By Myanmar Times, Shweproperty.com
Updated at 8 January 2015
ရန်ကုန်မြို့ရဲ့ မြေဈေးတွေ သိသိသာသာ တက် နေပေမယ့်လည်း ဆောက်လုပ်ရေးလုပ်ငန်းတွေဟာ၂၀၁၄ ခုနှစ်မှာ စံချိန်တင်ရလောက် အောင် သိသာစွာ တိုးတက်လာခဲ့ပါတယ်။ စီးပွားရေးလုပ်ငန်းတွေ၊ နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှု ကုမ္ပဏီတွေ များပြားလာတာနဲ့အတူ လိုအပ်နေတဲ့ အဆင့်မြင့်အိမ်ရာနဲ့ ရုံးခန်းတွေ အတွက် ဆောက်လုပ်ရေးစီမံကိန်းတွေ ပိုမိုများပြားခဲ့ပါတယ်။ မြို့ထဲဧရိယာနဲ့ နီးတဲ့မြို့ နယ်တွေမှာသာ မက မြို့စွန်မြို့နယ်တွေမှာပါ ကန်ထရိုက်တိုက် တွေကို တည်ဆောက်ခဲ့ကြပြီး မြို့ထဲဧရိယာနဲ့ နီးတဲ့ မြို့နယ်တွေမှာ အထပ်မြင့်အဆောက် အအုံတွေကို ပိုပြီးတော့ တွင်ကျယ်စွာဆောက် လုပ်ခဲ့ကြပါတယ်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီအများစုကလည်း မြန်မာ့အိမ်ခြံမြေ ဈေးကွက်မှာ လာရောက်ရင်းနှီးမြှုပ်နှံခဲ့ကြပြီး အချိန်တိုအတွင်း အခန်းအရေအတွက် များ များ ဆောက်လုပ်ပြီးစီးမယ့်အကြီးစား ဆောက်လုပ်ရေး လုပ်ငန်းတွေကို မြို့နယ် အများစုမှာ တွင်ကျယ်စွာ ဆောက်လုပ်ခဲ့ကြ ပါတယ်။
နိုင်ငံတိုးတက်မှုရဲ့ ပြယုဂ်ဖြစ်တဲ့ အကြီးစား ဆောက်လုပ်ရေးလုပ်ငန်းတွေဟာ ၂၀၁၄ ခုနှစ် မှာသိသိသာသာ စတင်များပြားလာခဲ့ပြီး နောက်နှစ်တွေမှာ ပိုမိုများပြားလာကြလိမ့်မယ် လို့ ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေက ပြောပါတယ်။ "ရန်ကုန်မြို့တွင်းမှာ နိုင်ငံတော်ပိုင်မြေ၊ စည်ပင်ပိုင်မြေနေရာကျယ်တွေ များစွာရှိနေ သေးတယ်။ အဲဒီမြေနေရာကျယ်တွေမှာ နိုင်ငံခြား ဆောက်လုပ်ရေးကုမ္ပဏီတွေနဲ့ အကျိုးတူ ပူးပေါင်းဆောက်လုပ်တာတွေ ၂၀၁၄ မှာ စတင်များလာတယ်"လို့ အေဘီစီဆောက်လုပ်ရေးလုပ်ငန်း မန်နေဂျာ ဦးရန် အောင်က ပြောပါတယ်။
ထို မိုးမျှော်အဆောက်အအုံတွေအားလုံး နီးပါးခန့်ကို နိုင်ငံတကာအဆင့်မီ အဆောက် အအုံအဖြစ်နိုင်ငံတကာ ဆောက်လုပ်ရေး လုပ်ငန်းရှင်တွေနဲ့ အကျိုးတူပူးပေါင်း ဆောက်လုပ်နေတာ ဖြစ်ပေမယ့်လည်း အကြီး စား အဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုမှာ နိုင်ငံခြားသားကုမ္ပဏီတွေက အများစုဖြစ်ပြီးဈေးကွက်ကို နိုင်ငံတကာဆောက်လုပ်ရေး လုပ်ငန်းတွေက ဦးဆောင်နေတာကို တွေ့ရ ပါတယ်။
နိုင်ငံတကာအဆင့်မီ အကြီးစား ဆောက် လုပ်ရေးလုပ်ငန်းတွေကို မြန်မာနိုင်ငံ အနှံ့ အပြားမှာဆောက်လုပ်ဖို့ မျှော်လင့်ပြီး ဒီအဆောက်အအုံတွေကို နိုင်ငံခြား ဆောက် လုပ်ရေးလုပ်ငန်းရှင်တွေလို မြန်မာနိုင်ငံက ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေကို ကိုယ်တိုင် ဦးဆောင် တည်ဆောက်စေလိုကြောင်း ပြည်တွင်းဆောက်လုပ်ရေးလုပ်ငန်းရှင်တွေ က ပြောပါတယ်။
Ref - Myanmar Times
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ