By Chan Myae, Shweproperty.com
Updated at 30 May 2022
သင့်အိမ်ကို ပိုးမွှားကင်းစင်တဲ့ အိမ်တအိမ်ဖြစ်စေချင်ပေမယ့် ဓါတုပိုးသတ်ဆေးတွေကိုသုံးဖို့လက်တွန့်နေလား။သင့်ရွေးချယ်မှု မှန်ပါတယ်။ ဓါတုပိုးသတ်ဆေးတွေဟာ အပြင်းဆုံးဆုံးအဆိပ်တွေဖြစ်ပြီး ပိုးမွှားတွေကိုသာမက လူကိုလည်း ဒုက္ခကောင်းကောင်းပေးနိုင်ပါတယ်။ဒါတွေကိုရှောင်လွှားနိုင်ဖို့ဆို ခုပြောပြမယ့် နည်းလမ်းလေးတွေက အနည်းနဲ့အများအသုံးဝင်လိမ့်မယ်လို့ ယူဆပါတယ်။ ၁။ပိုးဟပ်တွေ အရိုးရှင်းဆုံးပြောရရင် ပိုးဟပ်တွေဟာ အစားအစာနဲ့ ရေရှိရာမှာရှင်သန်တဲ့အတွက် အစားအစာတွေကို သူတို့လက်လှမ်းမမှီအောင်ထားဖို့လိုပါတယ်။အဲ့လိုမှမဟုတ်ရင်တော့ ထောင်ချောက်လေးတခုဖန်တီးလိုက်ပါ။ ရိုးရှင်းလွယ်ကူပါတယ်။ ရေသန့်ဗူးအလွတ်တလုံးကိုယူလိုက်ပါ။ထိပ်ပိုင်းကို ကန်တော့ပုံဖြစ်အောင်ဖြတ်လိုက်ပါ။ ထိုကန်တော့လေးကို ထိုရေဗူးပိုင်းထဲကို ပြန်ထည့်ပါ။ပုံမှာပြထားတဲ့အတိုင်းပေ့ါ။ ပြီးရင် ထိုပစ္စည်းလေးကို ပိုးဟပ်တွေလာတတ်တဲ့နေရာမှာထားပေးပါ။ပိုးဟပ်တွေဟာ ရေဝင်သောက်မှာဖြစ်ပီး ပြန်ထွက်မရတော့ပါဘူး။ ၂။ ယင်ကောင်တွေ ဒီနည်းလေးကတော့ အသုံးပိုတည့်မှာပါ။ ယင်ကောင်တွေက တကယ့်ရန်သူတွေလေ။ သူတို့အတွက်ထောက်ချောက်လေးတခုပြောပြမယ်။ဖန်ခွက်တခွက်ထဲကို ပန်းသီးပါဝင်တဲ့ ဗနီဂါ ကိုထည့်ပါ။ နောက်ပီး အချဉ်ပေါက်နေတဲ့အသီးတစ်မျိုးရောပေါ့။ပီးရင်တော့ စောစောကနည်းအတိုင်း စာရွက်တရွက် ဒါမှမဟုတ် အဖုံးကိုပဲကန်တော့ပုံလုပ်ပီး ပုလင်းထဲထည့်ပါ။ပြည့်စုံသွားပီဆိုရင်တော့ ယင်ကောင်များတဲ့နေရာမှာ ညအိပ်ထားလိုက်ပါ။ မနက်ကျရင် အကျိုးရလဒ်ကို မျက်မြင်တွေ့ရမှာပါ။ လုပ်ကြည့်နော်။ ၃။ ခြင်တွေ သူ့ကိုနှိမ်နင်းဖို့တော့ Citronella နဲ့ lemongrass ဆီကို မီးစာလုပ်ပြီး ထွန်းပေးပါ။ ဒါတွေက ခြင်နိုင်ပါတယ်။ဒါမှမဟုတ်ရင်တော့ အုန်းဆီကို အခြားအပင်မှရရှိတဲ့ ဆီတမျိုးမျိုး (essential oil) အနည်းငယ်နဲ့ရောပီး အနည်းငယ်ခဲသွားပါစေ။ထိုအရာကို အသားပေါ်မှာလိမ်းနိုင်ပါတယ်။ သတိထားရမှာက essential oil မများပါစေနဲ့။ ၄။ ပိုးမွှားတွေ အကုန်လုံးပါဝင်ပါတယ်။ ခြင်၊ယင်၊ပိုးဟပ်တွေဟာ lavender ကိုကြောက်ပါတယ်။ဒါကြောင့် အဝတ်ပါး သို့မဟုတ် ရေမြှုပ်တခုကိုlavenderဆီနံ့စွဲနေပါစေ။ပီးတော့ထိုအရာကိုသင့်အိမ်ရဲ့လေကြောင်းသင့်တဲ့နေရာမှာထားပါ။လူတော်တော်များများ lavender ကိုကြိုက်သလောက် ပိုးမွှားတွေကတော့မုန်းပါတယ်။စပရေးဗူးထဲကို lavender ဆီ အစက်သုံးဆယ်၊ရေအပြည့်ရောပီးလည်းအသုံးပြုနိုင်ပါတယ်။lavenderဆီကိုအသားအရေပေါ်မှာအသုံးပြုခြင်းကိုတော့ရှောင်ပါ။ ၅။ပုရွက်ဆိတ်တွေ အရက်ကအသုံးဝင်လာပါပီ။ အရက်ဆီအနည်းငယ် ပန်းကန်ဆေးဆပ်ပြာနဲ့ ရေတို့ကို ရောပီး သမအောင် ခေါက်ပါ။အမြုပ်တွေထွက်လာပီဆို ပုရွက်ဆိတ်လမ်းကြောင်းတွေမှာဖြန်းထားလိုက်ပါ။ပုရွက်ဆိတ်ကင်းစင်တဲ့ အိမ်ဂေဟာလေးဖြစ်ပါစေ။ ၆။ပျားတွေ သင့်အိမ်ထဲမှာ ပျားအုံတည်နေပြီလား။ ပျားဖွတ်သမားတွေကြားရင်တော့ အပြေးလာကြပါလိမ့်မယ်။အဲလိုမဖြစ်ချင်ရင်တော့ ပျားတွေကို နှိမ်နင်းဖို့ အခြားနည်းရှိပါတယ်။Citrus Fruits လို့ခေါ်တဲ့ လိမ္မော်သီး ရှောက်သီး သံပုရာသီးတို့ကို ရေနဲ့ ၁ဝမိနစ် ၁၅မိနစ်ခန့် အပူပေးပါ။ ထို့နောက် ထိုအရည်ကို ဗူးထဲထည့်ပီး ဖြန်းပေးပါ။ ၇။ခြ နဲ့ ပုရွက်မျိုးနွယ်တွေ ကြိုတင်ကာကွယ်ခြင်းဟာ အကောင်းဆုံးပါ။ ခြတွေ အိမ်ထဲမှာ အုံနေလို့ စိတ်ညစ်နေရလား။ပန်းကန်ဆေးဆပ်ပြာကို ရေနဲ့သင့်တင့်အောင်ရောပီး ဖြန်းပေးပါ။ ထူးခြားမှုကိုတွေ့ရမှာပါ။ ၈။ပင့်ကူတွေ ပင့်ကူတွေက tea tree ကိုမုန်းပါတယ်။ ရေခွက်တဝက်၊ ဗနီဂါ ခွက်တဝက်ကို tea tree essential oil အနည်းငယ်နဲ့ရောဖြန်းရင် ပင့်ကူတွေ ကြာကြာနေနိုင်မှာတဲ့လား။ ၉။ဒုတိယ ရန်သူတော် ဂျပိုး ဂျပိုးကိုနိုင်တာ ယူကလစ်ပါတဲ့။ ရေတခွက်ထဲကို ယူကလစ်ဆီ ၁၀ စက်လောက် ထည့်ပီး ခုတင်တဝိုက် ဖြန်းပါ။အိပ်မောမကျစဘူး ကျသွားစေရမယ်။ ဂျပိုးရန်ကင်းကင်းပေါ့။ခရီးခဏခဏသွားရသူဆိုလည်းမပူပါနဲ့။ ယူကလစ်ဆီလေးသာဆောင်ပါ။တည်းခိုတဲ့နေရာမှာ ယူကလစ်ဆီကို tissue ထဲအနည်းငယ်ထည့်ပြီး အိပ်ရာတဝိုက်ပွတ်ပါ။ ၁၀။အနံ့ဆိုးတဲ့ ပိုးကောင်တွေ ထိုအကောင်တွေကို ကြက်သွန်ဖြူနဲ့တားလိုက်ပါ။ ရေ၂ခွက်ကို ကြက်သွန်ဖြူအမှုန့် လက်ဘက်ရည်ဇွန်း ၄ဇွန်းလောက်ထည့်ပီး ခလောက်ပါ။ပြီးရင်တော့ အသုံးပြုဖို့ အဆင့်သင့်ပဲပေါ့။ ဖတ်ရှုမှုအများအဆုံး အိမ်ခြံမြေဗဟုသုတများ အိမ်မှာ ပရုတ်လုံး သုံးရင် ဒါလေးတော့ သိထားပါ အိမ်မှာ ဓါတ်ပုံတွေ ချိတ်တဲ့အခါ ဖြစ်သလို မချိတ်မိပါစေနဲ့ မိုးကြိုးများပစ်နေချိန် အိမ်အတွင်း မပြုလုပ်သင့်သည့်အချက်များ အိမ်တွေထဲမှာပျော်နေတတ်တဲ့ ကြွက်တွေကို သဘာဝနည်းနဲ့ မောင်းထုတ်နည်း Credit By :yoeyarmyay Posted By :Chan Myae (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ