By သီဟကိုကို, Shweproperty.com
Updated at 12 December 2013
လာမည့်နှစ်ဆန်းပိုင်းကာလတွင် အိမ်ခြံမြေလုပ်ငန်းများ၏ အရောင်း အဝယ်အလားအလာ ပြန်လည်ကောင်း မွန်လာနိုင်သည်ဟု အိမ်ခြံမြေလုပ်ငန်းရှင် များက သုံးသပ်သည်။
အိမ်ခြံမြေဈေးကွက်သည် တစ်ပေပတ်လည် မြေဈေးနှုန်းသတ်မှတ်ချက် မထွက်မီ တစ်လခန့်ဝန်းကျင်မှ ယခုချိန် ထိ ဈေးကွက်အေးနေခဲ့သော်လည်း မြန်မာ နိုင်ငံတွင် ငွေပို၊ ငွေလျှံရှိသူများအတွက် ရင်းနှီးမြှုပ်နှံနိုင်ရန် အခြားနေရာမရှိ သည့်အတွက် အိမ်ခြံမြေအရောင်းအဝယ် အပေါ်တွင်သာ ပြန်လည် ရင်းနှီးလာ နိုင်ခြင်းဖြစ်သည်ဟု ယင်းတို့က သုံးသပ် ခြင်းဖြစ်သည်။
စိုးစံ(လင်း) အိမ်ခြံမြေဝန်ဆောင်မှု ကုမ္ပဏီ၏ မန်နေဂျင်းဒါရိုက်တာ ဦးအောင်ထွန်းက ''နိုင်ငံတကာမှာလို စတော့ရှယ်ယာဈေးကွက်တို့ရှိလာဖို့က နှစ်နှစ်လောက်လိုသေးတော့ ဒီမှာက ငွေ ပိုရှိတယ်ဆိုရင် အိမ်ခြံမြေအပေါ်မှာပဲ ရင်းနှီးမြှုပ်နှံဖို့ရှိတယ်၊ ကျွန်တော်တို့အား လုံးက လာမည့်နှစ်ဆန်း နှစ်လအတွင်း လောက်ဆို လုပ်ငန်းတွေ ပြန်လည် ကောင်းမွန်လာမယ် မှန်းထားကြတယ်'' ဟု ပြောသည်။
မြန်မာနိုင်ငံရှိ အိမ်ခြံမြေများအား ဝယ်ယူရင်းနှီးထားခြင်းသည် အမြတ်များ များ ရရှိရန်သေချာသည့် တစ်ခုတည်း သောလုပ်ငန်းမျိုးဖြစ်နေပြီး လာမည့်နှစ် နှစ်ခန့်အတွင်း ရင်းနှီးမြှုပ်နှံရန်အကောင်း ဆုံးဈေးကွက်ဖြစ်သည့်အတွက် အရောင်း အဝယ် ပြန်လည်ကောင်းမွန်လာမည်ဖြစ် သည်ဟု အိမ်ခြံမြေလုပ်ငန်းအသိုင်းအ ဝိုင်းက ပြောသည်။
ယခင်က မော်တော်ကား ၊ ဒေါ်လာဈေးကွက်များအပေါ်တွင် ဝယ်ရောင်း ရင်းနှီးမြှုပ်နှံခြင်းများရှိခဲ့သော်လည်း လက်ရှိတွင် ယင်းလုပ်ငန်းများမှာ မူဝါဒ အပြောင်းအလဲများကြောင့် ရင်းနှီးမြှုပ်နှံ မှု မရှိတော့ဘဲ Limited ဖြစ်နေသည့် အိမ်ခြံမြေလုပ်ငန်းသာ ကျန်ရှိတော့သည်။
စိုင်းခွန်နောင် အိမ်ခြံမြေနှင့် ဆောက် လုပ်ရေးလုပ်ငန်းကုမ္ပဏီ၏ အထွေထွေ မန်နေဂျာ ဦးရန်အောင်က ''အရင်က လိုမျိုး ဈေးကွက်မဖြစ်ရင်တောင်မှ အခု လိုအေးနေတဲ့ပုံစံကနေတော့ နောက်နှစ် ဆို ပြန်ပြီးအရောင်းအဝယ်သွက်လာနိုင် တယ်၊ ကျွန်တော်တို့ဆီမှာက ရင်းနှီးမြှုပ် နှံဖို့က တခြားမှမရှိဘဲ၊ အခု အေးတာက လည်း ဝယ်ရောင်းသမားတွေက တစ်ပေ ပတ်လည်ထွက်ပြီး ဘာဖြစ်မလဲဆိုပြီး စောင့်ကြည့်နေတာလဲပါတယ်'' ဟု ပြောသည်။
၂ဝ၁၃ နှစ်ဆန်းပိုင်းဝန်းကျင်မှ စတင်ကာ မြေဝယ်ရောင်းသူ အများစု သည် မြေဝယ်ယူပြီးလျှင် နောက်ထပ် တစ်ကွက်ဝယ်ခြင်းထက် မြေကွက်၏ နေ ရာအချက်အချာကောင်းမွန်သည်ဆို လျှင် ယင်းမြေကွက်တွင် ကွန်ဒို၊ တိုက် ခန်း တည်ဆောက်ပြီး ငွေရင်းနှီးမြှုပ်နှံ မှုများရှိနေသည့်အတွက် နောက်ထပ် မြေကွက်များ ဝယ်နိုင်ခြင်းမရှိတော့သည့် အချက်မှာလည်း ဈေးကွက်အေးသွားခြင်း ၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်ဟု အိမ်ခြံ မြေဝယ်ရောင်းလုပ်သူတစ်ဦးက သုံးသပ် သည်။
Estate Myanmar အိမ်ခြံမြေလုပ်ငန်း ၏ မန်နေဂျင်းဒါရိုက်တာ ဦးဟိန်းမိုးမြင့် လွင်က ''ဈေးကွက်က အရောင်းအဝယ် ပါးပြီး အေးတော့ အစိုးရကလဲ အခွန် မရဘူး၊ ဒီလိုမျိုး အကျိုးမရှိတော့ မူဝါဒ အပြောင်းအလဲဖြစ်မလားဆိုပြီး ဈေး ကွက်သမားတွေက မျှော်လင့်နေကြ တယ်'' ဟု ပြောသည်။
အိမ်ခြံမြေ အရောင်းအဝယ်ပြုရာ တွင် အခွန်ဆောင်ရမည့် တစ်ပေပတ် လည် မြေဈေးနှုန်းသတ်မှတ်ချက်များကို အိမ်ခြံမြေကာလတန်ဖိုးစိစစ်သတ်မှတ် ရေးအဖွဲ့က သတ်မှတ်ပေးပြီး အောက်တိုဘာ ၁ ရက်တွင် စတင်အသက်ဝင်ခဲ့ သည်။
Ref : Mizzima
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ