By ShweProperty Buy & Rent Journal, Shweproperty.com
Updated at 11 January 2018
မြန်မာနိုင်ငံရဲ့ နံပါတ်တစ် အွန်လိုင်းအိမ်ခြံမြေဝဘ်ဆိုဒ်တစ်ခုအဖြစ် ရပ်တည်နေတဲ့ Shwe Property.com တည်ထောင်သူ ဦးကောင်းသူဝင်းနှင့်တွေ့ဆုံခြင်း။
Shwe Property ကနေ (၂၀၁၇) ခုနှစ်ထဲမှာ အိမ်ရာအရောင်းပြပွဲတွေ အများကြီးကျင်းပပြုလုပ်ခဲ့တယ်။ နောက်နှစ်တွေမှာရော ဘယ်လို အိမ်ရာအရောင်းပြပွဲမျိုး ဆက်လုပ်သွားဖို့ အစီအစဉ်ရှိပါသလဲ?
ကျွန်တော်တို့ Shwe Property အနေနဲ့ ၂၀၁၇ ခုနှစ်မှာ အိမ်ခြံမြေပွဲတွေ အများကြီးလုပ်ခဲ့ပါတယ်။ လှည်းတန်းစင်တာမှာဆိုရင် တန်ဖိုးသင့်အိမ်ရာအရောင်းပြပွဲ ဆိုပြီး လေးကြိမ် လုပ်ခဲ့ပါတယ်။ Rose Garden Hotel မှာလည်း ဘဏ်တွေနဲ့ ချိတ်ဆက်ပြီး Home Loan Expo ဆိုပြီး ပြပွဲနှစ်ပွဲ ကျင်းပခဲ့တယ်။ နောက်တစ်ခုကတော့ စင်္ကာပူရောက်မြန်မာတွေအတွက် မြန်မာပြည်ကအိမ်ရာတွေနဲ့ စင်္ကာပူမှာ ပြပွဲ နှစ်ပွဲ လည်း လုပ်ခဲ့ပါသေးတယ်။ Myanmar Plaza မှာဆိုရင် Luxury Condo တွေနဲ့ သီးသန့် အရောင်းပြပွဲ လုပ်ခဲ့သလို၊ YDA နဲ့ ပူးပေါင်းပြီးတော့ Myanmar’s Leading Property Show အိမ်ခြံမြေ ပွဲ လုပ်ခဲ့ပါတယ်။ စုစုပေါင်း ပွဲကြီးအနေနဲ့ (၁၀)ပွဲလောက် ကျွန်တော်တို့ ကျင်းပခဲ့ပြီး လုပ်ခဲ့တဲ့ ပွဲတိုင်းမှာ ရည်ရွယ်ချက်မျိုးစုံ ရှိပါတယ်။ လှည်းတန်းစင်တာဆိုရင် ကျွန်တော်တို့ တန်ဖိုးသင့်အိမ်ရာတွေကို သီးသန့်ပြတာပေါ့နော်။ စင်္ကာပူဆိုရင်လည်း စင်္ကာပူရောက်မြန်မာတွေနဲ့ လိုက်ဖက်မယ့် ကိုက်ညီမယ့် ကွန်ဒိုပရောဂျက်တွေကို စုစည်းပြီး ပြတယ်။ ၂၀၁၇ မှာတော့ ရည်ရွယ်ချက်မျိုးစုံနဲ့ ပြုလုပ်ခဲ့ပါတယ်။ Rose Garden Hotel မှာ ကျင်းပတဲ့ပွဲဆိုရင်လည်း ဘဏ်တွေနဲ့ ချိတ်ဆက်ပြီး ဘဏ်ချေးငွေနဲ့ အိမ်ဝယ်ယူနိုင်ဖို့ ရည်ရွယ်ချက်နဲ့ ပြုလုပ်ခဲ့တာပါ။ တစ်နှစ်လုံးမှာ ကျင်းပခဲ့တဲ့ ပွဲ တွေဟာ ရည်ရွယ်ချက်နဲ့ ပြုလုပ်ခဲ့သလို တစ်ခြားသော ပြပွဲအသေးစားလေးတွေလည်း ကျင်းပခဲ့ပါတယ်။
Shwe Property အနေနဲ့ အိမ်ရာအရောင်းပြပွဲတွေကို လစဉ်လတိုင်းမှာ ဆက်တိုက်ကျင်းပပေးနေတဲ့ အကြောင်း ရှင်းပြပေးပါဦးရှင့်။
“ကျွန်တော်တို့ ဘာကြောင့် အိမ်ရာအရောင်းပြပွဲတွေအများကြီး လုပ်ရသလဲဆိုရင် အိမ်ခြံမြေဈေးကွက်ဟာ ၂၀၁၄ ၊ ၂၀၁၅ မှာ တော်တော်လေးကို အေးစက်နေတယ်။ ၂၀၁၆ အကုန် ၂၀၁၇ လောက်မှာ ဒီဈေးကွက် ကို လည်း ကျွန်တေ်ာတို့ ပြန်ပြီးယုံကြည်မှု ရစေချင်တဲ့ ဆန္ဒနဲ့ ပြပွဲတွေကို စီစဉ်ပေးနေတာပါ။ ” အဓိကကတော့ ပြီးခဲ့တဲ့ အစိုးရတက်လာတယ်။ အိမ်ခြံမြေစီမံကိန်းကြီးတွေကို High Rise Review တွေ လုပ်တဲ့အတွက် တစ်ချို့ပရောဂျက်တွေဆိုရင် ခနရပ်ထားတာရှိတယ်။ ဝယ်ထားတဲ့သူတွေအနေနဲ့ တစ်ချို့ဆိုရင် သူတို့ဝယ်ထားတဲ့ ကွန်ဒိုတွေ ဘာဖြစ်မှန်းမသိဘူး ။ ဆောက်လုပ်ရေးလုပ်ငန်းရှင်နဲ့ ဝယ်ယူမယ့်သူ Investor တွေကြားထဲမှာ ယုံကြည်မှုတွေ နည်းနည်းလျော့နည်းသွားတာ ရှိတယ်။ ဒါတွေကို ကျွန်တော်တို့ Shwe Property အနေနဲ့ ကျွန်တော်တို့နဲ့ အမြဲတမ်း လက်တွဲလုပ်ဆောင်နေတဲ့ ဆောက်လုပ်ရေးကုမ္ပဏီကြီး တွေနဲ့အတူ ယုံကြည်မှုပြန်လည် တည်ဆောက် ကြမယ်ဆိုပြီး ဒီပွဲတွေကို လုပ်ရခြင်းဖြစ်တယ်။ ဝယ်မယ့်သူနဲ့ Developer တိုက်ရိုက်ဆွေးနွေး လို့ရတယ်။ မေးမြန်းချင်တာတွေ အကုန်လုံး မေးမြန်းလို့ရတယ်။ ကိုယ်က လက်ရှိရည်မှန်းထားတဲ့ ငွေကြေး လေးနဲ့ ငွေပေးချေလို့ရမလားဆိုတာကို ညှိနှိုင်းလို့ရတယ်။ ညှိနှိုင်းလို့ အိမ်ရသွားတဲ့သူတွေလည်း ကျွန်တော်တို့ အများကြီးတွေ့ရပါတယ်။ နောက်ပြီးတော့ အိမ်ခြံမြေပွဲတွေ ဘာကြောင့် အများကြီး ဆက်တိုက်လုပ်ရ လဲဆိုတော့ အဓိကကတော့ ယုံကြည်မှုတည်ဆောက်ဖို့အတွက် တစ်ဖက်တစ်လမ်းနဲ့ ကူညီပေးတာဖြစ်ပါတယ်။
အိမ်ရာအရောင်းပြပွဲတွေက ကျင်းပတာတွေများလာတော့ တစ်ပွဲနဲ့ တစ်ပွဲ မတူညီအောင် ဘယ်လိုမျိုး စီစဉ်ကျင်းပပေးလဲ ဆိုတာလည်း သိချင်ပါတယ်?
ကျွန်တော်တို့ အိမ်ခြံမြေပွဲတွေကို တစ်ပွဲနဲ့ တစ်ပွဲ မတူအောင် ဘယ်လိုလုပ်သလဲဆိုတော့ ပြီးခဲ့တဲ့ ၂၀၁၇ ထဲမှာ ဆိုရင် ပွဲကြီး (၁၀)ပွဲလုပ်ခဲ့တယ်။ တစ်ပွဲနဲ့ တစ်ပွဲ ရည်ရွယ်ချက်ချင်း မတူကြပါဘူး။ အခုနက ကျွန်တော် ပြောသလိုပဲ လှည်းတန်းစင်တာမှာဆိုရင် တန်ဖိုးသင့်အိမ်ရာတွေပေါ့နော်။ ဘဏ်ချေးငွေနဲ့ ဝယ်ယူနိုင်မယ့် အိမ်ရာ ပြပွဲလည်း Rose Garden မှာ လုပ်တယ်။ စင်္ကာပူဆိုရင်လည်း စင်္ကာပူရောက်မြန်မာတွေနဲ့ ကိုက်ညီ မယ့် အိမ်ရာတွေရွေးပြတယ်။ ဒါကြောင့် တစ်ပွဲနဲ့ တစ်ပွဲ မတူပါဘူး။ ကျွန်တော်တို့ Shwe Property က လုပ်တဲ့ ပွဲတွေဆိုရင် အိမ်ခြံမြေ ဝဘ်ဆိုဒ်၊ နည်းပညာကို အခြေခံထားတဲ့ ကုမ္ပဏီဖြစ်တဲ့အတွက် ကျွန်တော်တို့ နည်းပညာနဲ့ ဘယ်လိုကူညီမလဲ ဆိုတာနဲ့ ဝယ်ယူတဲ့သူနဲ့ Construction ကြား ဘယ်လို ယုံကြည်မှု တည်ဆောက်မလဲ/ လူတစ်ယောက် အိမ်တစ်လုံးဝယ်မယ်ဆိုရင် သူ့ Lifestyle မှာ အပြောင်းအလဲတစ်ခု ပေါ့။ အိမ်ဝယ်ဖို့ဆိုတာ အများကြီးစဉ်းစားရပါတယ်။ တစ်ပွဲနဲ့တစ်ပွဲ မတူအောင်လည်း မိဘပြည်သူတွေအနေနဲ့ ကိုယ့် ဘဝအတွက် နေဖို့ပဲဖြစ်ဖြစ်၊ ရင်းနှီးမြှုပ်နှံဖို့ပဲဖြစ်ဖြစ် အိမ်ကလေးတစ်လုံးကို စိတ်ချမ်းသာစွာနဲ့ ယုံကြည်မှုရှိရှိ ဆုံးဖြတ်ဝယ်ယူနိုင်အောင် နည်းပညာအားဖြင့်သော်လည်းကောင်း၊ အသိပညာအားဖြင့်သော်လည်းကောင်း၊ ဗဟုသုတပိုင်းနှင့်သော်လည်းကောင်း၊ ကျွန်တော်တို့က အမြဲတမ်း ဒီပွဲတွေမှာ ထည့်သွင်းစဉ်းစားပေးတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ အနေနဲ့ ပွဲတစ်ပွဲနဲ့ တစ်ပွဲ မတူအောင် အမြဲတိုးတက်အောင် ကျွန်တော်တို့ ကြိုးစားနေပါတယ်။
အိမ်ခြံမြေအရောင်းပြပွဲတွေက ဘယ်လောက်အတိုင်းအတာထိ အားသာချက်ရှိသလဲ? ဘာ့ကြောင့် လိုအပ်တာလဲ?
အိမ်ခြံမြေပွဲတွေ ဘာ့ကြောင့်လိုအပ်သလဲဆိုတော့ ကျွန်တော်တို့ရှေ့မှာ လိုအပ်တဲ့အတိုင်း ကျွန်တော်တို့နိုင်ငံက နည်းပညာမှာ အင်တာနက်သုံးစွဲမှုတွေမှာ နည်းနည်းနောက်ကျတယ်။ တစ်ခြားနိုင်ငံမှာဆိုရင် Data တွေ အချက်အလက်တွေက အလွယ်တကူရနိုင်တယ်။ သူအိမ်တစ်လုံးဝယ်မယ်ဆိုရင် သူလိုချင်တဲ့ Research မျိုးကို အင်တာနက်မှာ ရှာဖွေနိုင်တယ်။ ကျွန်တော်တို့ဆီမှာက ဒီအခက်အခဲတွေနည်းနည်းရှိတယ်။ အိမ်ဝယ်မယ့် မိဘပြည်သူတွေကလည်း အင်တာနက်နဲ့ အကျွမ်းတဝင်မရှိသေးတာလည်း ပါတယ်။ အချက်အလက် ရှာဖွေရတာလည်း အခက်အခဲအချို့ရှိနေတာလည်း ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ Shwe Property အနေနဲ့ အိမ်ခြံမြေပွဲတွေ ဆက်တိုက်ကျင်းပပေးနေတယ်။ သူတို့သိချင်တဲ့ မေးခွန်းတွေကို ဝယ်မယ့် Developer တွေနဲ့ တိုက်ရိုက်ညှိနှိုင်းစုံစမ်းနိုင်တယ်။ ငွေပေးချေမှုပုံစံကိုလည်း ညှိနှိုင်းလို့ရတယ်။ သူတို့မှန်းထား တဲ့ Budget နဲ့ ညှိနှိုင်းပြီး ဝယ်လို့ရတာပေါ့။ ဒါကတော့ အိမ်ခြံမြေပွဲမှာရနိုင်တဲ့ အနှစ်သာရပေါ့။ ကျွန်တော်တို့ shweproperty.com မှာလည်း ပွဲသွားစရာမလိုဘဲနဲ့ ဝယ်ယူလို့ရအောင်လည်း စီစဉ်ပေးထားပါတယ်။ အဓိကအားသာချက် အနေနဲ့ ဝယ်ယူမယ့် သူတစ်ယောက်အနေနဲ့ သူဝယ်မယ့်မြို့နယ်မှာ ဈေးနှုန်းခြင်းလည်း တူတယ်။ Location နည်းနည်းလေးပဲ ဝေးတယ်။ သူ့အတွက် ရွေးချယ်ခွင့်တွေအများကြီး ရတာပေါ့။ အဓိက ကတော့ တစ်နေရာတည်းမှာ စုံလင်စွာရွေးချယ်နိုင်တဲ့ အခွင့်အရေးတွေကြောင့် အိမ်ခြံမြေပြပွဲတွေက မြန်မာနိုင်ငံမှာရော ဖွံ့ဖြိုပြီးနိုင်ငံတွေမှာပါ လုပ်နေဆဲပါပဲ….
Digital Marketing Company ဆိုတော့ ဘယ်လိုကမ်ပိန်းတွေနဲ့ မြန်မာပြည်သူတွေသိအောင် ကြော်ငြာ ဝန်ဆောင်မှုပေးပါသလဲ?
Shwe Property အနေနဲ့ ၂၀၁၁ ခုနှစ်ကတည်းက အိမ်ခြံမြေဝဘ်ဆိုုဒ်ကို စတင်တည်ထောင်ခဲ့တယ်။ အဓိက ကတော့ ကျွန်တော်တို့အွန်လိုင်းမှာပဲ အိမ်ခြံမြေတွေ တင်ကြမယ် ရောင်းကြမယ် ဝယ်ကြမယ် ဒါမျိုးရည်ရွယ် ချက်နဲ့ စတင်တည်ထောင်ခဲ့တာပါ။ နောက်ပိုင်းကျ ကျွန်တော်တို့ ဒီအွန်လိုင်းကို Support ဖြစ်အောင် အိမ်ခြံမြေ ပွဲတွေ၊ တစ်ခြား Service တွေအများကြီးချဲ့ခဲ့ပါတယ်။ Shwe Property ရဲ့ Partner တွေဖြစ်တဲ့ Developer တွေနဲ့ Real Estate Agent တွေကို ကျွန်တော်တို့ ဝဘ်ဆိုဒ်မှာ Package တွေအများကြီး နဲ့ ဝန်ဆောင်မှုတွေ ပေးနေပါတယ်။ အကျိုးဆောင်တွေအတွက်ဆိုရင် ကြော်ငြာတွေကို ဘယ်လောက်အရေအတွက်နဲ့ ဘယ်လောက် အခကြေးငွေယူလို့ရတယ် ကြော်ငြာလို့ရတယ်ဆိုပြီး ဝန်ဆောင်မှုတွေပေးနေပါတယ်။ ကျွန်တော်တို့က အိမ်ခြံမြေပွဲတွေရှိမယ်။ Digital Campaign တွေလည်း အမျိုးမျိုးရှိတယ်။ Google Campaign တွေ Facebook Campaign တွေ၊ Content Campaign တွေ Video Campaign တွေ စသဖြင့် အများကြီး လုပ်ဆောင်နေပါတယ်။ Shwe Property အနေနဲ့လည်း ကျွန်တော်တို့ မြန်မာနိုင်ငံမှာရှိတဲ့ နာမည်ကြီး ဆောက်လုပ်ရေးကုမ္ပဏီတော်တော်များများက Shwe Property ရဲ့ Service ကို ယုံကြည်စွာနဲ့သုံးစွဲနေပါတယ်။ ကျွန်တော်တို့ Shwe Property အနေနဲ့ ဘယ် Marketing က အကောင်းဆုံးလဲ?ဆိုတာမရှိပါဘူး။ ကျွန်တော် အနေနဲ့ Digital နဲ့ ပတ်သက်ပြီးတော့ Devloper တွေအနေနဲ့ Real Estate မှာ One stop Service ပေးတဲ့ ပုံစံမျိုးပေါ့နော်။
နောက်ဆုံးအနေနဲ့ လာမယ့် ၂၀၁၈ နှစ်သစ်အတွက် Shwe Property အနေနဲ့ Customer တွေကို ဆုတောင်း စကားပြောကြားပေးပါဦးရှင့်?
၂၀၁၇ ကတော့ အိမ်ခြံမြေဈေးကွက်တစ်ခုလုံးအတွက်လည်း အရမ်းကောင်းမွန်ဖို့အတွက် အစပျိုးတဲ့နေ့တစ်နေ့ ဖြစ်ခဲ့ပါတယ်။ Shwe Property အနေနဲ့လည်း ကျွန်တော်တို့ရဲ့ Partner ကုမ္ပဏီအများစုကို ဝန်ဆောင်မှုတွေ ပေးနိုင်တဲ့အတွက် ကျွန်တော်တို့အနေနဲ့ အရမ်းကိုဝမ်းသာပြီးတော့ အောင်မြင်တဲ့နှစ်တစ်နှစ်ဖြစ်ခဲ့ပါတယ်။ ၂၀၁၇ တစ်ခုလုံးမှာ Shwe Property ကိုယုံကြည်စွာ လုပ်ဆောင်ခဲ့တဲ့ ကုမ္ပဏီတွေအားလုံးကို ကျေးဇူးတင် ပါတယ်။ Shwe Property က ဒီ့ထက်ဒီ့ထက်ကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေ၊ နည်းပညာတွေ၊ ပွဲတွေနဲ့ ဆက်လက် ဆောင်ရွက်သွားဖို့ရှိပါတယ်။ ဒါကြောင့်နှစ်သစ်မှာ ကျွန်တော်တို့မြန်မာပြည်သူတွေ နဲ့ အတူ ဆောက်လုပ်ရေးလုပ်ငန်းရှင်များ၊ အိမ်ခြံမြေအကျိုးဆောင်များ၊ ဝယ်ယူမယ့် Customer များအားလုံးကို နှစ်သစ် မှာ ပျော်ရွှင်မှုတွေအများကြီးနဲ့ အောင်မြင်ကြီးပွားတိုးတက်ပါစေကြောင်း ဆုတောင်းပေးလိုက်ပါတယ်။
Ref : ShweProperty Buy & Rent Journal
Posted By : Ra Wai (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ