By Chan Myae, Shweproperty.com
Updated at 7 June 2022
ခုနောက်ပိုင်း အိမ်တွင်းမှာ အပင်စိုက်တာ ခေတ်စားလာကြပါတယ်။ တချို့ကလည်း အပင်တွေက ညဘက်ဆို ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်တယ်လို့ သိထားတာဆိုတော့ လူအတွက် အန္တရာယ်မရှိဘူးလားဆိုပြီး စိုးရိမ်ကြတာမျိုး တွေ့ရပါတယ်။ ဒါကြောင့် အိမ်တွင်းအပင်စိုက်ပျိုးခြင်းရဲ့ ကျန်းမာရေး အကျိုးကျေးဇူးလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ ၁။ ဓာတ်မတည့်ခြင်းတွေကို သက်သာစေပါတယ် အိမ်ထဲမှာ အပင်လေးတွေ စိုက်ပျိုးထားခြင်းက ဖုန်နဲ့ မှိုတက်တာတွေကို လျော့နည်းစေတယ်လို့ သုတေသနတွေက ဆိုပါတယ်။ နောက်ပြီး အပင်တွေနဲ့ အရွက်တွေက ဓာတ်မတည့်မှုတွေ ဖြစ်စေတဲ့ အမှုန်တွေ၊ ပန်းဝတ်မှုန်တွေ နဲ့ အသက်ရှူလမ်းကြောင်းထဲ ဝင်နိုင်တဲ့ အမှုန်တွေကို တားဆီးပေးတာကြောင့် ဓာတ်မတည့်မှုတွေလည်း လျော့နည်းသွားစေမှာပါ။ ၂။ အသက်ရှူ ဝစေပါတယ် ကျွန်တော်တို့ သိကြတဲ့အတိုင်း အပင်တွေက ကာဘွန်ဒိုင်အောက်ဆိုက်ကို ရှူပြီး အောက်ဆီဂျင်ကို ထုတ်ပေးပါတယ်။ ကျွန်တော်တို့တွေက အောက်ဆီဂျင်ကို ရှူပြီး ကာဘွန်ဒိုင်အောက်ဆိုက်ကို ထုတ်ပေးတာဆိုတော့ ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီပေါ့။ အိမ်တွင်းက အောက်ဆီဂျင်ပမာဏကို အပင်တွေက ပိုတိုးစေတာဆိုတော့ ကျွန်တော်တို့ အသက်ရှူဝတာလည်း မဆန်းဘူးလို့ ပြောရမှာပါပဲ။ ဒီမှာ တစ်ခု ပြောစရာရှိတာက တချို့လူတွေ သိထားသလို နေရောင်မရှိတော့တဲ့ ညအချိန်ရောက်ရင် အပင်တွေဟာ အောက်ဆီဂျင်ကို စုပ်ယူပြီး ကာဘွန်ဒိုင်အောက်ဆိုက်ကို ပြန်ထုတ်ပါတယ်။ ဒါပေမဲ့ တချို့ အပင်တွေ ဥပမာ သစ်ခွနဲ့ ကန္တာရဆူးပင် အနွယ်ဝင်တွေကတော့ ကာဘွန်ဒိုင်အောက်ဆိုက်တွေကို စုပ်ယူပြီး အောက်ဆီဂျင်ကို ပြန်ထုတ်ပေးပါတယ်။ ဆိုတော့ အိပ်ခန်းထဲ ဒီအပင်လေးတွေ ထည့်ထားရင်တော့ ညဘက်မှာ အောက်ဆီဂျင်ကို လုံလုံလောက်လောက် ရပြီပေါ့။ ၃။ သဘာဝရဲ့ ဆေးပင်တွေ ဖြစ်ပါတယ် ဥပမာ ရှားစောင်းလက်ပပ်လို အပင်မျိုးဟာ “ကန္တာရရဲ့ ကြာပန်း”၊ “မသေမျိုးတို့ရဲ့ သစ်ပင်” လို့ နာမည်ကျော်တဲ့အတိုင်း ဆေးပင်အဖြစ်နဲ့ သုံးလို့ ရတာမျိုးတွေပါ။ ဒီ ရှားစောင်းပင်တွေက လေထုကို သန့်စင်စေသလို ရှားစောင်းခက်တွေရဲ့ အတွင်းက ဂျယ်လီက အပူလောင်တာ၊ အရေပြား အလှအပ၊ ထိခိုက်ရှနာ၊ နေလောင်တာ အစရှိသဖြင့် နေရာစုံမှာ သုံးလို့ ရပါတယ်။ ရှားစောင်းခက်ကို ပြုတ်ပြီး ထွက်လာတဲ့ အငွေ့ကို ရှူခြင်းကလည်း ပန်းနာရင်ကျပ်ကို သက်သာစေတယ်လို့ ဆိုကြပါတယ်။ ၄။ လေထုကို သန့်စင်စေပါတယ် ကော်ဇောတွေ၊ ပန်းချီကားတွေ၊ ဖုန်စုပ်စက်တွေ၊ ပရင်တာက မင်တွေနဲ့ ဆေးတွေ အပါအဝင် အိမ်တွင်းက ပစ္စည်းတော်တော်များများဟာ လေထုညစ်ညမ်းစေတဲ့ ကွန်ပေါင်းတွေ ထုတ်ပေးလေ့ရှိပါတယ်။ သူတို့တွေက လေထဲမှာ စုနေပြီး မျက်လုံးနဲ့ အရေပြားကို ထိခိုက်စေသလို ပန်းနာရင်ကျပ်ကိုလည်း ပိုဆိုးစေပါတယ်။ အသက်ရှူကျပ်တာမျိုးလည်း ဖြစ်စေနိုင်ပါတယ်။ အိမ်တွင်းမှာ စိုက်ထားတဲ့ အပင်လေးတွေက အဲဒီ ဒြပ်ပေါင်းတွေကို စုပ်ယူပေးနိုင်ပြီး English Ivy, asparagus fern နဲ့ dragon tree တွေလို လေသန့်ပင် အမျိုးအစားတွေက လေထုကို သန့်စင်ပေးနိုင်ပါတယ်။ ၅။ အလုပ်ကို ပိုပြီး အာရုံစိုက်မိစေပါတယ် အပင်တွေ ရှိတဲ့ နေရာတွေမှာ အလုပ်လုပ်ရတဲ့သူတွေ၊ စာလုပ်ရသူတွေဟာ ပိုထူးချွန် အောင်မြင်ကြတယ်လို့ သုတေသနတွေက ဆိုပါတယ်။ သဘာဝနဲ့ နီးစပ်ခြင်း၊ အပင်တွေနဲ့ ဝန်းရံထားခံရခြင်းတွေက အာရုံစူးစိုက်မှုနဲ့ မှတ်ဉာဏ်ကို ပိုကောင်းမွန်စေပြီး အလုပ်ကို မြန်မြန်ဆန်ဆန် ကောင်းကောင်းမွန်မွန် ပြီးမြောက်စေပါတယ်။ ဖတ်ရှုမှုအများအဆုံး အိမ်ခြံမြေဗဟုသုတများ ဆေးသုတ်ရာတွင်မှားလေ့မှားထရှိတ့အချက်(7)ချက် အိမ်မှာ ဒီပင်တွေစိုက်ထားမယ်ဆိုရင် ကံကောင်းစေသတဲ့ အိမ်တွင်းသစ်ပင်လေးတွေနဲ့ ကျန်းမာရေး အိမ်ဥယျာဉ်ခြံရှိ အပင်တွေက ဘယ်လိုကောင်းကျိုးတွေကို ပေးစွမ်းနိုင်သလဲ Credit By :hellosayarwon Posted By : Chan Myae (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ