By SFJ Strategy First Journal, Shweproperty.com
Updated at 8 August 2017
၅ နှစ်အတွင်း မြို့ပေါင်း ၁၀၈ မြို့မှာ မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းတွေ ဆက်လက်ရေးဆွဲသွားမယ်လို့ ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက ထုတ်ပြန်ချက်အရ သိရပါတယ်။
၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှာ မြို့ပေါင်း ၂၄ မြို့၊ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်မှာ မြို့ပေါင်း ၂၃ မြို့၊ ၂၀၁၈-၁၉ ဘဏ္ဍာနှစ် မှာ မြို့ပေါင်း ၁၇ မြို့၊ ၂၀၁၉-၂၀ ဘဏ္ဍာနှစ်မှာ မြို့ပေါင်း ၂၂ မြို့နဲ့ ၂၀၂၀-၂၁ ဘဏ္ဍာနှစ်မှာ မြို့ပေါင်း ၂၂ မြို့ မှာမြို့ပြစီမံကိန်းတွေ ထပ်မံရေးဆွဲမှာဖြစ်ပါတယ်။
၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှာ ကယားပြည်နယ်အတွင်းရှိ ဒီမောဆိုး၊ဖရူးဆိုး၊ဖားဆောင်း၊ ကရင်ပြည်နယ်ရှိ ဘုရားသုံး ဆူ၊ မကွေးတိုင်းဒေသကြီးရှိ ဂန်ဂေါ၊ အောင်လံ၊တောင်တွင်းကြီး၊ ဧရာဝတီတိုင်းအတွင်းရှိ မော်လမြိုင်ကျွန်း၊ ဝါး ခယ်မ၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ကန့်ဘလူ၊ကသာ၊လဟယ်၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကျောက် ပန်းတောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကော့မှူး၊ ကွမ်းခြံကုန်း၊ဒလ၊ ရှမ်းပြည်နယ်တွင်းရှိနောင်ချို၊ သီပေါ နမ့်စန်၊ မွန်ပြည်နယ်အတွင်းရှိ ချောင်းဆုံ၊ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ သာယာဝတီ၊ ချင်းပြည်နယ်အတွင်းရှိ ဖ လမ်း၊ ဟားခါး၊ပလက်ဝမြို့တို့မှာ ရေးဆွဲမှာဖြစ်ပါတယ်။
အခု ၂၀၁၇-၁၈ ဘဏ္ဍာနှစ်မှာ ကချင်ပြည်နယ်အတွင်းရှိ ဝိုင်းမော်၊ရွှေကူ၊ မကွေးတိုင်းဒေသကြီးရှိ မင်းဘူး၊နတ်မောက်၊သရက်၊မြို့သစ်၊ ဧရာဝတီတိုင်းအတွင်းရှိ မြောင်းမြ၊လပွတ္တာ၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ဒီပဲယင်း ၊ ဘုတလင်၊ဟုမ္မလင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကျောက်တန်း၊တိုက်ကြီး၊ မွန်ပြည်နယ်အတွင်းရှိပေါင်၊ ရေး၊သံဖြူဇရပ်၊ကျိုက်မရော၊ဘီးလင်း၊ ရှမ်းပြည်နယ်အတွင်းရှိ ပင်လုံ၊ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ဝေါ၊ပေါင်းတည်၊ရွှေတောင်မြို့တို့မှာ ရေးဆွဲမှာဖြစ်ပါတယ်။
ထို့အတူ ၂၀၁၈-၁၉ ဘဏ္ဍာနှစ်မှာ ပဲခူးတိုင်းဒေသကြီးအတွင်း ရွှေကျင်မြို၊ မန္တလေးတိုင်းမှာ သာစည်၊ပျော်ဘွယ်၊ ရခိုင်မှာ ကျောင်တော်၊မင်းပြား၊မြေပုံ၊ စစ်ကိုင်းတိုင်းမှာ ယင်းမာယင်၊ကောလင်း၊မော်လိုက်၊ ဧရာဝတီတိုင်းမှာ အိမ်မဲ၊အင်္ဂပူ၊မြန်အောင်၊ ရှမ်းပြည်နယ်မှာ ကျောက်မဲ၊လွိုင်လင်၊ပင်းတယ၊ နေပြည်တော်ကောင်စီရှိ နေပြည်တော်၊ ချင်းပြည်နယ်တီးတိန်မြို့တို့မှာ ဆက်လက်ရေးဆွဲမှာဖြစ်ပါတယ်။
၂၀၁၉-၂၀ မှာလည်း စစ်ကိုင်း၊မကွေး၊မန္တလေး၊ဧရာဝတီ၊ကရင်ပြည်နယ်၊ရခိုင်၊ရှမ်း၊ပဲခူးရှိမြို့နယ် ၂၂ မြို့၊ ၂၀၂၀-၂၁ ဘဏ္ဍာနှစ်မှာလည်းဧရာဝတီ၊မန္တလေး၊မကွေး၊ပဲခူး၊ စစ်ကိုင်းနဲ့ရှမ်းပြည်နယ်တို့မှာ မြို့ပြစီမံကိန်း ၂၂ ခုထပ်မံ ရေးဆွဲမှာဖြစ်ပါတယ်။
ထိုကဲ့သို့မြို့ပြစီမံကိန်းတွေကို ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ JICA အကူအညီနဲ့ရေးဆွဲနေခြင်းဖြစ်ပြီး အကျိုးဆက်အနေနဲ့ အနာဂတ်စနစ်ကျတဲ့မြို့ရွာများဖြစ်ထွန်းရေး၊ မြို့ပြကြီးထားလာမှုနဲ့အ တူ လူမှုစီးပွားဘဝနဲ့ အလုပ်ကိုင်အခွင့်အလမ်းနဲ့ မြို့ပြဖြစ်ထွန်းမှုပြဿနာရပ်တွေကို ရှောင်းရှားနိုင်အောင် စီမံကိန်းချလုပ်ဆောင်နေခြင်းဖြစ်တယ်လို့လည်း သိရပါတယ်။
Ref & Photo Credit : SFJ Strategy First Journal
Posted By : Myat Minn
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ