By The Voice, Shweproperty.com
Updated at 7 September 2017
၂၀၁၈ ခုနှစ်အတွင်း အငြိမ်းစားယူ မည့်ဝန်ထမ်းများ အရစ်ကျစနစ်ဖြင့် ဝယ်ယူနိုင်ရန် နိုင်ငံ့ဝန်ထမ်းအိမ်ရာ စီမံကိန်းကို ခြောက်လအတွင်း အပြီးဆောက်မည်ဖြစ်ကြောင်း မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနထံမှ သိရသည်။
ဒဂုံဆိပ်ကမ်းမြို့နယ် ရွှေလီလမ်းနှင့် မြနန္ဒာလမ်းထောင့်တွင် ယခုနှစ် ပွင့်လင်းရာသီမှစတင်ကာ တည်ဆောက်မည်ဖြစ်ပြီး ပန္နက်တင်ခြင်းကို ၂၀၁၇ ခုနှစ် ဩဂုတ်လ နောက်ဆုံးပတ်က ပြုလုပ်ခဲ့ကြောင်း၊ ယင်းအိမ်ရာစီမံကိန်းတွင် တိုက်အလုံးပေါင်း ၁၀ဝ ကျော်ပါဝင်ကာ အခန်းပေါင်း ၄၀ဝ၀ ခန့် ပါဝင်မည်ဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးဦးယုခိုင်က ပြောကြားသည်။
“နိုင်ငံ့ဝန်ထမ်းအိမ်ရာ စီမံကိန်းကို အမြန်ဆုံးဆောက်ဖို့ ညွှန်ကြားထား တယ်။ အခုလက်ရှိ မြေတိုင်းတာတွေ လုပ်နေတယ်။ လက်ရှိ တည်ဆောက်ဖို့ ပုံဒီဇိုင်းတွေ ထုတ်နေတယ်။ ၂၀၁၈ မတ်လမှာ အပြီးဆောက်ဖို့ မှန်းထားတယ်”ဟု ၎င်းက ဆိုသည်။
နိုင်ငံ့ဝန်ထမ်းအိမ်ရာများကို တိုင်းဒေသကြီး အစိုးရအဖွဲ့ အစီအစဉ်ဖြင့် ဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်းနှင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနတို့ ပူးပေါင်းကာ မြေဧက ၁၈၃ ဒသမ ၅၃ ဧကပေါ်တွင် တည်ဆောက်မည်ဖြစ်ကြောင်းနှင့် စီမံကိန်းတွင် ကျောင်း၊ ဆေးခန်းနှင့် ဈေးကိုပါ ထည့်သွင်း ဆောက်လုပ်မည်ဖြစ်သည်။
တိုက်ခန်းတန်ဖိုးများကို ကျပ်သိန်း ၇၀ မှ သိန်း ၁၀ဝ ကျော်အထိ သတ်မှတ်ထားကာ အိမ်ရာစီမံကိန်း ဝယ်ယူမည့် ဝန်ထမ်းများအနေနှင့် တိုက်ခန်းတန်ဖိုး၏ ၃၀ ရာခိုင်နှုန်းကို ပေးသွင်းပြီး ကျန်ရှိသည့် ၇၀ ရာခိုင်နှုန်းကို ၁၅ နှစ် အရစ်ကျ ပေးသွင်းရမည်ဖြစ်သည်။
မြန်မာနိုင်ငံရှိ တိုင်းနှင့်ပြည်နယ် အသီးသီးတွင် နှစ်စဉ် အငြိမ်းစားယူသည့် ဝန်ထမ်း တစ်သောင်းခွဲဝန်းကျင်ရှိပြီး အဆိုပါဝန်ထမ်းများ နေထိုင်နိုင်ရန် နှစ်စဉ် အိမ်ခန်း၊ တိုက်ခန်း တစ်သောင်းခွဲခန့် ပုံမှန် ဆောက်လုပ်မည်ဖြစ် ကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနထံမှ သိရသည်။
Ref & Photo Credit : The Voice & Social
Posted By : Ra Wai (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ