By Myanmar Times, Shweproperty.com
Updated at 19 January 2015
မြန်မာနိုင်ငံတွင်း ပြုပြင်ပြောင်းလဲရေးလုပ်ငန်း များနှင့်အတူ စီးပွားရေးဇုန်များ ဖော်ထုတ် လာခြင်း၊နိုင်ငံတကာနှင့် ပူးပေါင်းကာ အခြေခံ အဆောက်အအုံများ မြှင့်တင်ရန် ပြင်ဆင်ခြင်းနှင့် စီးပွားရေးအရအကျိုးတူ ပူးပေါင်းဆောင်ရွက်လာခြင်းများက ပြီးခဲ့သည့် နှစ်အနည်းငယ်အတွင်း ပြည်တွင်းအိမ်ခြံမြေဈေးကွက်ကို သိသာစွာလှုပ်ခတ်ခဲ့သည်။
၂၀၁၂ နှင့် ၂၀၁၃ ခုနှစ်များတွင် ရန်ကုန် မြို့၏ အိမ်ခြံမြေဈေးကွက်သည် မြေအရောင်း အဝယ်၊မြေငှားရမ်းမှု၊ အခန်းငှားရမ်းမှုများ၊ စက်မှုဇုန်မြေနှင့် အခြားလူနေထိုင်သည့် မြေ နေရာများကိုစီးပွားဖြစ် ဝယ်ယူရင်းနှီးမြှုပ်နှံ မှုများ ပြုလုပ်လာခြင်းကြောင့် အိမ်ခြံမြေ ဈေးကွက်မှာ အကျိုးအမြတ်များသည့် စီးပွား ရေး လုပ်ငန်းတစ်ခုသဖွယ် ဖြစ်လာခဲ့သည်။ ၂၀၁၄ ခုနှစ်တွင်မူ အထပ်မြင့်ကွန်ဒိုနှင့် အဆင့်မြင့်အိမ်ရာများ တည်ဆောက်ကြသည့်ဘက်တွင် ရင်းနှီးမြှုပ်နှံမှုပိုများလာခြင်း ကြောင့်အိမ်ခြံမြေ အရောင်းအဝယ်မှာ ငြိမ်သက်လာခဲ့သည်။ အိမ်ခြံမြေ လုပ်ငန်းလုပ်ကိုင်သူများက ရန်ကုန်မြို့၏ အိမ်ခြံမြေ ဈေးကွက်သည် ယခု နှစ်၌ ၅၀ ရာခိုင်နှုန်းခန့် လျော့သွားခဲ့ပြီး လက်ရှိ အခြေ အနေအရ ဈေးကွက်ကို စောင့်ကြည့်လေ့လာနေသည့် အနအထားဖြစ်ကြောင်း မြန်မာတိုင်း(မ်)ကိုပြောသည်။
"၂၀၁၄ ခုနှစ်ကတော့ အိမ်ခြံမြေဈေးကွက် က ထက်ဝက်လောက်ကို အေးသွားတယ်။ အရောင်းအဝယ်တွေလဲ တော်တော်ငြိမ်ကုန် တယ်။ ဒီနှစ်ထဲမှာ အပြောင်းအလဲတွေက လည်းများတော့အားလုံးက ဈေးကွက်အခြေ အနေတွေကို စောင့်ကြည့်လာတဲ့အနေအထား ပဲ ဖြစ်နေတယ်။ နှစ်ကုန်ပိုင်းရောက်လေ ဈေးကွက်ကအေးလေပဲ" ဟု ဏ့သနညငထ အိမ်ခြံ မြေ အကျိုးဆောင်လုပ်ငန်းက ကိုထွန်းထွန်း က ပြောသည်။ ၂၀၁၄ ခုနှစ် နှစ်စပိုင်းတွင် ၂၀၁၃ ခုနှစ်၏ အိမ်ခြံမြေဈေးကွက်ကောင်းသည့် အရှိန်ဖြင့် ဖွံ့ဖြိုးစ မြို့စွန်ဒေသများ၊ စီးပွားရေးဇုန်များနှင့် စက်မှုဇုန်များ၊ အစိုးရစီမံကိန်းများလုပ်ဆောင် ရန် လျာထားသည့်နေရာများတွင် အိမ်ခြံမြေ ဈေးကွက် အခြေအနေကောင်းခဲ့ပြီးနှစ်လယ်ပိုင်းမှ စတင်၍ ဈေးကွက်မှာ ရောင်းလိုသူများ သာရှိခဲ့ပြီး ဝယ်လက်များ လျော့နည်းလာကြောင်း ၎င်းကပြောသည်။
မြေအရောင်းအဝယ် လုပ်ကိုင်မှုများ နည်းလားခြင်းနှင့်အတူ ဆောက်လုပ်ရေးလုပ်ငန်းများ ပိုမိုတိုးတက်လာခြင်းသည် ရန်ကုန်မြို့၏ အိမ်မြေ ရင်းနှီးမြှုပ်နှံမှုပိုင်းကို အားနည်းစေခဲ့သော်လည်း အိမ်မြေဈေးနှုန်း မြင့်တက်ခြင်းမှာမူ ကျဆင်းသွားခြင်းမရှိပေ။
ထို့ပြင် ၂၀၁၄ ခုနှစ်၊ ဩဂုတ်လတွင် အကောင်အထည်ဖော်ရန် ကြေညာခဲ့သည့် မသေချာသည့်မြို့သစ်စီမံကိန်းကြောင့် လည်း အိမ်ခြံမြေဈေးကွက်ကို ရိုက်ခတ်ခဲ့ပြီး အိမ်ခြံမြေ အရောင်းအဝယ်လုပ်ကိုင်သူများ လည်း အကျပ်ရိုက်ခဲ့ရသည်။ ထို့ပြင် ယခုနှစ်၏ အောက်တိုဘာလတွင် အခွန်ဆောင်ရန် တစ်ပေပတ်လည်မြေစံနှုန်း သတ်မှတ်ခြင်း၌ မြေစံနှုန်းဈေးများ ယခင် နှစ်ထက်မြင့်ခဲ့ပြီး အခွန်နှုန်း သတ်မှတ်ပြီး သည့်နောက်တွင် အိမ်ခြံမြေဈေးကွက်မှာ ပိုမို ငြိမ်သက်သွားကြောင်းအိမ်ခြံမြေ အကျိုး ဆောင်များက ပြောသည်။
"ဒီနှစ်က အခွန်စည်းကြပ်တာများတော့ ဈေးကွက်ကအေးသွားတယ်။ ဝယ်ရောင်းသမားတွေကလည်း အခွန်ဆောင်ဖို့ အဆင် မပြေတော့ ဝယ်ရောင်းသိပ်မလုပ်တော့ဘဲဈေးကွက်ထဲမှာက ရောင်းမယ့်သူလောက်ပဲ ရှိတော့တယ်။ နောက်ပြီး ဒီနှစ်က ကွန်ဒိုတွေ၊ တိုက်ခန်းတွေဆောက်တာများပြီးဝယ်ရောင်း လုပ်တဲ့သူတွေကလည်း ကန်ထရိုက်ဘက် ကို လှည့်ကုန်တာတွေလည်းရှိတယ်" ဟု ရွှေကံ မြေ အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းက ဦးခင်မောင်အေးက ပြောသည်။
ထို့ပြင် အခွန်စည်းကြပ်မှုများအပြင် မြေ ဈေးနှုန်းများမှာလည်း လွန်ခဲ့သည့်နှစ်နှစ်အတွင်း ဆက်တိုက်အရှိန်အဟုန်ဖြင့်တက်ခဲ့ခြင်းကြောင့် ယခုနှစ်တွင် မြေဈေးနှုန်း များမှာ အဆမတန်မြင့်မားသည့် အနေအထား များဖြစ်ခဲ့ကာ တက်ဈေးများတွင်သာ ရပ်တန့် နေပြီး ပြန်လည်ကျဆင်းမှုများမရှိခြင်းကြောင့် ဝယ်လိုအားပါ ကျဆင်းခဲ့ခြင်းဖြစ်ကြောင်း အိမ်ခြံမြေ အကျိုးဆောင်များက သုံးသပ်သည်။
Ref : Myanmar Times
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ