By Sint Sint, Shweproperty.com
Updated at 16 June 2021
ရှာလကာရည်ဆိုတာ ချက်ပြုတ်ရုံတင်သာမက အိမ်တွင်းမှာလည်း အသုံးတည့်တဲ့အရာဆိုရင် ယုံနိုင်ပါ့မလား။ အိမ်ထဲမှာဖြစ်ပေါ်နေတဲ့ အခက်အခဲလေးတွေကို ရှာလကာရည်နဲ့ ဖြေရှင်းလို့ရတာတွေ ရှိပါတယ်။ ကိုယ့်အိမ်မှာ ဒါတွေဖြစ်နေရင် ဒီနည်းတွေနဲ့ ကိုယ်တိုင်ပဲ လက်တွေ့ဖြေရှင်းလိုက်ပါ။ ၁။ နံရံကအစွန်း စတစ်ကာ၊ တိပ်တို့ကို နံရံမှာကပ်ထားတာ ကြာလာရင် အရောင်စွဲပြီး ကျန်နေခဲ့တတ်ပါတယ်။ ရှာလကာရည်ကို စပရေးဘူးထဲထည့်ပြီး စွန်းနေတဲ့နံရံကို ဖြန်းလိုက်ပါ။ စက္ကန့်အနည်းငယ်လောက်ဆိုရင် အဝတ်စနဲ့ပွတ်တိုက်လိုက်တာနဲ့ အစွန်းတွေပျက်သွားပါလိမ့်မယ်။ ၂။ အနံ့စွဲနေရင် အမှိုက်ပုံးကို ပြောင်စင်အောင်ဆေးပြီးတာတောင်မှ အနံ့တွေစွဲနေပါသလား။ ရှာလကာရည်စိမ့်ဝင်အောင် လောင်းထားတဲ့ ပေါင်မုန့်တစ်ချပ်ကို ပုံးထဲမှာ တစ်ညလောက်ထည့်ထားလိုက်ပါ။ မနက်ဆို အနံ့တွေမကျန်တော့ပါဘူး။ တခြားနေရာတွေမှာလည်း အောက်သိုးသိုးအနံ့တွေဖြစ်နေရင် ဒီလိုနည်းနဲ့ပဲ ဖြေရှင်းလို့ရပါတယ်။ ၃။ ကြောင်တွေမလာအောင် အိမ်မှာ ကြောင်လေးတွေမွေးထားခြင်းရဲ့ ရလဒ်တစ်ခုကတော့ ပရိဘောဂပစ္စည်းတွေ ကုတ်ခြစ်ခံရတာပါပဲ။ ရှာလကာရည်ကို စပရေးဘူးနဲ့ထည့်ပြီး ကြောင်တွေကုတ်တတ်တဲ့နေရာတွေကို ဖြန်းထားလိုက်ပါ။ သူတို့က ရှာလကာရည်အနံ့ကိုမကြိုက်တော့ နောက်ဆို အဲ့ဒီအနားကို လာတော့မှာမဟုတ်ပါဘူး။ ၄။ ဖန်ထည်၊ မှန်ထည်တွေ ကြည့်မှန်၊ မျက်မှန်နဲ့ ဖန်ခွက်တွေက သုံးတာကြာရင် ကြည်လင်မှုမရှိတော့ဘူးလေ။ ဒီလိုဆိုရင် ရှာလကာရည်ကို ရေနဲ့ဆတူရောပြီး အဝတ်စလေးမှာဆွတ်ကာ ပွတ်တိုက်ပေးလို့ရပါတယ်။ ၅။ ဘေစင်ပိတ်တဲ့အခါ ပန်းကန်ဆေးတဲ့ဘေစင်နဲ့ ရေထုတ်ပိုက်တွေက အမှိုက်သရိုက်တွေနဲ့ ရေညှိတွေကြောင့် ပိတ်ဆို့နေရင်လည်း ရှာလကာရည်ကို သုံးလို့ရပါတယ်။ ရှာလကာရည်တစ်ခွက်၊ ဆိုဒါ ခွက်တစ်ဝက်ကို ဘေစင်ထဲလောင်းချလိုက်ပါ။ ရေနွေးထဲဆပ်ပြာမှုန့်ထည့်ပြီး ထပ်ပြီးလောင်းလိုက်ရင် ပိတ်ဆို့နေတာတွေ ရှင်းသွားပါလိမ့်မယ်။ လေ့လာမှတ်သားစရာ အိမ်ခြံမြေဆောင်းပါးများ အိမ်ကို လာဘ်ပိတ်စေတဲ့ ပစ္စည်းများ အညံ့တွေ ကင်းပြီး အကောင်းတွေ ဝင်လာအောင် သင့်အိမ်မှာ ဒီလို ပစ္စည်းတွေကို ဖယ်ရှားပါ နေအိမ်တွင်းမှာ မစိုက်သင့်တဲ့ နဂါးစက်ဂမုန်း အိမ်တွင်းအပင်လေးတွေရဲ့ ကောင်းကျိုးများ Credit : Timeayeyar Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ