By Yangon Media Group, Shweproperty.com
Updated at 14 October 2016
အစိုးရသစ်လက်ထက် အကောင်အထည် ဖော်ဆောင်လျက်ရှိသည့် ကျပ်သုံး သောင်းတန် အငှားအိမ်ရာများကို ငါးနှစ်စာချုပ်ဖြင့် နေထိုင်ခွင့်ပြု သွားမည်ဖြစ်ကြောင်း သိရသည်။ အစိုးရသစ်လက်ထက် ပြည်နယ် နှင့် တိုင်းဒေသကြီး အသီးသီးမှ နိုင်ငံပိုင်အငှားအိမ်ရာများကို လုပ်ထုံးလုပ်နည်း အသစ်အရ ငါးနှစ်သာ နေထိုင်ခွင့်ပြုသွားမည်ဖြစ်သော်လည်း ယခင်အစိုးရလက်ထက် မြို့ပြနှင့်အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနပိုင် ကြီး ကြပ်ကွပ် ကဲမှုလက်အောက်ရှိ အငှားအိမ်ရာများတွင် ငှားရမ်းနေထိုင်သူများမှာ ယင်းကန့်သတ်ချက်တွင် မပါရှိဟု မြို့ပြနှင့်အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနမှသိရသည်။
"အခုအစိုးရသစ်လက်ထက်ချထားပေးမယ့် အိမ်ရာတွေကိုငါးနှစ်ပဲ နေထိုင်ခွင့်ရမယ်။ ငါးနှစ်ပြီးရင် ထပ် နေထိုင်ခွင့်လျှောက်ရမှာပေါ့။ အဲဒီအိမ်ရာတွေကို တစ်လကျပ်သုံးသောင်းလို့လျာထားပါတယ်။ ဧရာဝတီတိုင်း ကတော့ ငါးနှစ်ဆိုတာကို ကြေညာပြီးပြီ။ ရန်ကုန်တိုင်းကတော့ ဝန်ကြီးချုပ်ဆီ တင်ထားတယ်။ ဒီလိုလုပ်ဖို့ဝန် ကြီးချုပ်ရဲ့ခွင့်ပြုမိန့်လိုတယ်။ ဝန်ကြီးချုပ်ဆီက ခွင့်ပြုမိန့်တော့ပြန်မလာ သေးဘူး " ဟု မြို့ပြနှင့်အိုးအိမ် ဖွံ့ဖြိုး ရေး ဦးစီးဌာနမှ အဆင့်မြင့်အရာရှိတစ်ဦးက အောက်တိုဘာ ၁၁ ရက်တွင် ပြောသည်။ အခြားနိုင်ငံများတွင်လည်း နိုင်ငံပိုင်အငှားအိမ်ရာများကို ငါးနှစ်သက်တမ်းအထိသာ အများဆုံးငှားရမ်းနေထိုင်ခွင့်ပြုထားကြောင်း၊ မြန်မာနိုင်ငံတွင် အငှားအိမ်ရာငှားရမ်းနေသူများမှာ ဆွေစဉ်မျိုးဆက် မိမိကိုယ်ပိုင်ကဲ့ သို့ နေထိုင်လျက်ရှိနေသောကြောင့် ယခုကဲ့သို့ လုပ်ထုံးလုပ်နည်း အသစ်ဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း မြို့ပြနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနမှသိရသည်။ အစိုးရသစ်အနေဖြင့် အငှားအိမ်ရာများငှားရမ်းနိုင်ရေးအတွက် ရန်ကုန်၊ ပဲခူး၊ ဧရာဝတီတိုင်း၊ နေပြည်တော်နှင့် ပုသိမ်တို့တွင် အငှားအိမ်ရာများ ဖော် ဆောင်လျက်ရှိကြောင်း သိရသည်။
Ref & Photo Credit : Yangon Medial Group
Posted By : Myat Minn
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ