By mmtimes, Shweproperty.com
Updated at 25 February 2013
ကွန်ဒိုမီနီယံဈေးကွက်သည် ၂ဝ၁၂ ခုနှစ်ထဲတွင် အငှားဈေးကွက် ဦးဆောင်ခဲ့ပြီး နေရာကောင်းများရှိ နာမည်ရကွန်ဒို သစ်များတွင် ငှားလိုအားနှင့် ဈေးနှုန်းများ ပါ မြင့်မားခဲ့သော နှစ်တစ်နှစ်ဟု ဆိုနိုင် ကြောင်းလည်း အကျိုးဆောင်များက မြန်မာတိုင်း(မ်)သို့ ပြောကြားခဲ့သည်။
၂ဝ၁၂ ခုနှစ် ကွန်ဒိုအငှားဈေးကွက် ထူးခြားမှုတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု များ ဝင်ရောက်ရန်စတင်မှုများ ၂ဝ၁၂ နှစ်ဆန်းတွင် အစပျိုးလာခြင်းနှင့်အတူ နေရာကောင်းများရှိ ပံ့ပိုးမှု အင်္ဂါရပ် ပြည့်စုံသော နာမည်ရကွန်ဒိုများတွင် ငှားလိုအားမြင့်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့ က ပြောသည်။
''၂ဝ၁၂ မှာ ကွန်ဒိုငှားလိုအားမြင့်လာရတဲ့ အဓိကအချက်ကတော့ နိုင်ငံခြားသား တွေ အငှားများလာတယ်၊ ဒီတော့ငှားလို အားမြင့်လာပြီး ဈေးနှုန်းတွေလည်း တက်လာခဲ့တယ်၊ မှတ်မိသလောက်ပြော ရမယ်ဆိုရင် ၂ဝ၁၂ မှာ ကွန်ဒိုအငှားဈေး နှုန်းတွေ အမြင့်ဆုံးရောက်ခဲ့တယ်လို့ ပြောနိုင်တယ်၊ ငှားလိုအားလည်း ၂ဝ၁၁ ထက် ၅ဝ ရာခိုင်နှုန်းလောက် ပိုမြင့်ခဲ့ တယ်''ဟု စိုင်းခွန်နောင်အိမ်ခြံမြေနှင့် ဥပဒေအကျိုးဆောင်မှ အုပ်ချုပ်မှုဒါရိုက် တာ ဦးစိုင်းခွန်နောင်က ပြောသည်။
၎င်းအကျိုးဆောင်အနေဖြင့် ရန်ကုန်မြို့အချက်အချာနေရာရှိ ကွန်ဒို များတွင် အကျယ်အဝန်းနှင့် ပံ့ပိုးမှု အင်္ဂါရပ် ပါဝင်မှုပေါ်မူတည်၍ တစ်လ ကျပ်ငါးသိန်းမှ ဒေါ်လာ ၃,ဝဝဝ အထိ ရှိသော ကွန်ဒိုခန်းများကို ငှားရမ်းခြင်း ဝန်ဆောင်မှုပေးခဲ့ရသည်ဟုလည်း ၎င်းကပြောသည်။
နာမည်ရကွန်ဒိုများဖြစ်သည့် NaingGroup နှင့် Father Land တို့မှဆောက် လုပ်သော အဆင့်မြင့်ကွန်ဒိုများ၊ ထို့ပြင် ပြည်လမ်း ပေါ် ရှိ ရွှေဟသာၤ ကွန်ဒို ၊ မရမ်း ကုန်းမြို့နယ်ရှိ မင်းဓမ္မကွန်ဒို၊ တက္ကသိုလ် ရိပ်မွန်ကွန်ဒို၊ ရွှေသံလွင်ကွန်ဒို၊ ရန်ကင်းစင်တာ ကွန်ဒိုများကို နိုင်ငံခြားသားများငှားရမ်းမှုများကြောင်း သိရသည်။
''၂ဝ၁၂ မှာ နိုင်ငံခြားသားတွေအများဆုံးငှားလာကြတယ်၊ ပြောရမယ်ဆိုရင် ၂ဝ၁၂ မှာရှိတဲ့ rental trend က facility ပြည့်စုံတာကို အရမ်းဦးစား ပေးလာတယ်၊ ပြီးရင်တော့ တိုက်ကြံ့ခိုင် security အပြင် ဈေးဝယ်ထွက်လို့ အဆင်ပြေမယ့်နေရာမှာရှိတဲ့ ကွန်ဒိုတွေ ကို ဦးစားပေးရွေးချယ်ငှားရမ်းလာကြ တယ်၊ ဘယ်ဆောက်လုပ်ရေးကုမ္ပဏီက ဆောက်တယ်ဆိုတာကိုတော့ သိပ်ဦးစား မပေးကြဘူး၊ ၂ဝ၁၂ မှာ ငှားရမ်းပေး ခဲ့တဲ့သူတွေရဲ့ ၈ဝ ရာခိုင်နှုန်းက ဒီ အချက်တွေကို ဦးစားပေးရွေးချယ်လာခဲ့ တယ'်' ဟု ဦးစိုင်းခွန်နောင် ပြောသည။်
ရန်ကုန်မြို့တွင် ပံ့ပိုးမှုအင်္ဂါရပ်ပြည့် စုံသော ကွန်ဒိုမီနီယံများ အရေအတွက် အများအပြား ပေါ်ထွက်နိုင်ခြင်းသည် ကွန်ဒိုမီနီယံလောကအတွက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများဝင်ရောက်လာချိန် တွင် အဓိကလိုအပ်ချက်တစ်ခုဖြစ်နေ ပြီး နိုင်ငံခြားသားငှားရမ်းမှုများတွင် အရေးကြီးသော လိုအပ်ချက်တစ်ခုဖြစ် လာသည်ဟု ကျွမ်းကျင်သူများက သုံးသပ်ကြသည်။
''အတွေ့အကြုံအရ အထူးသဖြင့် ၂ဝ၁၂ ထဲမှာ နိုင်ငံခြားသားတွေ ကွန်ဒို ငှားမယ်ဆိုရင် သူတို့က သူတို့နိုင်ငံမှာ ကွန်ဒိုငှားရင် ပါဝင်တဲ့ facility တွေနဲ့ နှိုင်းယှဉ်ကြည့်တယ်၊ ဒီမှာက facility မပြည့်စုံတာတွေ တွေ့ရတယ်၊ တချို့ ကွန်ဒိုတွေက တိုက်တွေကဟောင်းနေပြီ ဒါပေမဲ့ maintenance ကောင်း တယ်ဆိုရင်တော့ ပြဿနာမရှိဘးူ ပေါ့လေ၊ ဆိုလိုချင်တာက သူတို့ လိုချင်တဲ့ အတိုင်း facility ပြည့်စုံတာမရှိဘူး၊ စိတ်တိုင်းကျမဖြစ်ဘူးဆိုပေမယ့် အငှား ဈေးနှုန်း၊ ကွန်ဒိုလုံခြုံရေးနဲ့ ဈေးဝယ် လို့ အဆင်ပြေမယ့် shopping mall လို နေရာတွေနဲ့ နီးမယ်ဆိုရင်တော့ အများစု က ငှားကြတယ်၊ အကျိုးဆောင်အနေနဲ့ ၂ဝ၁၂ ထဲမှာတော့ ဒါတွေကြောင့် အငှား စာချုပ်ပျက်တာတို့၊ ငှားတဲ့သူဘက်က complain တက်တာတို့တော့ မရှိခဲ့ပါ ဘူး''ဟု ၎င်းကရှင်းပြခဲ့သည်။
၂၁ဝ၂ ကွန်ဒိုဈေးကွက်အလား အလာတွင်အငှားဈေးကွက်ဦးဆောင်ခဲ့ သည့်အလျောက်၂ဝ၁၃ တွင်လည်း အငှားဈေးကွက်သက်ရောက်မှု ပိုမို ကြီးမားမည်ဟုလည်း ဦးစိုင်းခွန်နောင်က မှတ်ချက်ပြုခဲ့သည်။
''၂ဝ၁၃ ခုနှစ် တစ်လျှောက်လုံးမှာ လည်း အငှားဈေးကွက်ကပဲ ဦးဆောင် သွားမှာ ဖြစ်တယ်လို့ ပြောနိုင်ပါတယ် ။ ကျွန်တော့်အမြင်ကိုပြောရမယ်ဆိုရင် ၂ဝ၁၃ မှာ နိုင်ငံခြားသားတွေလည်းပို ဝင်လာမယ်၊ နောက်တစ်ချက်ကဟိုတယ် ခန်းတွေမလောက်တဲ့အတွက် နိုင်ငံခြား သားတွေက ကွန်ဒိုတွေကိုပဲ ငှားလာ ကြတယ်၊ ဒါကြောင့်လည်း ၂ဝ၁၂ ထဲမှာ နာမည်ကြီးကွန်ဒိုတွေက တစ်လ ဒေါ်လာ ၃,ဝဝဝ-၄,ဝဝဝ လောက်အထိ အငှား ဈေးခေါ်ကြတဲ့ အထိ ရှိလာတယ် ' ဟုလည်း ရှင်းပြခဲ့သည်။
''ဒါကြောင့် facility ပိုကောင်းမွန်တဲ့ ကွန်ဒိုတွေကို ဆောက်ပေးနိုင်မယ်ဆိုရင် လာရောက်ရင်းနှီးမြှုပ်နှံမယ့် နိုင်ငံခြား သားတွေအတွက်ရော အကျိုးဆောင် တွေအတွက်ပါ အကျိုးရှိမှာဖြစ်သလို နိုင်ငံအတွက်လည်း image ကောင်း လာမှာဖြစ်ပါတယ်''ဟုလည်း ၎င်းက ပြောကြားခဲ့သည်။
ကြယ်စင်လင်း အိမ်ခြံမြေအကျိုး ဆောင်မှ မန်နေဂျာကိုမင်းနိုင်ကလည်း ''၂ဝ၁၂ ကွန်ဒိုဈေးကွက်မှာ ဒဂုံမြို့နယ်၊ ယောက်လမ်းမှာရှိတဲ့ နိုင်ဂရု(ပ်)က ဆောက်တဲ့ နိုင်ငံခြားသားအကြိုက် ကွန်ဒို သစ်တွေ၊ ဒဂုံမြို့နယ်ထဲမှာပဲ ရှိုင်းဆောက် လုပ်ရေးက ဆောက်လုပ်တဲ့ ကွန်ဒို တွေ ၊ ပြည်လမ်း၊ ခြောက်မိုင်ခွဲမှာရှိတဲ့ ရွှေဟင်္သာကွန်ဒိုတွေ အငှားလိုက်ခဲ့ တယ်၊ ၂ဝ၁၂ ထဲမှာ ကွန်ဒိုသစ်တွေ အငှား သွက်ခဲ့တယ်၊ ဘာဖြစ်လို့လဲဆိုရင် ကွန်ဒို သစ်တွေမှာ facility ပြည့်စုံတယ်၊ လုံခြုံရေးကောင်းတယ်၊ ဖွဲ့စည်းပုံသပ်ရပ် တယ်၊ အတွင်းပိုင်း decoration လည်း ကောင်းတယ်၊ ငှားတဲ့သူတွေက ပြည် လမ်းမနဲ့နီးတဲ့ ကွန်ဒိုတွေကို ပိုကြိုက် တယ်၊ လမ်းကျယ်တယ်၊ နောက် တစ်ချက်က လေယာဉ်ကွင်းနဲ့ နီးတဲ့ အတွက် သွားလာရေးလွယ်ကူတာကြောင့် ငှားကြတယ်''ဟု ၎င်းကပြောသည်။
''အကျိုးဆောင်အနေနဲ့ ၂ဝ၁၂ မှာ ၂ဝ၁၁ ထက် ကွန်ဒိုအငှား ၆ဝ ရာခိုင် နှုန်းလောက် မြင့်တက်ခဲ့ပါတယ်၊ ၂ဝ၁၂ ကွန်ဒိုအငှားရွေးချယ်မှုမှာဆိုရင် facility ထက် ကွန်ဒိုလုံခြုံရေးပိုင်းနဲ့ decoration ပိုင်းကောင်းတာတွေကို ရွေးချယ်လာကြတယ်''ဟုလည်း ကိုမင်းနိုင်က ရှင်းပြခဲ့သည်။
၂ဝ၁၂ တွင် လူကြိုက်များခဲ့သော ကွန် ဒိုများမှာ ဒဂုံမြို့နယ်ရှိ ကံ့ကော်ကွန်ဒို၊ သဇင်ကွန်ဒို၊ Royal Yaw Min Gyi ကွန်ဒိုများမှာ Park Royal ဟိုတယ်နှင့် နီးသည့်အတွက် နိုင်ငံခြားသားငှားရမ်းမှု များပြီး တစ်လငှားရမ်းခ ဒေါ်လာ ၁,၅ဝဝ မှ ၃,၅ဝဝ အထိ ရှိသည်။ ဗဟန်းမြို့နယ် တွင်းရှိ ကွန်ဒိုငှားရမ်းရမှုမှာ တစ်လဒေါ် လာ ၁,၅ဝဝ မှ ၃,၅ဝဝ ထိရှိသည်ဟုလည်း သိရသည်။ အလုံမြို့နယ်ရှိ ဆင်မင်း ကွန်ဒို၊ အောင်ဇေယျကွန်ဒို၊ Strand ကွန်ဒို၊ KingTower အလုံတာဝါတို့ တွင် တစ်လငှားရမ်းခမှာ ဒေါ်လာ ၁,ဝဝဝ မှ ၂,ဝဝဝ အထိရှိကြောင်းလည်း ၎င်းကပြောသည်။
''၂ဝ၁ဝ၊ ၂ဝ၁၁ တွေထက် ၂ဝ၁၂ မှာ လူတွေက ကွန်ဒိုဘက်ကိုပိုဦးစားပေး လာတယ်၊ facility ပြည့်စုံတာတွေကို ပိုငှားလာကြတယ၊် များသောအားဖြင့် downtownမှာရှိတဲ့ ကွန်ဒိုတွေက သင်္ဃန်းကျွန်း၊ တာမွေ၊ ရန်ကင်းမှာ ရှိတဲ့ ကွန်ဒိုတွေထက် facility ပိုပြည့်စုံ တာများတယ်၊ သိရသလောက် downtownမှာရှိတဲ့ ကွန်ဒိုတွေရဲ့ ၉ဝ ရာခိုင်နှုန်းက facility ပြည့်စုံတယ်''ဟု ရှင်းပြခဲ့သည်။
လက်ရှိအချိန်တွင် ကွန်ဒိုမီနီယံဥပဒေမထွက်ရှိသေးသော်လည်း ကွန်ဒိုဥပဒေထွက်ရှိလာပါက ကွန်ဒိုတည်ဆောက်သူများနှင့် ပိုင်ရှင်များဘက်မှ ပြင်ဆင်ထားရန်လိုကြောင်းလည်း ကိုမင်းနိုင်က ပြောပြခဲ့သည်။
''ကွန်ဒိုဥပဒေထွက်လာပြီဆိုရင် ကွန်ဒို တည်ဆောက်သူတွေအနေနဲ့ ပြင်ဆင်ထားဖို့ လိုအပ်လာပြီ၊ တချို့ ကွန်ဒိုတွေမှာဆိုရင် ကားရပ်နားဖို့ အခက်အခဲတွေ ရှိတယ်၊ လုံခြုံရေး အားနည်းတယ်၊ နောက်ပိုင်းမှာဆိုရင် နိုင်ငံခြားသားတွေလာတော့မယ်၊ ဒီအတွက် condo law ထွက်လာတဲ့ အချိန်မှာ ိနလနူသစနမ တွေ၊ developer တွေက ကိုယ့်ကွန်ဒိုအတွက် owner ဖြစ်အောင် ပြင်ဆင်ထားသင့်တယ်လို့မြင်တယ်''ဟု ကိုမင်းနိုင်က မြန်မာတိုင်း(မ်)သို့ ပြောပြခဲ့သည်။
၂ဝ၁၂ ကွန်ဒိုဈေးကွက်သုံးသပ်ချက် အရ ရန်ကုန်မြို့ကွန်ဒိုများတွင် ကား ပါကင်လိုအပ်ချက်မှာ မြင့်မားနေဆဲဖြစ် ရာ တည်ဆောက်သည့် အခန်းအရေ အတွက်နှင့်အညီ ထည့်သွင်းနိုင်ရန်မှာ တည်ဆောက်သူများအတွက် အခက်အခဲတစ်ရပ်ပင်ဖြစ်နေဆဲဟုလည်းကွန်ဒိုမီနီယံအသိုင်းအဝိုင်းမှ သိရ သည်။
Ref : mmtimes
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ