည်းလမ်းတွေ သင့်အိမ်တွင်းမှာ လွယ်လွယ်ကူကူရှာတွေ့နိုင်တဲ့ BEAUTY PRODUCTS များ ကံကောင်းစေဖို့ အိမ်တွင်းမှာထားသင့်တဲ့ အရာ(၇)မျိုး Credit By :sisschools Posted By :Chan Myae (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ