By VOA News, Shweproperty.com
Updated at 8 January 2020
ကမ္ဘာလှည့်ခရီးသွားတွေ သန့်ရှင်းအဆင်ပြေစွာ ခရီးသွားလာနိုင်တဲ့ အာဆီယံ စံပြမြို့ဆုကို မြန်မာနိုင်ငံက ကယားပြည်နယ် လွိုင်ကော်မြို့၊ တနသာင်္ရီတိုင်း ထားဝယ်မြို့နဲ့ ရှမ်းပြည်နယ် တောင်ကြီးမြို့တွေ ရရှိကြမှာဖြစ်ပါတယ်။
၂၀၂၀ ခုနှစ်အတွက် အသန့်ရှင်းဆုံးအာဆီယံ စံပြမြို့အဖြစ် မြန်မာနိုင်ငံက မြို့ ၃ မြို့အပြင် ဆုရတဲ့ တခြားအာဆီယံမြို့တွေကို ၂၀၂၀ ဇန်နဝါရီလမှာ ကျင်းပမယ့် ၃၉ ကြိမ်မြောက် အာဆီယံခရီးသွားလုပ်ငန်းဖိုရမ် ဆွေးနွေးပွဲမှာ ဆုပေးမှာဖြစ်ပါတယ်။
ဆုရရှိတဲ့မြို့တွေအနေနဲ့ အသိအမှတ်ပြု ဆုလက်မှတ်နဲ့ Asean Clean Tourist City လို့ မော်ကွန်းထိုးထားတဲ့ တံဆိပ်ကို ရရှိမှာဖြစ်ပါတယ်။ အသန့်ရှင်းဆုံးအာဆီယံ စံပြမြို့ဆုက ၃ နှစ်သက်တမ်းရှိမှာပါ။
မြန်မာနိုင်ငံက အရွေးခံရတဲ့ လွိုင်ကော်မြို့၊ ထားဝယ်မြို့နဲ့ တောင်ကြီးမြို့တွေဟာ ကမ္ဘာလှည့်ခရီးသွားတွေ အသွားများတဲ့ မြို့တွေဖြစ်ကြပါတယ်။ အဲဒီမြို့တွေဟာ အမှိုက်ကင်းရှင်းပြီး သန့်ရှင်းသပ်ရပ်တဲ့ မြို့တွေအဖြစ် ပြည်တွင်း ပြည်ပခရီးသွားတွေ အသိအမှတ်ပြုခံရတဲ့ မြို့တွေဖြစ်ကြပါတယ်။
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုပိုင်း စနစ်တကျ ဆောင်ရွက်ထားမှု၊ သန့်ရှင်းသပ်ရပ်မှု၊ ကျန်းမာရေး၊ မြို့ပြလုံခြုံရေးနဲ့ ခရီးသွားတွေအတွက် အဆင်ပြေစေမယ့် အခြေခံအဆောက်အအုံတွေ ရှိမှု စတဲ့ စံ ၇ ခုအပေါ် မူတည်ပြီး အသန့်ရှင်းဆုံး အာဆီယံစံပြမြို့တွေကို ရွေးချယ်တာဖြစ်ပါတယ်။
Ref : VOA News
Photo Credit : Bnionline
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ