By 7daydaily, Shweproperty.com
Updated at 27 July 2015
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မုံရွာ၊ စစ်ကိုင်း၊ ရွှေဘိုမြို့များတွင် အခြေခံလူတန်းစားများအတွက် တစ်လလျှင်ကျပ်သုံးသောင်းဖြင့် အရစ်ကျ ရောင်းချမည့် အိမ်ရာစီမံကိန်းကို ၂ နှစ်အတွင်း အကောင် အထည်ဖော်မည် ဖြစ်ကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့က တိုင်းဒေသကြီး လွှတ်တော်သို့ တင်ပြသည်။
စစ်ကိုင်းတိုင်းဒေသကြီးအ တွင်း အခြေခံလူတန်းစားတို့အ တွက် အိမ်ရာစီမံကိန်းအကောင် ထည်ဖော်ဆောင်ရွက်လိုကြောင်း The Infrastructure of Myan-mar က အဆိုပြုတင်ပြချက်ကို စစ်ကိုင်းတိုင်းဒေသကြီး အစိုးရ အဖွဲ့က စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်သို့ ဇူလိုင် ၂၄ ရက် တင်ပြခဲ့ခြင်းဖြစ်သည်။
‘‘စစ်ကိုင်းတိုင်းဒေသကြီးအ တွင်း အခြေခံလူတန်းစားတို့အ တွက် အိမ်ရာစီမံကိန်းအကောင် အထည်ဖော်ဆောင်ရွက်ခြင်းဖြင့် ဒေသခံပြည်သူလူထု၏အလုပ်အ ကိုင်နှင့် အခွင့်အလမ်းသစ်များ ပေါ်ပေါက်လာစေရေးနှင့် မိသား စုတိုင်း အိမ်ရှိစေရမည်ဟူသော ကောင်းမွန်သော ရည်ရွယ်ချက် အကောင်အထည်ဖော်ဆောင် ရွက်နိုင်မှာဖြစ်ပါတယ်။ မုံရွာ၊ ရွှေ ဘိုနဲ့စစ်ကိုင်းမြို့များမှာ မြေဧရိ ယာ ၂၀ ဧကပေါ်တွင် အိမ်ရာစီမံ ကိန်းဆောင်ရွက်မယ့် စီမံချက် အား ဇူလိုင် ၁၆ ရက်တွင် ကျင်းပ သော စစ်ကိုင်းတိုင်းဒေသကြီးအ စိုးရ အဖွဲ့အစည်းအဝေးက သ ဘောတူခွင့်ပြုပြီးဖြစ်ပါတယ်’’ဟု တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် သစ်တော၊ သတ္တု၊ စွမ်းအင်ဝန် ကြီး ဦးသန်းထိုက်က တိုင်းဒေသ ကြီးလွှတ်တော်သို့ တင်ပြခဲ့ခြင်း ဖြစ်သည်။
အိမ်ရာစီမံကိန်းဆောင်ရွက် နိုင်ရန် မြေအကျယ်အဝန်းဧက ၂၀ လိုအပ်ပြီး ရှစ်ခန်းတွဲ ငါးထပ် အဆောက်အအုံ ၈၀ ကို အောက် ထပ်တွင် ကားပါကင် ထည့်သွင်း တည်ဆောက်ရန် စီစဉ်ထား သည်။
အိမ်ရာစီမံကိန်းတွင် တိုက် ခန်းပေါင်း ၂,၅၆၀ ဆောက် လုပ်ပြီးစီးပါက အိမ်ခန်းတစ်ခန်း လျှင် ကျပ် ၁၀၈ သိန်းဖြင့် ရောင်းချပါက ကျပ် ၂၇,၆၄၈ သန်းရရှိ မည်ဖြစ်သည်။
တိုက်ခန်းများ ရောင်းချရာ တွင် တိုက်ခန်းစုစုပေါင်း၏ ၆၀ ရာခိုင်နှုန်းဖြစ်သော ၁,၅၃၆ ခန်း ကို တစ်လလျှင် ကျပ် ၃၀,၀၀၀ နှုန်းဖြင့် နှစ် ၃၀ ပေးချေစနစ်ဖြင့် ရောင်းချပေးရန် စီစဉ်ထားပြီး ကျပ် ၄၀ ရာခိုင်နှုန်း ဖြစ်သည့် ၁,၀၂၄ ခန်းကို အခြားနည်းလမ်း ဖြင့် ရောင်းချသွားရန် စီစဉ်ထား ကြောင်း သိရသည်။
‘‘အဓိကက ဒေသခံပြည်သူနဲ့ နိုင်ငံ့ဝန်ထမ်းတွေကို ဦးစားပေး ရောင်းမယ်လို့ သိရတယ်။ နိုင်ငံ ရေးစိစစ်ရေးကတ်၊ အလုပ်သမား ကတ်၊ လူမှုဖူလုံရေးကတ်တစ်ခုခု နဲ့ နှစ်ရှည်ငွေသွင်းတဲ့ပုံစံနဲ့ရောင်း မယ်။ တကယ်လို့ အမည်ပေါက် ဝယ်ထားတဲ့အခန်းကို လွဲှဲပြောင်း ရောင်းချမယ်ဆိုရင် ငွေအကျေ ပေးသွင်းရမယ်လို့ပြောတယ်’’ဟု စစ်ကိုင်းတိုင်းဒေသကြီး လွှတ် တော် ကိုယ်စားလှယ် တစ်ဦးက ပြောသည်။
Ref : 7daydaily
Posted By : Wai Phyoe Aung
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ