By MRTV4, Shweproperty.com
Updated at 7 January 2013
အခု ၂၀၁၃ ခုနှစ် အတွင်း အိမ်၊ ခြံ၊ မြေ ဈေးကွက်တွေ မြင့်တက်မှု ရှိလာနိုင် တယ်လို့ အိမ်၊ ခြံ၊ မြေ ရောင်းဝယ်ရေး လုပ်ငန်းများမှ သိရပါတယ်။ ဒီလို မြင့်တက်မှုရှိနိုင်ရာမှာ အခုနှစ် အတွင်း အရောင်းအဝယ် ကဏ္ဍ အတွက် ဈေးကွက် မြင့်တက် နိုင်တာဖြစ်ပြီး ဈေးနှုန်း ကတော့ တည်ငြိမ်နိုင်တာ ဖြစ်ပါတယ်။ ဒါပေမယ့် အိမ်၊ ခြံ၊ မြေ အငှား ဈေးကွက် ကတော့ ဈေးနှုန်းကော၊ ဈေးကွက်ပါ မြင့်တက် နိုင်တာ ဖြစ်တယ်လို့ သိရပါတယ်။
အခုလို အိမ်၊ ခြံ၊ မြေ ဈေးကွက် မြင့်တက်မှု ရှိနိုင်တာဟာ ၂၀၁၃ ခုနှစ် အတွင်း ပြည်ပရင်းနှီး မြှုပ်နှံမှုတွေ အများအပြား ဝင်ရောက်နိုင်ပြီး နေရာ ရှာဖွေမှုတွေ မြင့်တက် လာတာကြောင့် ဖြစ်ပါတယ်။ ဒါ့အပြင် အခုအခါ ပြည်တွင်းမှာ ခရီးသွား လုပ်ငန်းတွေ ကျယ်ပြန့်လာ တာကြောင့်လည်း ပြည်ပခရီးသွား ဝင်ရောက်မှု များလာတာ နဲ့အညီ ပြည်တွင်းရှိ ဟိုတယ် အခန်းတွေ လုံလောက်မှု မရှိတာကို ကြုံတွေ့ လာရပါတယ်။
အဲ့ဒီ အတွက် ခရီးသွား တွေဟာ ကွန်ဒိုနဲ့ လုံးချင်း အိမ်တွေကို ငှားရမ်းမှုဟာ ၂၀၁၂ ခုနှစ် အကုန်ပိုင်း မှာကတည်းက မြင့်တက် လာခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ၂၀၁၃ ခုနှစ် အတွင်းမှာ အဆိုပါ အငှား ဈေးကွက်ဟာ ယခုထက် ပိုမိုမြင့်တက် နိုင်တဲ့အပြင် ဈေးနှုန်း တွေလည်း မြင့်တက် သွားနိုင်တယ်လို့ သိရပါတယ်။
Source : MRTV 4
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ