ကိုယ်ပိုင်အိမ်ရာကောင်းကောင်းတစ်လုံးကို အချိန်တိုတွင်း ရရှိပိုင်ဆိုင်နိုင်စေဖို့ Down payment သက်သက်သာသာနဲ့ စိတ်ကူးထဲအိမ်တစ်လုံးကို ခုပဲ လက်ညိုးထိုး ဝယ်ယူနိုင်ပြီရှင့် လိုချင်နေတဲ့အိမ်​လေးကို ဘယ်မှာမှမရနိုင်မယ့် ကနဦးပေးသွင်းငွေ ၂၅% (ယခင် ၃၀%) ကို ပေးချေလိုက်ရုံနဲ့ နှစ်ရှည်အရစ်ကျ ၂၅ (ယခင် ၁၅နှစ်) နှစ်အထိ သတ်မှတ်ထားတဲ့ AYA home loan နဲ့ ချိတ်ဆက်ကာ ဝယ်ယူနိုင်ပြီဟု သိရသည်။


အိမ်ရာချေးငွေ လျှောက်ထားပြီး အနာဂတ်အတွက် အိမ်လေးတစ်လုံး ဝယ်ယူချင်‌တယ် Down payment များလို့ တွေဝေနေကြတဲ့ မိတ်ဆွေတို့ အတွက် လက်လှမ်းမီတဲ့ အထူးအစီအစဉ်ကြီးပဲဖြစ်ပါတယ်။


  - အသက်သာဆုံး ကနဦးပေးသွင်းငွေ အနည်းဆုံး ၂၅%


- အဆင်အပြေဆုံး အေးဆေးပေးချေနိုင်တဲ့ ၂၅ နှစ်အထိ နှစ်ရှည် ပေးချေနိုင်


 - အသက်သာဆုံး အတိုးနှုန်း (၁၀%)


အိမ်ရာနှင့် အဆောက်အအုံဖွံ့ဖြိုးရေးဘဏ် (CHID BANK) ၌ အတိုးနှုန်း ၁၀ရာခိုင်နှုန်းထိ လျှော့ချပေးလျက်ရှိ


ဆက်လက်ပြီး အိမ်ရာချေးငွေကို ဘယ်သူတွေလျှောက်ထားနိုင်လဲ? Home loan လျှောက်ဖို့ လစာဝင်ငွေ အနည်းဆုံး ဘယ်လောက်ရှိရမလဲ? Home loan လျှောက်ရင် ဘယ်လောက်ကြာမလဲ စတဲ့ မေးလေ့မေးထရှိတာလေးတွေကို ဗဟုသုတရစေရန် ပြောပြပေးလိုက်ပါသည်။


၁။ အသက် ၂၀ နှင့် ၅၀ နှစ်ကြား လစဥ်ဝင်ငွေရှိတဲ့ မြန်မာနိုင်ငံသားတိုင်း လျှောက်ထားနိုင်တယ်။


၂။ လူကြီးမင်းဝယ်ယူမယ် တိုက်ခန်းရဲ့ တန်ဖိုးပေါ်မူတည်ပြီး လူကြီးမင်းရဲ့ လစာဝင်ငွေပမာဏကို ဘဏ်နဲ့ ချိတ်ဆက်ဆွေးနွေးနိုင်တယ်။


၃။ အိမ်ထောင်စုစာရင်းတူတဲ့ မိသားစုဝင်နှစ်ဦးအတူတူ လျှောက်လို့ ရပါတယ်။


၄။ လျှောက်ထားသူက စာရွက်စာတမ်း အပြည့်အစုံ ကိုဘဏ်သို့တင်ပြီးလျှင် ဘဏ်ရဲ့သက်မှတ်ချက်များဖြင့် ကိုက်ညီလျှင် ခွင့်ပြုချက်ရမှာ ဖြစ်ပါတယ်။


တန်ဖိုးနည်းအိမ်ရာ ဝယ်ယူတော့မယ်ဆိုရင် ဘာတွေ လိုအပ်လဲ


Home loan လျှောက်ထားလိုပါက သက်ဆိုင်ရာ ဘဏ်တွေ ရဲ့ Home Loan Center နှင့် နီးစပ်ရာ ဘဏ် တွေမှာ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပြီး လိုအပ်တဲ့ စာရွက်စာတန်းတွေနှင့်တကွ လျှောက်ထားနိုင်ပါသည်။ ထို့အပြင် ထောက်ခံသူတစ်ယောက်လိုပြီး ထောက်ခံသူရဲ့ မှတ်ပုံတင်၊ ဝင်ငွေအထောက်အထား (လစာဝင်ငွေဖြတ်ပိုင်း) စတာတွေလိုအပ်ပါမည်။


ဖတ်ရှုမှုအများအဆုံး အိမ်ခြံမြေဗဟုသုတများ


ကိုယ်ပိုင်အိမ် အရစ်ကျဝယ်ယူလိုသူများ အိမ်ရာချေးငွေ ဘယ်လိုလျှောက်မလဲ


တိုက်ခန်းကို ဘဏ်နှင့်ဆက်သွယ်၍ အရစ်ကျဝယ်မည်ဆိုလျှင်


Posted By : Sint Sint (ShweProperty.com)