By Tomorrow, Shweproperty.com
Updated at 15 September 2017
ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ် (CHDB) တွင် စာရင်းဖွင့်၍ တန်ဖိုးနည်းအိမ်ရာ ဝယ်ယူရန် ချေးယူသူများအနေဖြင့် ဘဏ်သို့ ချေးငွေ ပြန်ဆပ်ရမည့်ကာလကို ၁၀ နှစ်အစား ၁၅ နှစ်အထိ သက်တမ်း တိုးမြှင့်ပေးသွားမည်ဖြစ်ကြောင်း အဆိုပါဘဏ်မှ သိရသည်။
“ခုလုပ်နေပါပြီ။ ပြီးသွားတဲ့ဟာကတော့ မဆိုင်တော့ဘူး။ ဒီလာမယ့် နောက်ထပ်ချေးမယ့် သူတွေကို ၁၅ နှစ် ကာလထိ တိုးပေးတော့မယ်။ အရင်က ဆယ်နှစ်။ ခုလာမယ့်ဟာတွေအတွက် ဆယ့်ငါးနှစ်ပေါ့”ဟု CHDB ဘဏ်၏ ဥက္ကဋ္ဌ ဦးဝင်းဇော်က တူမောရိုးသို့ ပြောသည်။
CHDB ဘဏ်တွင် ငွေစုထားသည့် သူများထဲမှ တိုက်ခန်းတန်ဖိုး၏ ၃၀ ရာခိုင်နှုန်း ပြည့်မီသူများအနေဖြင့် အခန်းဝယ်ယူခွင့် ရရှိနေခြင်းဖြစ်ပြီး မိမိဝယ်လိုသည့် အခန်းကို စိတ်ကြိုက် လျှောက်ထားခွင့်ပေးထားခြင်း ဖြစ်ကြောင်း သိရသည်။
မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ တန်ဖိုးနည်းအိမ်ရာ အခန်းပေါင်း နှစ်ထောင်ကျော် ဆောက်လုပ်ပြီးစီးထားပြီဖြစ်ပြီး အခန်းပေါင်း ၆၀၀ ကျော်ကို ပထမအသုတ်အနေဖြင့် ရောင်းချပေးခဲ့ကာ ယခုလ ၂ ရက်နှင့် ၄ ရက်တို့တွင် ဒုတိယအသုတ်အဖြစ် အခန်းပေါင်း ၈၅၀ ကျော်ကို ရန်ကုန်မြို့၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနရုံးခန်းတွင် မဲဖောက်ချထားပေးခဲ့ကြောင်း သိရသည်။
CHDB အနေဖြင့် နောက် ပိုင်းတွင်လည်း ပုဂ်္ဂလိကမှ ရောင်းချနေသည့် လူနေတိုက်ခန်းများနှင့် လုံးချင်းအိမ်ရာများကို ဘဏ်ချေးငွေဖြင့် ဝယ်ယူနိုင်ရန် အစီအစဉ်ရှိကြောင်း သိရသည်။
တန်ဖိုးနည်းအိမ်ရာအတွက် အခန်း ၈၀၀၀ ကို နှစ်နှစ်စီမံကိန်းဖြင့် တည်ဆောက်နေပြီး ဆောက်လုပ်ပြီးစီးသည့်အခန်းများအနက် အိုးအိမ်ဦးစီးဌာနက အခန်း ၅၀၀ ကျော်၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က အခန်း ၇၀၀ ကျော် စုစုပေါင်းအခန်း ၁၂၀၀ ကျော် ရောင်းချထားပြီးဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် CHDB Bank ၌ အိမ်ရာဝယ်ယူရန် ငွေစုဆောင်းသူဦးရေ ၁၈၀၀၀ ကျော် ရှိနေကြောင်း စာရင်းအရသိရသည်။
Ref & Photo Credit : Tomorrow
Posted By : Ra Wai (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ