By Shwe Kyaw, Shweproperty.com
Updated at 6 April 2020
ဖီလစ်ပိုင်နိုင်ငံတွင် ကိုဗစ်-၁၉ တိုက်ဖျက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် တရုတ်ဆေးပညာရှင် ၁၂ ဦးသည် ဧပြီလ ၅ ရက်နေ့က ဖီလစ်ပိုင်နိုင်ငံ မနီလာမြို့သို့ရောက်ရှိလာကြောင်း ရိုက်တာ သတင်းဌာနက ဖော်ပြထားသည်။ ယင်းဆေးပညာရှင်းများကို ဖီလစ်ပိုင် နိုင်ငံခြားရေးး ဝန်ကြီးက လေဆိပ်တွင် သွားရောက်ကြိုဆိုခဲ့သည်။ ဝန်ကြီးက တရုတ်နိုင်ငံမှ ကျွမ်းကျင် ဆေးပညာရှင်များရောက်ရှိလာသည့်အတွက် ကိုဗစ်-၁၉ တိုက်ဖျက်ရေးတွင် များစွာ အထောက်အကူဖြစ်လိမ့်မည်ဖြစ်ကြောင်းကိုလည်း ထည့်သွင်းပြောကြားခဲ့သည်။ ယင်းဆေးပညာရှင်များသည် ကိုဗစ်-၁၉ ကူးစက်ရောဂါကို အဆိုးရွားဆုံးခံစားရသည့် တရုတ်နိုင်ငံ ဟူပေးပြည်နယ်မှဖြစ်ကြောင်းသိရသည်။ ကိုဗစ်-၁၉ ကူးစက်ရောဂါတိုက်ဖျက်ရေးအတွက် မြန်မာနိုင်ငံသို့လည်း တရုတ်နိုင်ငံမှ ဆေးပညာရှင်များ ဧပြီလအတွင်း လာရောက်မည်ဖြစ်ကြောင်းလည်း သတင်းများထွက်ပေါ်လျက်ရှိသည်။
Written By: Shwe Kyaw (ShweProperty.com)
Photo Credit: xinhua
Posted By: Ra Wai (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ