By The Modern, Shweproperty.com
Updated at 11 March 2016
ဧရာဝဏ်နဲ့ရတနာအိမ်ရာစီမံကိန်း အခန်းလျှောက်လွှာတွေကို အခုလ နောက်ဆုံးအပတ်မှာ စတင်ရောင်းချပေးသွားမှာဖြစ်ပါတယ်။
‘အခန်းတွေကို open sale ပုံစံနဲ့ လျှောက်လွှာတွေ ရောင်းချပေးသွားမယ် ၊ အရင်အိမ်ရာတွေလို မဲစနစ်နဲ့မဟုတ်ဘဲ ကြိုက်တဲ့သူဝယ်ယူနိုင်မယ် ၊ ဈေးနှုန်းကိုတော့ အခန်းအကျယ်ပေါ်မှုတည်ပြီး သတ်မှတ်ထားတယ် ၊ အထပ်အလိုက်မဟုတ်ဘဲ အကျယ်ပေါ်မှုတည်ပြီးပဲ ဈေးပြောင်းသွားမယ်’ လို့ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက တာဝန်ရှိသူ တစ်ဦးကပြောပါတယ်။
အခန်းဈေးနှုန်းတွေကတော့ တစ်စတုရန်းပေကို ကျပ်တစ်သိန်းသတ်မှတ်ထားပြီး အခန်းအကျယ်အဝန်းတွေကတော့ ၆၀၀ စတုရန်းပေနဲ့ ၁၂၀၀ စတုရန်းပေဖြစ်ပါတယ်။ အခန်းဝယ်ယူမှုကိုတော့ အရစ်ကျပုံစံနဲ့ရောင်းချပေးသွားမှာဖြစ်ပြီး မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနကို အခန်းစတင်ဝယ်ယူချိန်မှာ ၃၀ ရာခိုင်နှုန်း ၊ ကျန်ရှိတဲ့ ၂၀ ရာခိုင်နှုန်းကိုတော့ ရှစ်ရစ်ခွဲပေးရမှာဖြစ်ပြီး ကျန်တဲ့ ၅၀ ရာခိုင်နှုန်းကိုတော့ ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်က ရှစ်နှစ်အရစ်ကျနဲ့ ချေးပေးသွားမှာဖြစ်ပါတယ်။
အခန်းလျှောက်ထားခွင့်လျှောက်လွှာတွေကိုတော့ ယခုလနောက်ဆုံးပတ်မှာ စတင်ရောင်းချပေးသွားမှာဖြစ်ပြီး လျှောက်လွှာဈေးနှုန်းကိုတော့ မသတ်မှတ်ရသေးဘူးလို့သိရပါတယ်။ ၁၈ ထပ်ဆောက်လုပ်နေတာဖြစ်ပါတယ်။ အဆောက်အအုံပေါင်း ၄၉ လုံးပါဝင်ပြီး အခန်းပေါင်း ၁၉,၆၀၀ ပါဝင်ဖြစ်ပါတယ်။
‘စီမံကိန်းအားလုံးရဲ့ဒီဇိုင်းကို စင်္ကာပှုနိုင်ငံ Surbana ကုမ္ပဏီက တာဝန်ယူထားတယ် ခိုင်ခံ့မှုအပိုင်းကို စိစစ်ထားတယ်’ လို့ အဆိုပါတာဝန်ရှိသူကပဲ ပြောပါတယ်။
အဆိုပါစီမံကိန်းအတွင်းမှာတော့ လူနေအိမ်ရာတွေအပြင် ယခင်ကတည်းက ဆောက်ပြီးလက်ရှိအသုံးပြုနေတဲ့ ယဉ်ကျေးမှုတက္ကသိုလ် ၊ အဆင့်မြင့်ဟိုတယ်၊ အားကစားကွင်း ၊ ဈေးဝယ်စင်တာ ၊ ဘတ်စ်ကားဂိတ်ရုံ ၊ ကျောင်းစတဲ့အဆောက်အအုံတွေပါဝင်ပါတယ်။
လက်ရှိမှာတော့ အချို့စီမံကိန်းအပိုင်းတွေမှာ အကြမ်းထည်ပြီးစီးနေပြီဖြစ်ပြီး ရာခိုင်နှုန်းအနေနဲ့ ၄၀ ရာခိုင်နှုန်းလောက်ပြီးစီးနေပြီဖြစ်ပါတယ်။ အဆိုပါစီမံကိန်း တည်နေရာကတော့ ဒဂုံဆိပ်ကမ်းမြို့နယ် ရတနာလမ်း ၊ ဧရာဝဏ်လမ်း ၊ ပြည်ထောင်စုလမ်း စတဲ့နေရာတွေမှာ တည်ရှိတာဖြစ်ပါတယ်။
Ref : The Modern
Photo Credit : Social
Posted By : Htet Mhuu
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ