By The Kumudra, Shweproperty.com
Updated at 7 August 2015
မြို.ရွာနှင့် အိုးအိမ်ဖွံ.ဖြိုးရေး ဦးစီးဌာနက တည်ဆောက်နေတဲ့ ၅၁လမ်းဆိုင်ရာ စီမံကိန်း အခန်းတွေကို အောက်တိုဘာလကုန်မှာ အခန်းသော့အပ်နှံမယ်လို. သိရပါတယ်။
‘ကျွန်တော်တို.ဘက် အခြမ်းမှာတော့ မူလနေထိုင်သူ ဦးရေ ၃၀လောက်နေထိုင်နေပါပြီ၊ ရောင်းမယ့် အခန်းဈေးတွေကတော့ ညှိနှိုင်းဆဲပါ’ လို. မြန်မာရွှေဥဒေါင်းမင်းနဲ. မြန်မာနဝရတ် မြေဆောက်လုပ်ရေး ဂရု(ပ်)ကုမ္ပဏီက ဥက္ကဌ ဦးနိုင်ဝင်းက ပြောပါတယ်။
သည်အိမ်ရာစီမံကိန်းမှာ အကြမ်းထည်လုပ်ငန်းတွေ ပြီးစီးပြီး အချောထည်လုပ်ငန်းတွေ လုပ်ကိုင်နေပြီ ဖြစ်ပါတယ်။
အိမ်ရာစီမံကိန်းမှာ အခန်းအရေအတွက် ၂၂၄ခန်းပါဝင်တယ်။ မူလအကျယ်က စတုုရန်းပေ ၄၀၀ ဖြစ်ပါတယ်။ အခုအခန်း ပြန်လည်အပ်နှံတဲ့ အခါမှာတော့ စတုုရန်းပေ ၆၀၀ အကျယ်ရှိတဲ့ အခန်းနှစ်ခန်းဖွဲ. ပေးထားတယ်လို. သိရပါတယ်။
‘တိုက်တစ်လုံးကို ကျပ်သိန်း ၃၀၀စီ ရန်ပုံငွေ ထည့်ပေးမယ်။ ရပ်မိရပ်ဖဖွဲ.မယ်၊ နောက်ပိုင်းမှာ ဓာတ်လှေကားပျက်တာတို.၊ ဆေးသုတ်တာတို.ကို ရန်ပုံငွေထဲကနေ သုံးလို.ရအောင်’ လို. ဦးနိုင်ဝင်းက ပြောပါတယ်။
Ref : The Modern
Posted By : Wai Phyoe Aung
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ