By 7 Day Daily, Shweproperty.com
Updated at 8 September 2017
ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်က တန်ဖိုး နည်းအိမ်ရာ ဝယ်ယူသူများအား ချေးငွေ ပြန်ဆပ်ရမည့်ကာလကို လက်ရှိ ၁၀ နှစ်အစား ၁၅ နှစ်အ ထိ တိုးမြှင့်ချေးပေးနိုင်ရန် ယခုနှစ် အတွင်း စီစဉ်နေသည်။
မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးမှုဦးစီး ဌာနက ဒုတိယအသုတ်အဖြစ် ရောင်းချမည့် တန်ဖိုးနည်း အိမ်ရာများတွင် ချေးငွေသက်တမ်းကို တိုးမြှင့်ပေးရန် ကြိုးစားဆောင်ရွက်နေကြောင်း အဆိုပါဘဏ် ဒါရိုက်တာ ဦးဝင်းဇော်က ပြောကြားသည်။
‘‘တတ်နိုင်သမျှ ချေးငွေ သက်တမ်းကို တိုးဖို့ စီစဉ်နေတာ ကြာပါပြီ။ အခု နောက်တစ်ဆင့် ၁၅ နှစ်ကို ဒီနှစ်ထဲမှာ ပေးနိုင် အောင် စီစဉ်နေပါတယ်။ နိုင်ငံရဲ့ ဝင်ငွေနည်း ပြည်သူတွေ အိမ်ရာ ပိုင်ဆိုင်ဖို့နည်းလမ်းတွေ အမျိုးမျိုး လုပ်နေပါတယ်’’ဟု ဦးဝင်းဇော် က ဆိုသည်။
ဆောက်လုပ်ရေးနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဘဏ်တွင် ၃၀ ရာခိုင်နှုန်း ငွေစုဆောင်းထားသူများ သည် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးမှုဦး စီးဌာနက အသုတ်လိုက်ရောင်းချ သည့် အိမ်ရာများတွင် ဝယ်ယူခွင့် ရရှိရန် သတ်မှတ်ထားပြီး လက်ရှိ ၌ ပထမအသုတ်အနေဖြင့် အိမ်ခန်း ၆၀၀ ကို အရစ်ကျစနစ်ဖြင့် ရောင်းချပြီးဖြစ်သည်။ ဒုတိယအသုတ်အနေဖြင့် အိမ်ခန်း ၆၀၀ကို ထပ်မံရောင်းချမည်ဖြစ်သည်။
လက်ရှိတွင် အဆိုပါဘဏ်၌ အိမ်ရာဝယ်ယူရန် ငွေစုဆောင်း ထားသူ တစ်သောင်းရှစ်ထောင်ကျော်ပြီဖြစ်ကြောင်း ယင်းဘဏ် က ထုတ်ပြန်ထားသည်။
အရစ်ကျစနစ်ဖြင့် အိမ်ရာ ဝယ်ယူခြင်းကို ဘဏ်က ၇၀ ရာခိုင်နှုန်း စိုက်ထုတ်ချေးကာ အိမ်ခန်းဝယ်ယူသူက ၃၀ ရာခိုင်နှုန်း စတင်ပေးသွင်း၍ လစဉ် အရစ်ကျ စနစ်ဖြင့် ဝယ်ယူနိုင်ရန် စီစဉ်ပေးထားသည်။
လစဉ် ဝင်ငွေ ကျပ်သုံးသိန်းကျော်ရှိရုံဖြင့် အရစ်ကျပေးသွင်းဝယ်ယူနိုင်မည့်အပြင် ပုံမှန်လစဉ်ဝင်ငွေကျပ် သုံးသိန်းအောက်ရှိသူများလည်း ဝယ်ယူနိုင်ရန် ယင်းဘဏ်က စီစဉ်နေသည်။
မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးမှုဦးစီး ဌာနက လက်ရှိတွင် တန်ဖိုးနည်း အိမ်ရာများဖြစ်သည့် ကနောင်၊ ရွှေလင်ဗန်း၊ ကျန်စစ်သား၊ ယုဇန အစရှိသော တန်ဖိုးနည်းအိမ်ရာ များကို ယင်းဘဏ်ဖြင့် ချိတ်ဆက် ရောင်းချလျက်ရှိသည်။
မကြာမီ ပြင်ပတွင် ပုဂ္ဂလိက ရောင်းချနေသည့် လူနေတိုက်ခန်းလုံးချင်းအိမ်အားလုံးကို ဘဏ်ချေးငွေဖြင့် ဝယ်ယူရန် ကူညီပေးမည့်အစီအစဉ်လည်း ဖော်ဆောင်မည်ဖြစ်သည်။
ဆောက်လုပ်ရေးနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဘဏ်သည် လက်ရှိတွင် ကျပ် ၁၃၀ ဘီလီယံကျော် ထုတ် ချေးထားပြီးဖြစ်ကြောင်း သတင်း ထုတ်ပြန်သည်။
ဆောက်လုပ်ရေးနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဘဏ်ကို အစိုးရအပါအ ဝင် ဆောက်လုပ်ရေးလုပ်ငန်းရှင် များ၊ ပြင်ပစီးပွားရေးလုပ်ငန်းရှင် များက စုစည်း၍ ၂၀၁၄ တွင်စတင်တည်ဆောင်ခဲ့သည်။
Ref & Photo Credit : 7 Day Daily
Posted By : Ra Wai (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ