By The Voice Journal, Shweproperty.com
Updated at 23 January 2018
အိမ်၊ ခြံ၊ မြေဆိုင်ရာ အတိုင်ပင်ခံကုမ္ပဏီဖြစ်သော Collier International ၏ ၂၀၁၈ အိမ်၊ ခြံ၊ မြေဆိုင်ရာ ခန့်မှန်းအကြံပေးချက် ၁၀ ချက်ကို အတိုချုံးဖော်ပြလိုက်ပါသည်။
(၁) ကုန်တိုက်များတွင် အပန်းဖြေစရာနေရာများ၏အခန်းကဏ္ဍ ပိုထင်ရှားလာမည် ကုန်တိုက်စီမံခန့်ခွဲသူများသည် နေရာငှားရမ်းရာတွင် လုပ်ငန်းပိုစုံလာအောင် ထည့်သွင်းသင့်သည်။ အထူးသဖြင့် Fitness Center များ၊ ဆေးခန်းများ စသည့်ကျန်းမာရေးနှင့် ကြံ့ခိုင်ရေးနေရာများ ထည့်သွင်းခြင်းဖြင့် ဈေးဝယ်လာသူ နယ်ပယ်စုံစုံကို ဆွဲဆောင်နိုင်မည်ဟု အကြံပေးထားသည်။
(၂) ဘဏ်များသည် အိမ်ရာများ အရစ်ကျဝယ်ယူခွင့်အစီအမံများကို ပိုယုံကြည်မည် ကွန်ဒိုဆောက်သူများသည် ဘဏ်များနှင့် ပူးပေါင်းဆောင်ရွက်ရန် ပိုကြိုးစားလာမည်။ ဘဏ်များသည် ပိုအဆင်ပြေစေမည့် အရစ်ကျအစီအမံများ ဖော်ထုတ်ရန်၊ ဈေးအမြင့်ကွန်ဒိုများအပြင် ဈေးအနိမ့်သမားများနှင့်လည်း ပူးပေါင်းရန် Collier က အကြံပေးထားသည်။
(၃) စက်မှုကဏ္ဍ အခြေအနေကောင်းမည် အထည်ချုပ်ကဏ္ဍ အခြေအနေကောင်းမည်။ နယ်ပယ်အချို့မှ နိုင်ငံခြားကုမ္ပဏီများသည် မြန်မာကို စိတ်ဝင်စားလာကြမည်။
(၄) ဝန်ဆောင်မှုပါ အခြေခံအဆင့်တိုက်ခန်းနှင့် အငှားသီးသန့် တိုက်ခန်းကဏ္ဍ ပေါ်ထွက်မည် အခြေခံအဆင့်ဖြစ်သော်လည်း ဝန်ဆောင်မှုပါသော တိုက်ခန်းများ ဆက်အခြေအနေကောင်းမည်။ အငှားသီးသန့် ကွန်ဒိုမီနီယမ်များ၏ ပြိုင်ဆိုင်မှုသိပ်မရှိသဖြင့် အငှားသီးသန့်တိုက်ခန်းများ များလာနိုင်သည်။
(၅) လူနေအိမ်ခန်းငှားခ ဆက်ကျမည် ငှားရမ်းနိုင်ခြေမြင့်သည့် နေရာကောင်းများကို ရွေးချယ်ရန် အကြံပေးထားသည်။
(၆) မန္တလေးမြို့ကို စိတ်ဝင်စားမှု ပြန်ပေါ်လာမည် စီမံကိန်းကြီးများ မြင်ရဖွယ်ရှိသည်။ လူနေမှုအဆင့်အတန်းပိုမြင့်သည့် မြို့တွင်းနှင့် ခပ်လှမ်းလှမ်း သီးသန့်အိမ်ရာများ ဖန်တီးရန် အြ ကံပေးထားသည်။
(၇) ရုံးခန်းအငှားဈေးကွက် အပြိုင်အဆိုင်ဆက်ရှိမည် ပိုအဆင့်မြင့်၊ ပိုကောင်းသော ရုံးခန်းနေရာများသို့ ရွှေ့ပြောင်းကြလိမ့်မည်။ စီးပွားရေးမူဝါဒများ ပိုကောင်း၊ ပြုပြင်ပြောင်းလဲရေး ပိုမြန် လာလျှင် ဈေးကွက်တွင်း အသစ်ဝင်လာကြမည်၊ လက်ရှိလုပ်ငန်းတို့းချဲကြမည်။
(၈) အခြေခံအဆင့် ခေတ်မီတိုက်ခန်းများ၊ ကွန်ဒိုများကို စိတ်ဝင်စားလာကြမည် ကွန်ဒိုဥပဒေအပြည့်အဝကျင့်သုံးလျှင် ဝယ်လိုအားတက်လာမည်ဖြစ်သော်လည်း ဈေးက စကားပြောနေဦးမည်။
(၉) ခေတ်မီအဆင့်မြင့်ဟိုတယ်များ ပိုလူကြိုက်များလာမည် ခေတ်ဟောင်းဟိုတယ်များထက် ခေတ်မီအဆင့်မြင့်ဟိုတယ်များကို ရွေးချယ်လာကြမည်။ ထိုခေတ်မီဟိုတယ်များသည် နိုင် ငြံ ခား သားေ ဈးကွက်အပြင် ပြည်တွင်းဈေးကွက်အတွက် အခမ်းအနားများ၊ ပွဲလမ်းများကိုပါ ဆွဲဆောင်နိုင်လိမ့်မည်။
(၁၀) မြိတ်ကျွန်းစုသို့ ဦးတည်ကြလိမ့်မည် အပန်းဖြေလုပ်ငန်းများကို ရင်းနှီးမြှုပ်နှံသူများသည် မြိတ်ကျွန်းစုသို့ ဦးတည်ကြလိမ့်မည်။ အရိုင်းအတိုင်းရှိနေသေးသည့် ကျွန်း ၈၀၀ ကျော် ရှိသည့် မြိတ်ကျွန်းစုသည် ငွေများများသုံး အနားယူမည့် ခရီးသည်များအတွက် သံလိုက်သဖွယ် ဖြစ်နေမည်။
Ref & Photo Credit : The Voice Journal Posted By : Ra Wai (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ