By အောင်ကိုဦး, Shweproperty.com
Updated at 19 January 2014
မန္တလေးမြို့၏ အိမ်ခြံမြေဈေးနှုန်းကာ လတန်ဘိုးသတ်မှတ်နိုင်ရေး လွှတ်တော်သို့ တင်ပြပေးမည်ဖြစ်ကြောင်း ပြည်ထောင်စု အစိုးရအဖွဲ့ စီးပွားရေးရာကော်မတီ၊ အခွန် အကောက်ဆိုင်ရာဆပ်ကော်မတီဥက္ကဋ္ဌ၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုတိယ ဝန်ကြီးဒေါက်တာလင်းအောင်က ဇန်နဝါ ရီ၁၈ရက်က ပြည်တွင်းအခွန်များ ဦးစီး ဌာန အစည်းအဝေးခန်းမတွင် ပြောကြား သွားခဲ့သည်။
ဒုတိယဝန်ကြီးက မန္တလေးမြို့မှ အိမ်ခြံမြေအကျိုးဆောင်များ၊ တရားလွှတ်တော် ရှေ့နေများနှင့် တွေ့ဆုံရာတွင် အိမ်ခြံမြေ ဈေးနှုန်းများကို ကာလတန်ဖိုး သတ်မှတ်ရန် လွှတ်တော်သို့တင်ပြပေးမည်ဖြစ်ပြီး အခွန် တံဆိပ်ခေါင်းများကို ဘဏ်များတွင် တိုးမြှင့် ရောင်းချပေးဖြစ်ကြောင်းနှင့် အိမ်ခြံမြေ အရောင်းအဝယ်တွင် ကြုံတွေ့နေရသည့် အခွန်ပိုင်းဆိုင်ရာ အခက်အခဲများကို ဖြေ ရှင်းရန် နည်းလမ်းများ ရှာဖွေသွားမည်ဖြစ် ကြောင်းပြောကြားခဲ့သည်ဟုဆိုသည်။
တက်ရောက်လာသူများက မြေတန်ဖိုး သတ်မှတ်ချက်သည် လက်ရှိပေါက်ဈေး ထက်ပိုနေသဖြင့် ပြန်လည်စဉ်းစားပေးစေ လိုကြောင်း၊ ဝင်ငွေခွန်နှုန်းထားနှင့် တံဆိပ် ခေါင်းခွန်နှုန်းထားများ လျှော့ပေါ့ပေးရန် နှင့်လွယ်ကူစွာ ဝယ်ယူနိုင်ရန် ဆောင်ရွက် ပေးစေလိုကြောင်း၊ ဖြစ်နိုင်ပါက ကြိုတင် ခွန်အဖြစ် လက်ခံပေးလျင်ကျန်ရှိနေသည့် ဘတ်ဂျက်ကာလရက်ပေါင်း ၉ဝ တွင် အခွန်ငွေပြည့်မီစွာ ရရှိလာမည်ဖြစ်ကြောင်း တို့ကို တင်ပြဆွေးနွေးခဲ့ကြသည်။
မန္တလေးမြို့တွင် အိမ်ခြံမြေအရောင်း အဝယ်စာချုပ်စာတမ်းပိုင်ဆိုင်မှုအတွက် အခွန် ၃၇ရာခိုင်နှုန်းကောက်ခံသည်နှင့် အိမ်ခြံမြေဈေးနှုန်းများကို နယ်မြေဒေသအ လိုက် စံနှုန်းသတ်မှတ်သည်ခဲ့ခြင်း ကြောင့် အရောင်းအဝယ်ရပ်တန့်သည်အထိ ဖြစ် ပေါ်နေခြင်းဖြစ်သည်။
အိမ်ခြံမြေလုပ်ငန်းရှင်များ၊ တရား လွှတ်တော်ရှေ့နေများနှင့် ဆွေးနွေးပြီး မွန်း လွဲပိုင်းတွင် မန္တလေးမြို့တော်စည်ပင်သာ ယာရေးကော်မတီအခွန်ဌာန၊ မြေယာ စီမံ ခန့်ခွဲမှုဌာန၊ ရေနှင့်သန့်ရှင်းရေးဌာနတို့မှ ဌာနမှူးများ၊ ပြည်တွင်းအခွန်များ ဦးစီး ဌာန၏ မန္တလေးတိုင်းဒေသကြီးအတွင်းမှ မြို့နယ်အခွန်ဦးစီးဌာနမှူးများနှင့် တင်ပြ လာသည့်ကိစ္စရပ်များအပေါ် ညှိနှိုင်းဆွေး နွေးခဲ့ကြကြောင်း သိရသည်။
Ref : Mizzima
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ