By မိုးညို, Shweproperty.com
Updated at 18 August 2014
ရန်ကုန်မြို့တွင် လွန်ခဲ့သည့် နှစ်ပေါင်း ၂၀ ကျော်က တည် ဆောက်ခဲ့သည့် ကွန်ဒိုတိုက်ခန်း အများစုမှာ အရည်အသွေးအား နည်းနေကြောင်း ရန်ကုန်မြို့ပြ ဖွံ့ဖြိုးမှုစီမံကိန်းပညာရှင် ဒေါက် တာ ကျော်လတ်က ပြောကြားသည်။
ရန်ကုန်မြို့ အင်းလျားလိတ် ဟိုတယ်တွင် သြဂုတ် ၁၇ ရက်က မောရဝတီ ကွန်ဒိုမိတ်ဆက်ပွဲ အ ခမ်းအနား၌ ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ် သည်။
ယင်းကာလက အင်ဂျင်နီ ယာအသင်း၊ ဗိသုကာအသင်းတို့ မရှိခြင်း၊ ရန်ကုန်တွင် လက်ရှိ စတင်နေပြီဖြစ်သော Zonning Plan မရှိခြင်းကလည်း ကွန်ဒို တိုက်ခန်းအချို့တွင် အားနည်း ချက်များ ရှိခဲ့သည်ဟု ဒေါက်တာ ကျော်လတ်က ဆိုသည်။
ပြီးခဲ့သည့် အစိုးရ လက် ထက်က တည်ဆောက်ခဲ့သည့် ကွန်ဒိုများမှာ အဆင့်အတန်းမမီ ဘဲ ကျွမ်းကျင်ပညာရှင်များနှင့် ပူးပေါင်းလုပ်ဆောင်မှု အားနည်း ချက်များ ရှိခဲ့ပြီး လေဝင်လေထွက် နည်းသည့် အခန်းများ၊ ကားပါကင် လုံလောက်မှုမရှိခြင်း၊ မပါဝင်ခြင်းများ၊ မြေအကျယ်အဝန်းကိုရယူ၍ တည်ဆောက်သည့် စံနှုန်းထားမမှန်ကန်ခြင်း (Buil-ding Courage Ratio)၊ ဓာတ်လှေ ကားများ မပါဝင်ခြင်း၊ မီးပြတ် တောက်ပါက အလိုအလျောက် တံခါးဖွင့်ပေးသည့် ဓာတ်လှေ ကားစနစ်များ မပါဝင်ခြင်း၊ ကစား ကွင်း၊ရေကူးကန်အစရှိသည့် ကွန် ဒိုတွင် တစ်ပါတည်းပါဝင်ရမည့် ဝန်ဆောင်မှုမျိုး မပါရှိကြောင်း ဒေါက်တာကျော်လတ်က ဝေဖန် ပြောဆိုသည်။
ယခုနောက်ပိုင်း တည် ဆောက်နေသည့် ကွန်ဒိုတိုက်ခန်း အများစုတွင် ပညာရှင်များ ပူး ပေါင်းရေးဆွဲထားသည့် Building Code ကို စတင်ကျင့်သုံးနေပြီး မကြာမီ လွှတ်တော်တွင်လည်း ကွန်ဒိုဥပဒေကို အတည်ပြုပြဋ္ဌာန်း ပေးနိုင်တော့မည်ဖြစ်ရာ ကွန်ဒို တိုက်ခန်းဝယ်ယူသူတို့အတွက် အာမခံချက် များစွာရှိလာနိုင် တော့မည်ဟု ဆိုသည်။
၂၀၁၃ ခုနှစ်က စတင်ရေး ဆွဲခဲ့သည့် အဆိုပါ ကွန်ဒိုဥပဒေ ကို အစိုးရ၏ ထိန်းချုပ်မှုအောက် တွင် မရှိစေရဘဲ ကွန်ဒိုတိုက်ခန်း ဝယ်ယူလိုသူ မြေယာပိုင်ထားသူ ဆောက်လုပ်ရေး လုပ်ငန်းရှင်များ၊ နိုင်ငံခြားသားများအတွက် အားလုံးအဆင်ပြေနိုင်မည့် လုပ်ထုံး လုပ်နည်းများကို ထည့်သွင်းရေး ဆွဲထားပြီး ယခုနှစ် ပြည်ထောင် စုလွှတ်တော်တွင် ပြဋ္ဌာန်းပါက လွှတ်တော်အတွင်း၌လည်း လွှတ် တော်အမတ်များ အကြိမ်ကြိမ် ဆွေးနွေးမှုများ ပြုလုပ်ဦးမည်ဟု မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှုဦးစီး ဌာန ညွှန်ကြားရေးမှူး ဒေါ်အေး အေးမြင့်က ပြောသည်။
ပြီးခဲ့သည့် ဇူလိုင်က ရန်ကုန် မြို့ရှိ ကွန်ဒိုတိုက်ခန်းများအား နိုင်ငံခြားသားများ ဝယ်ယူနေထိုင် ခွင့်ရှိသည်ဆိုပြီး မပြဋ္ဌာန်းရသေး သည့် ဥပဒေတွင် ပါဝင်ကြောင်း သတင်းများထွက်ပေါ်လာသဖြင့် အမည်ခံဝယ်ယူသူ၊ ဈေးကစားလို သူများ၏ လက်ထဲတွင် ကွန်ဒို တိုက်ခန်းကို အများစုဝယ်ယူစု ဆောင်းထားပြီဟု ကွန်ဒိုတိုက်ခန်းဈေးကွက်မှ စုံစမ်းသိရှိရသည်။
Ref : 7days Daily
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ