By Myanmar Builders Guide, Shweproperty.com
Updated at 27 November 2018
၂ဝ၁၉ ခုနှစ်တွင်ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိတည်ဆောက်ဆဲ အိမ်ရာစီမံကိန်းအားလုံးကို အပြီးသတ်တည်ဆောက်မည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ထံမှ သိရသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း အိမ်ရာလိုအပ်ချက်ရှိနေသည့်အတွက်အဆိုပါ အိမ်ရာစီမံကိန်းများကိုဖော်ဆောင်ပေးခြင်းဖြစ်ပြီး လက်ရှိတည်ဆောက်ပြီးစီးသော အခန်းအားလုံးကို ဆက်လက်ရောင်းချပေးလျက်ရှိသည်။
လက်ရှိတွင် အိမ်ရာဈေးကွက်အတွင်း တန်ဖိုးနည်း၊တန်ဖိုးသင့်နှင့် တန်ဖိုးမြင့်အိမ်ရာဟူ၍ အပိုင်းလိုက်ခွဲခြားရောင်းချပေးလျက်ရှိသော်လည်း ဝယ်လိုအားကျဆင်း နေကြောင်းသိရသည်။
လာရောက်လျှောက်ထားသူများကို မဲနှိုက်ရွေးချယ်စနစ်ဖြင့်ရောင်းချပေးနေသော်လည်း တိုက်ခန်းမဲပေါက်ပြီး လာရောက်ထုတ်ယူခြင်းမရှိသော ဖြစ်စဉ်များ လည်းရှိနေကြောင်း သိရသည်။
၂ဝ၃ဝ ပြည့်နှစ်တွင် အိမ်ရာအခန်းပေါင်း တစ်သန်းကျော်ဖော်ဆောင်ပေးရန်စီစဉ်ထားသော်လည်း လက်ရှိအခြေအနေ များအရ တည်ဆောက်ဆဲအိမ်ရာစီမံကိန်းများ ပြီးစီးပါက ဆက်လက်ဆောက်လုပ်မည်မဟုတ်ကြောင်းသိရသည်။
ဖော်ဆောင်ထားဆဲ အိမ်ရာစီမံကိန်းများ အားလာမည့်နှစ်အတွင်းအပြီးတည်ဆောက်မည်။အိမ်ရာအသစ်များထပ်ပြီးဆောက်လုပ်မည်မဟုတ်တော့ဘူး။လက်ရှိတွင် တည်ဆောက်ပြီးစီးသော အခန်းများကိုလည်း ဝယ်ယူမှုနည်းနေသည်ကိုတွေ့ရတယ်။
အများပြည်သူဝယ်ယူနိုင်မည့် ဈေးနှုန်းအတိုင်း ရောင်းချပေးဖို့ဆိုတာ အခန်းရဲ့ ကုန်ကျစရိတ် တန်ဖိုးအပေါ်တွက်ချက်ရခြင်းဖြစ်ကြောင်း၊တန်ဖိုးနည်းဆိုပေမဲ့ ငွေကျပ်သိန်း ၁ဝဝ ဝန်းကျင်ဖြစ်နေတော့ အရစ်ကျစနစ်နှင့် ရောင်းချပေးတာတောင်အနည်းအကျဉ်း လောက်သာဝယ်ယူနိုင်ကြတယ်။တချို့ကလည်း မဲပေါက်ပြီး စိတ်ကြိုက်အခန်းမရလို့ ငွေကြေးမတတ်နိုင်တော့လို့မဝယ်ကြတော့ကြောင်း သိရသည်။
လက်ရှိတည်ဆောက်ပြီးစီးသော အိမ်ရာစီမံကိန်းများကို ရောင်းချပေးရာတွင် သက်ဆိုင်ရာ အိမ်ရာဖွံ့ဖြိုးရေးဘဏ် နှင့် ချိတ်ဆက်၍ အရစ်ကျစနစ်ဖြင့် ရောင်းချပေးလျက်ရှိသည်။လက်ရှိတည်ဆောက်နေသော အိမ်ရာစီမံကိန်း များသည် ယခင်စီမံကိန်းများကို ဖော်ဆောင်နေခြင်းဖြစ်ပြီး အိမ်ရာစီမံကိန်းသစ်အနေဖြင့် လာမည့်နှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြေ ၁၈၃ ဧက တွင်ဖော်ဆောင်မည့် နိုင်ငံ့ဝန်ထမ်းအငှားအိမ်ရာစီမံကိန်းတစ်ခုသာ ရှိမည်ဖြစ်ကြောင်း သိရသည်။
Ref & Photo Credit : Myanmar Builders Guide
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ