By 7 Day Daily, Shweproperty.com
Updated at 12 January 2018
လုပ်သားအခြေပြု ထုတ်ကုန် လုပ်ငန်း၊ အစားအသောက်ပြင် ဆင်ထုတ်လုပ်သည့် လုပ်ငန်းအပါ အဝင် စီးပွားရေးကဏ္ဍလေးခု သည် ၂၀၁၈ တွင် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုဝင်ရောက်မှုအလားအလာ အကောင်းဆုံးကဏ္ဍဖြစ်ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မ ရှင်အတွင်းရေးမှူး ဦးအောင်နိုင် ဦးက ပြောသည်။
ထုတ်ကုန်လုပ်ငန်းများ၊ အ စားအသောက်ပြင်ဆင်ထုတ်လုပ် ခြင်းလုပ်ငန်း၊ အိမ်ခြံမြေလုပ်ငန်း များနှင့် ဆက်သွယ်ရေးနည်းပညာ လုပ်ငန်းကဏ္ဍများက နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အလားအလာ ကောင်းသည်ဟု ၎င်းက ပြော ကြားသည်။
လုပ်သားအခြေပြုထုတ်ကုန် လုပ်ငန်းများလည်း လက်ရှိတွင် ရင်းနှီးမြှုပ်နှံမှုဝင်ရောက်ရန် အား ကောင်းသကဲ့သို့ ၂၀၁၈ တွင် လည်း အလားအလာကောင်း သည့် ကဏ္ဍတစ်ခု ဖြစ်သည်ဟုဦးအောင်နိုင်ဦးက ပြောကြားသည်။
မြန်မာနိုင်ငံရှိ နိုင်ငံခြားရင်း နှီးမြှုပ်နှံမှုစုစုပေါင်းတွင် ထုတ်ကုန် ကဏ္ဍသည် ၁၂ ဒသမ ၄၂ ရာခိုင် နှုန်း၊ ကန်ဒေါ်လာ ၉ ဒသမ ၂ ဘီ လီယံကျော်ရှိကြောင်း ရင်းနှီးမြှုပ်နှံ မှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီး ဌာန နှစ်ကုန်စာရင်းများတွင်ဖော်ပြ ထားသည်။
၂၀၁၇ ဒီဇင်ဘာအတွင်း အ တည်ပြုခဲ့သည့် စုပေါင်းပိုင်အ ဆောက်အအုံ(ကွန်ဒို)နည်းဥပဒေ ကြောင့် ၂၀၁၈ တွင် အေးစက်နေသည့် အိမ်ခြံမြေဈေးကွက်ပြန်လည်လှုပ်ရှားလာနိုင်ကြောင်း ဦးအောင်နိုင်ဦးက ဆိုသည်။
အိမ်ခြံမြေ အရောင်းအဝယ် ပြန်လည်လှုပ်ရှားလာပါက ပြည် ပရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက် လာနိုင်သည်ဟုဆိုသည်။
အိမ်ခြံမြေကဏ္ဍတွင် နိုင်ငံ ခြားရင်းနှီးမြှုပ်နှံမှုသည် ၂၀၁၇ နို ဝင်ဘာအထိ ၄ ဒသမ ၈ ဘီလီယံ ကျော်ရှိပြီး စုစုပေါင်း နိုင်ငံခြားရင်း နှီးမြှုပ်နှံမှု၏ ၆ ဒသမ ၄ ရာခိုင်နှုန်း ကျော်ရှိသည်။
ကွန်ဒိုနည်းဥပဒေ ပြဋ္ဌာန်းခဲ့ ခြင်းကြောင့် ၂၀၁၈ တွင် ကွန်ဒို တိုက်ခန်းဈေးကွက် ပိုမိုလှုပ်ရှား လာပြီး အိမ်ခြံမြေဈေးကွက်ကိုပါ အရောင်းအဝယ် ပြန်လည်အ သက်ဝင်လာနိုင်ကြောင်း မဏ္ဍိုင် အိမ်ခြံမြေအကျိုးဆောင်ကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ဦးသန်းဦး က ပြောသည်။
ထို့အပြင် ၂၀၁၈ သည် အာ ဆီယံစီးပွားရေးအသိုင်းအဝိုင်းအ တွင်း အပြည့်အ၀၀င်ရောက်ရခြင်း ကြောင့် ရင်းနှီးမြှုပ်နှံမှုတွင် ငွေ ကြေးအရင်းအနှီးများစွာ စီးဝင် လာမည့် အခွင့်အလမ်းများရှိနေ ကြောင်း ဦးအောင်နိုင်ဦးက ပြော သည်။
မြန်မာနိုင်ငံတွင် အများဆုံး လာရောက်ရင်းနှီးမြှုပ်နှံမည့် နိုင်ငံ များသည် စင်ကာပူ၊ ဟောင် ကောင်၊ တောင်ကိုရီးယား၊ ဂျပန် နှင့် တရုတ်နိုင်ငံတို့ ဖြစ်သည်ဟု ခန့်မှန်းကြောင်း ၎င်းကပြောကြားသည်။
Ref & Photo Credit : 7 Day Daily
Posted By : Ra Wai (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ