By The Voice Myanmar, Shweproperty.com
Updated at 5 August 2019
ရန်ကုန်တိုင်းအတွင်းရှိ ကျူးကျော်များအတွက် ကျပ်သိန်း ၃၀ တန်တိုက်ခန်းများကို ဆယ်ဦးတစ်ဖွဲ့ ဝိုင်းကြီးချုပ်စနစ်ဖြင့် ရောင်းချပေးရန်စီစဉ်နေကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကပြောသည်။
မြို့နယ် ၆ ခုတွင် ဆောက်လုပ်မည့် ယင်းစီမံကိန်းနှင့်ပတ်သက်၍ ဩဂုတ်လ ၃ ရက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင်ကျင်းပသည့် တိုင်းအစိုးရနှင့် သတင်းမီးဒီယာများတွေ့ဆုံစဉ် ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
အဆိုပါ တန်ဖိုးနည်းတိုက်ခန်းကို အစိုးရမြေပေါ်တွင် မြေတန်ဖိုးထည့်တွက်ခြင်းမရှိဘဲ ရောင်းချပေးမည်ဖြစ်ပြီး ကျူးကျော်အမည်ခံကာ စီးပွားရှာနေများကို ရောင်းချပေးမည်မဟုတ်ကြောင်း ၎င်းကဆက်လက်ပြောသည်။
ထို့အပြင် အလုပ်နှင့်ဝင်ငွေရှိသည့် ကျူးကျော်များ၊ အစိုးရဝန်ထမ်းနှင့် ကုမ္ပဏီဝန်ထမ်းများကိုလည်း ၁၅ နှစ်အရစ်ကျစနစ်အဖြင့် တန်ဖိုးနည်းအိမ်ရာများ ရောင်းချပေးမည်ဖြစ်ကြောင်း ဝန်ကြီးချူပ် ဦးဖြိုးမင်းသိန်းက ဆိုသည်။
အဆိုပါတန်ဖိုးနည်းအိမ်ရာများကို လေးထပ်မှ ငါးထပ်အထိ အထပ်မြင့် တည်ဆောက်မည်ဖြစ်ပြီး မြေတန်ဖိုးတည့်သွင်းတွက်ခြင်းမရှိဘဲ အိမ်ခန်းတန်ဖိုးကိုသာ တွက်ချက်သတ်မှတ်ရောင်းချပေးမည်ဖြစ်ကာ ပျိုမေ့အိမ်လူမှုဖွံ့ဖြိုးတိုးတက်ရေးအသင်းနှင့် ပူးပေါင်း ဆောက်လုပ်သွားမည်ဖြစ်ကြောင်း ယင်းအသင်းထံမှသိရသည်။
စီမံကိန်း ဖော်ဆောင်မည့် မြို့နယ်များမှာ လှိုင်သာယာ၊ ရွှေပြည်သာ၊ ဒဂုံတောင်၊ ဒဂုံမြောက်၊ ဒဂုံအရှေ့နှင့် ဒဂုံဆိပ်ကမ်းမြို့နယ်တို့ဖြစ်ပြီး တစ်မြို့နယ်လျှင် အိမ်ရာအခန်း တစ်သောင်းနှုန်းစီလျာထားပြီး မြို့နယ်အားလုံးတွင် တပြိုင်နက်တည်းဖော်ဆောင်မည်ဟု ပျိုမေ့အိမ်လူမှုဖွံ့ဖြိုးတိုးတက်ရေးအသင်းကဆိုသည်။
Ref : The Voice Myanmar
Photo Credit : Buildersguide
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ