By Ra Wai, Shweproperty.com
Updated at 13 June 2022
တိုက်ခန်းသေးသေးလေးတွေမှာ နေတဲ့လူအများစုက အိမ်ထဲမှာ ပန်းလေးတွေနဲ့ အလှဆင်တတ်ကြပါတယ်။ ဒီလိုအလှဆင်တဲ့အခါမှာ အချိူ့အပင်တွေက ကျန်းမာရေးကို ထိခိုက်စေနိုင်လို့ အထူးပဲ သတိထားသင့်ပါတယ်။ သစ်ပင်လေးတွေကို အိမ်ထဲမှာ စိုက်ထားတာကလည်း အလွန်လှပါတယ်။ သင့်အတွက် မကောင်းတဲ့ အပင်မျိုးကိုတော့ မစိုက်သင့်ပါဘူး။ ဒါဆိုရင် ဘယ်လိုအပင်မျိုးတွေက သင့်ကို ထိခိုက်စေနိုင်မလဲဆိုတာ ကြည့်လိုက်ရအောင်။ ၁ ။ ရွက်လှပင် အပြင်ပန်းမှာတော့ လှပတဲ့အရွက်တွေ ရှိပါတယ်။ သူဟာ မူးယစ်စေတတ်တဲ့ အပင်မျိုးနွယ်ဝင်လဲ ဖြစ်ပါတယ်။ မတော်တဆ ပါးစပ်နဲ့ထိမိတာပဲဖြစ်ဖြစ်၊ စားမိတာပဲဖြစ်ဖြစ် ဝမ်းလျှောတာ၊ ပျို့အန်တာတွေကို ဖြစ်စေပါတယ်။ ဒါ့အပြင် ပါးစပ်နဲ့ လည်ချောင်းယားယံတာတွေကိုလည်း ဖြစ်စေပါတယ်။ ၂ ။ ဆင်စွယ်ဂမုန်းပင် အများစုကတော့ မြွေပန်းလို့ခေါ်ကြပြီးတော့ အိမ်တွင်းအလှဆင်ဖို့အတွက် သုံးတာများပါတယ်။ ဒီအပင်မှာ Saponin ဆိုတဲ့ ဓာတ်တစ်မျိုးပါဝင်ပြီးတော့ မျိုချမိရင် အဆိပ်ဖြစ်စေပါတယ်။ Saponin က ပျို့အန်တာတွေကိုဖြစ်စေတာကြောင့် အိမ်မွေးတိရစ္ဆာန်တွေနဲ့ အဝေးမှာလည်း ထားသင့်ပါတယ်။ ၃။ ကျောက်စိမ်းဂမုန်း ကျောက်စိမ်းဂမုန်း (သို့) ZZ လို့ သိကြတဲ့ပန်းမျိူးစိတ်ဟာ မျိူချမိရင် နာကျင်တာတွေ၊ အရေပြာယားယံတာနဲ့ ရောင်ရမ်းတာတွေကိုဖြစ်စေပါတယ်။ မတော်လို့ ထိခဲ့မိတယ်ဆိုရင် ရေနဲ့အမြန်ဆုံး ဆေးချလိုက်လို့ရပါတယ်။ ၄ ။ ရှားစောင်းလက်ပတ် ရှားစောင်းလက်ပတ်မျိူးစိတ်က နေရာအစုံမှာ အသုံးဝင်တာကို လူတိုင်းသိပါတယ်။ ဒါဆို ရှားစောင်းလက်ပတ်က ဘာလို့ အန္တရာယ်ရှိတဲ့ထဲပါရတာလဲ?။ အဖြေကတော့ ဝမ်းလျှောစေတတ်လို့ပါ။ ပြီးတော့ ဓာတ်မတည့်တာတွေကိုလည်း ဖြစ်စေပါတယ်။ ၅ ။ Marigolds Marigolds ကို မတော်ဘဲ စားမိခဲ့ရင် အစာအိမ်နဲ့ အူလမ်းကြောင်းမှာ ပြဿနာရှိစေနိုင်ပါတယ်။ ပြီးတော့ အရေပြားမှာလည်း အဖုအပိမ့်တွေ ထစေနိုင်ပါတယ်။ ၆ ။ ရွှေလာငွေလာနွယ်ပင် သူ့မှာတော့ Calcium Oxalate ဆိုတဲ့ ဓာတ်တစ်မျိူးပါဝင်ပြီးတော့ လည်ချောင်းနာတာတွေ၊ အစားစားရခက်တာတွေကို ဖြစ်စေနိုင်ပါတယ်။ အရွက်တွေကလှပေမယ့်လည်း အိမ်မွေးတိရစ္ဆာန်တွေရဲ့ အဝေးမှာ ထားသင့်ပါတယ်။ ၇ ။ ပိန်းရွက်လှ သူကတော့ အသည်းပုံစံ အရွက်တွေရှိပြီးတော့ အရမ်းလှပါတယ်။ လှသလောက်လဲ အဆိပ်ပြင်းပါတယ်။ တိရစ္ဆာန်တွေနဲ့ ကလေးငယ်တွေဟာ ဒီလိုအပင်မျိူးနဲ့ ထိတွေ့မိရင် အသက်ရှူကြပ်တာမျိူးတွေ ဖြစ်စေပါတယ်။ ၈ ။ ရွှေလာငွေလာပင် ရွှေလာငွေလာပင်မှာတော့ လှပတဲ့အရွက်တွေ ရှိပါတယ်။ အိမ်တွင်းအလှဆင်တဲ့နေရာမှာ အလွန်ကြော့ရှင်းတာကြောင့် လူကြိုက်များပါတယ်။ နာမည်ကတော့ ထူးဆန်းပါတယ်။ သူဟာလဲ အပေါ်မှာ ဖော်ပြခဲ့တဲ့ အပင်တွေလိုပဲ Calcium Oxalate ဆိုတဲ့ဓာတ်ပါဝင်ပြီး နှုတ်ခမ်း၊ ပါးစပ်နဲ့ လျှာကို နာကျင်စေပါတယ်။ ၉ ။ Euphorbia tirucalli Euphorbia tirucalli ကတော့ အရေပြားနဲ့ မျက်လုံးကို ယားယံစေပါတယ်။ ဒါကြောင့် ဒီအပင်ကို ကိုင်တွယ်ရင် လက်အိတ်ဝတ်သင့်ပါတယ်။ တကယ်လို့ တိုက်ရိုက်ထိတွေ့ခဲ့မယ်ဆိုရင် မျက်လုံးနီခြင်းနဲ့ ယားယံခြင်းကိုဖြစ်စေလို့ အထူးဂရုစိုက်သင့်ပါတယ်။ ၁၀ ။ ကျောက်ကွဲပင် သူကတော့ ဆွဲဆောင်မှုရှိပြီး အရမ်းလှတဲ့ပန်းမျိူး ဖြစ်ပါတယ်။ ခရမ်းရောင်အဆင်းရှိပြီးတော့ အိမ်တွင်းအလှဆင်တဲ့နေရာမှာ အသုံးများပါတယ်။ အစေ့နဲ့ အရွက်ကို စားသုံးမိရင် လူရော တိရစ္ဆာန်ပါ သေစေနိုင်ပါတယ်။ အဆိပ်ဖြစ်စေတဲ့အတွက် အိမ်ထဲမှာ မစိုက်သင့်ပါဘူး။ တကယ်လို့ စိုက်ထားတယ်ဆိုရင်လည်း သင့်ရဲ့ အိမ်မွေးတိရစ္ဆာန်လေးတွေနဲ့ ဝေးဝေးမှာပဲထားပါ။ ကိုင်တွယ်ရင်လည်း လက်အိတ်ဝတ်သင့်ပါတယ်။ Credit By : Mega Wave Posted By : Ra Wai (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ