By Myanmar Builders Guide, Shweproperty.com
Updated at 19 December 2019
မြန်မာနိုင်ငံတွင် စက်တင်ဘာ ၁၉ ရက်နေ့က ပြောင်းလဲသတ်မှတ်လိုက်သည့် စည်းကြပ်ခွန်မှကင်းလွတ်နေသည့် ငွေများအခွန်နှုန်းထားအတိုင်းဆက်လက်သွားနိုင်ပါကလာမည့်နှစ်တွင် အိမ်၊ ခြံ၊ မြေ ဈေးကွက်များပိုမိုကောင်းမွန်လာနိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ အိမ်၊ ခြံ၊ မြေ ဖွံ့ဖြိုးတိုးတက်ရေးအသင်းမှသိရသည်။
စက်တင်ဘာလ ၁၉ ရက်နေ့က စတင်ပြောင်းလဲလိုက်သည့် စည်းကြပ်ခွန်မှကင်းလွတ်နေသည့် ငွေများအခွန်နှုန်းထား များမှာ ၁ ကျပ် မှ ကျပ်သိန်း၁,၀၀၀ အထိ ၃% ၊ ကျပ်သိန်း ၁,၀၀၁ မှ ကျပ်သိန်း ၃,၀၀၀ အထိ ၅% ၊ ကျပ်သိန်း ၃,၀၀၁ မှ သိန်း ၁၀,၀၀၀ အထိ ၁၀% ၊ ကျပ်သိန်း ၁၀,၀၀၁ မှသိန်း ၃၀,၀၀၀ အထိ ၁၅% နှင့် ကျပ်သိန်း ၃၀,၀၀၁ နှင့်အထက်ကို ၃၀% သို့ပြောင်းလဲသတ်မှတ်လိုက်ခြင်း ဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနထံမှသိရသည်။
အဆိုပါပြောင်းလဲလိုက်သည့်နှုန်းထားသည် ယခင်နှုန်းထားများထက် ၃ ဆခန့်သက်သာမည်ဖြစ်ပြီး အချိန်ကာလတစ်နှစ်သက်တမ်းဖြင့် လျော့ချထားခြင်းဖြစ်ကြောင်းယင်းဝန်ကြီးဌာနထံမှသိရသည်။
အိမ်ယာနှင့် ကွန်ဒိုမီနီယံ
လက်ရှိအခွန်နှုန်းထားသည် အိမ်၊ ခြံ၊ မြေ လုပ်ငန်းများအရောင်းအဝယ်ပြုလုပ်ရာတွင် လိုအပ်သည့် အမည်ပြောင်းပြုလုပ်ရာတွင် တရားဝင်အခွန်သွင်းမှုများအတွက်အကျိုးဝင်ပြီး ဥပဒေဘောင်အတွင်းတရားဝင်လုပ်ကိုင်လိုသူအရေအတွက် ပိုမိုများပြားလာမည်ဖြစ်ကြောင်း အဆိုပါအသင်းထံမှသိရသည်။
လက်ရှိ ၂၀၁၉ ခုနှစ်ကုန်ပိုင်း အိမ်၊ ခြံ၊ မြေ အရောင်းအဝယ်နှင့်အငှားဈေးကွက်သည် ပုံမှန်အခြေအနေဖြင့် လည်ပတ်လျက်ရှိပြီး ကျပ်သိန်း ၃၀၀၀ ဝန်းကျင် မြေကွက်များအရောင်းအဝယ်ဖြစ်ပေါ်လျက်ရှိကြောင်း ဈေးကွက်စောင့်ကြည့်သူများထံမှ သိရသည်။
Ref & Photo Credit : Myanmar Builders Guide
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ