By The Standard Time Daily, Shweproperty.com
Updated at 7 May 2015
ရန်ကုန်မြို့လယ်ရှိ ရှေးဟောင်းကိုလိုနီခေတ် အဆောက်အအုံအား ကြယ်ငါးပွင့်အဆင့် ဟိုတယ်အဖြစ် ပြန်လည်ဆောက်လုပ်ရာတွင် ပြင်သစ်-မြန်မာ ဖက်စပ်လုပ်ငန်း Rangoon Excelsior Company Limited ကို ယူအိုဘီဘဏ်က ပထမဆုံးချေး ငွေထောက်ပံ့လိုက်ပြီ ဖြစ်ကြောင်း မေလ (၆) ရက်က ပြုလုပ်သည့် ယူအိုဘီဘဏ် သတင်းစာရှင်းလင်းပွဲမှ သိရသည်။
ဗဟိုဘဏ်မှခွင့်ပြုထားသည့် နိုင်ငံခြားဘဏ် (၉) ခုအနက် ယူအိုဘီဘဏ်က ပြည်တွင်းလုပ်ငန်းစုများကို ပထမဆုံး ငွေထုတ်ချေးလိုက်ခြင်း ဖြစ်ပြီး မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းကို အထောက်အကူဖြစ်စေမည့် အခြေခံအဆောက်အအုံများ တည်ဆောက်ရန် လိုအပ်ချက်ကို ဖြည့်ဆည်းပေးခြင်းဖြစ်ကြောင်း သိရသည်။
ကိုလိုနီခေတ်အဆောက်အအုံကို ဟိုတယ်အဖြစ်တည်ဆောက်ခြင်းမှာ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်နှင့် ရန်ကုန်မြို့တော်၏ သမိုင်းထဲမှ တစ်စိတ်တစ်ပိုင်း ထိမ်းသိမ်းစောင့်ရှောက်ထားမှုကို နိုင်ငံခြားသား ဧည့်သည်များ မြင်တွေခံစားနိုင်စေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ယင်းစီမံကိန်းကို တာဝန်ယူတည်ဆောက်မည့် ပြင်သစ်-မြန်မာဖက်စပ်ကုမ္ပဏီ ဖြစ်သည့် Rangoon Excelsior Company Limited မှ သိရသည်။
Ref : The Stanedard Time Daily (7-5-2015)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ